ကျောက်ဆောက်သာနိုးသို့
နိုင်ငံခြားဝေါဟာရအသံဖလှယ်ပုံနှင့်ပတ်သက်၍ ပေါ်တူဂီရောက် မြန်မာကျောင်းသားတယောက်ကိုမေးရာ
ပေါ်တူဂီကို ပေါ်တူဂီလို ပေါ်တူဂီဟုပင်ထွက်ကြောင်း၊
ဥရောပကိုလည်း အလားတူပင်ထွက်ကြောင်းပြောပါသည်။ ဘန်ကောက်က ထိုင်းမိတ်ဆွေတယောက်ကလည်း သူ့အိမ်က တူရကီသံရုံးနားဟုဆိုသည်။
အမေရိကန်သံ တာရ်ကီဟုမထွက်။ တူရကီ၊ ဣရံစသည့်တိုင်းနိုင်ငံတို့မှာ အရှေ့တိုင်းနှင့် ရှေးအစူအစဉ်ထဲက အရှက်အတင်ရှိရာ ကာလပေါက်နှောင်းလူတို့က ဘိုးဘေးတို့အသံလှယ်ပုံကို ခေတ်မမီဘိုမဆန်ထင်၍ ပြောင်းချင်နေသည်က တယ်တော့အရာမကျ။ ကမ္ဘာ့မြေပုံများ၊ တံဆိပ်ခေါင်းအထောက်အထားများဖြင့်
ရွှေကိုင်းသား ညှိနှိုင်းဖွင့်ဆိုသည့် သံတော်ကြီးဦးခြိမ့်၏ ပူတကေ စပိန် အီတာလျံသွားမှတ်တမ်းပါ ဒေသန္တရနှင့်နိုင်ငံခြားဝေါဟာရများအဖွင့်ကို ရှု၍
ရှေးလူကြီးတို့ နားပါးပုံ၊ မူလသံကိုလိုက်ပုံမှာ သြချသင့်သည်။ တချို့နေရာတွင် မြန်မာလိုတော်ပြေအောင်ပြုပြင်သော်လည်း စကားလုံးကြည့်ပီး
ရမ်းထွက်တာမျိုးကားမဟုတ်။ ဥပမာဆောင်သော်
-ဘင်္ဂလားမြို့ (ကလကတ်) ကလိကတရွာနှင့်အခြား ၂ ရွာကို အင်္ဂလိပ်တို့ဝယ်ရာမှ စည်ပင်လာသည်။
- ကပ္ပလီ အာရဗီစကား ကဖီရ်မှလာသည် (မြန်မာအဘိဓာန်နှင့်အဖွင့်တူ)(မွန်- ကာပ္ပရိ)
- ဂျာရမန်
- ‘စပိန်ဝေါဟာ၊ စပန်းညာကဲ့ပြင်၊ စပါညိုဟုမြွက်၍၊ နာမက္ခရသုံးမည်ခံ’
-စံပျက်တရို (Church of St. Peter) Saint ကို ကင်းဝန်မင်းကြီးမှတ်တမ်းက စင်းဟုဖတ်၍ အီတာလျံမှတ်တမ်းက စံဟုဖတ်သည်။ (ဥရောပသံများ)
-စွစ်မြောင်း Suez Canal (Arabic: السويس As Suwais)(ရွှေကိုင်းသား အီဂျစ်သံနှင့်ပြန်မညှိ)
-ဒင်မတ် (Danmark)
-’နပေါလိမြို့သည်၊ ပင်လယ်ကာသန်း၊ ကျောက်တောင်ဆွယ်တွင်ပင်၊ အဆန်းတကြယ်တည်၏’ Napoli ငပလီမှာ ဤကဆင်းလာသည်ဟု ယူကြသည်။
-နော်ယဝေး Norge
-’ပါရစ်မြို့ကြီးတည်ဟန်မှာ၊ မြင်လျှင်မြင်ခြင်း၊ လူခပင်းတို့သည်၊ အူတွင်းကရွှင်၍လာအောင်သာယာတင့်တယ်နိုင်ပေစွ။’
-’နာမယညေ၊ ပူတကေဟု၊ ဆူဝေကျော်ထင်ရှား၏’
-Port Said (Arabic: بورسعيد Būr Sa’īd) ပေါတဆေး
-ဗုံပါ Pump-ပမ္ပာ-ဗမ္ပာမှလာသော ကုလားစကား၊ ဘွန်ဘာဟု ဘကြီးတော်လက်ထက်ရေး သောဠသ ၁၆ပြည်ထောင်အကြောင်းစာတမ်းတွင်ဆိုသည်။ ယခု ဗုံဗိုင်။
-၁၁၁၅ရေး လောကဗျူဟာအင်ရုံစာတမ်း (၁၂၄၁ မိတ္တူမူ)တွင် ပင်းကလား၊ ဘင်းကလား၊ ဘင်းဂလားဟုသုံးသည် ဝင်္ဂတိုင်းမှလာ။
-ဘက်လဂျီဟ Belgae ရောမသံကယူဟု ရွှေကိုင်းသားယူဆသည်။
-’သာယာနိုင်သမျှနှင့် ရှေးကကျော်ဟိုးဟိုး၊ သူတမည်ခ၊ မင်းတပါးစံလေသည်၊ နိုင်ငံမောင်နတ်ကိုးဟု၊ .. စစ်စစ်ပေါက်ပေါက်၊ အဝန်းကိုတာနှင့်ထောက်ရလျှင် နှစ်တိုင်ခန့်လောက်ကျယ်လိမ့်မည်တည့်’
-မစ်ဒီတာရေနီယံ
-’များလူဗိုလ်တို့၊ အဟိုရှေးစည်၊ ကျမ်းဂန်ဟောပြ၊ တိုင်းရောမဟု၊ ကြားကြဘူးလေပြီတည့်။’ Roma
- ‘ကမ္ဘာပေါ်တွင်၊ အကျော်အကြီးဆုံးဟု၊ ပြောထုံးမှတ်ထုံးပြုကြသည့်၊ စည်ပင်ပြန့်ပွား၊ ကြီးအင်အားနှင့်ပင်၊ ရွတ်ရှားမည်သည့်ပြည်နှင့်’ Rossiya နှောင်းကာလ ရုရှအသုံးက ရပ်ရှားထက် ပိုနီးစပ်မည်ထင်သည်။
- လစ်စဗံ Lisboa
-’ ပြည်အော်လံဒံ၊ တိုင်းဟောလံဟု၊ နာမည် နှစ်မည်ရရှင့်’
-အောက်စရိယ Austria
‘..စာအသံမတော့၊ အင်္ဂလန်တကြော၊ ဥရောပတိုက်ပါ၊ တိုက်များစွာများနှင့် ကမ္ဘာလုံးအကျွတ်၊ စာသံကိုညွတ်ပြီးလျှင်၊ သိုးချွတ်လက်မြှောက်၊ သေသောက်ဟစ်ကြွေး၊ ဟူးရေး၊ ဟူးရေးကောင်းခြီးပေးလျက်၊ …’ (သက္ကရာဇ် ၁၂၃၄ နတ်တော်လဆန်း ၅ ရက် (၁၈၇၂-၁၈၇၃) ပါရစ်မြို့ ဒလူးတက်ဟိုတက်တိုက်တွင်ရေးသည့်မေတ္တာစာမှ)
Filed under: history, media, travel | 4 Comments

yo bro,i read and understand the article,but what u mean ‘ကျောက်ဆောက်သာနိုး’ ? Care to share, is it something to do with saya maung သာနိုး ?
ဆရာနိုးရဲ့ မိသားစုမျိုးရိုးက ကျောက်ဆောက်မြို့စားအနွယ်မို့ သူ့မဟာဝိဇ္ဇာဘွဲ့ယူတုန်းက ဒီနာမည်နဲ့ယူခဲ့တာပါ။ အသံဖလှယ်တာနဲ့ပတ်သက်ပီး ရောမန္တိကတို့လို ပါဠိပုံစံရှေးပုံစံမျိုးတွေ သူကလိုလားတယ်။ ဒါကြောင့်း)
Glad to read this one.
ဟဲ ဟဲ ဆရာနိုး ကတော့ ဦးရွှေအောင်ကိုပင် တက်ကိုင်သေးတာပဲ ။