Archive for the ‘Burmese women’ Category

Meinma-sha

18May12

In 1958, a prison story of U Hla was planned to film in Rangoon by Thu-kha. Ah-mya, the leading character in this gay-and-son-lover story, would be shot with a prime movie star from pre-war Burma, May Shin, in her 40s. But the plan was aborted and only stills from the project were left to record [...]



ဘလောက်မကိုင်တာကြာပီ အဖွားနှစ်လည်လေး ရေးမှ စိတ်ကူးတုန်း အန်တီ ဝင်ဒီလောရုံကို သွားသတိရသည်။ မြောက်အီလီနွိုင်းက ဆရာစော ပြောဘူးသလို ဗမာပြည် ဘာသတိရဆုံးလဲဆို အပေါင်းအသင်းပါပဲ။ ကိုယ်နဲ့လေပေါက်တူတာ ချင်းမှ ပိုအလွန်းသင့်တာကလား။ သို့ကြောင့် ဗမာပြည် သတင်းစာလောက ရှေးဖြစ်ဟောင်း ပြောလို့ရသည့် နေးရှင်းနှင့် ဘိလပ်လာအဖွဲ့ကျသလို အင်တာနက်မှလည်း လူ့ပြည်မှာ (မရှိတော့သော)ဇဝန၏ ပေါက်စနှင့် တွေ့နေသည်။ တလောကတင် အန်တီ ဝင်ဒီနှင့်စပ်၍ အိုးဝေ ဦးညိုမြသမီး လွစ်လမ်းတွင် လက်ဘက်ရည်ဆိုင်ဖွင့်ထားကြောင်း သူတွေ့ခဲ့သည်ကိုပြောသည်။ အဲဒိ လက်ဘက်ရည်ဆိုင် ဆနွင်းမကင်းကောင်းတာ သိတယ်၊ မြနဲ့စတယ်၊ သူ့သမီးမှန်းမသိတာဟု ဖလှယ်မိသည်။ အဲဒါ သူ့အဖေမသာမှာ ဆေးပေါ့လိပ် အဖေနဲ့ တပုံစံထဲခဲတဲ့ အညာက သမီးဆိုဒါ နေမယ်ဟု တက္ကသိုလ်စိန်တင်ရေးတဲ့ သူ့ဆရာအကြောင်းကို ပြန်ဖောက်သည်ချခဲ့သည်။ အန်တီက [...]


၁၉၇၀ခန့်က မြန်မာပုံစံ မင်္ဂလာဆောင်တပွဲက လူကြီးမိဘများနှင့်ရိုက်သည့်ဓာတ်ပုံတပုံကို မှတ်မိနေသည်။ မေမြို့ သမ္မတအိမ်ဟောင်း လင်ကလူဒင်ရှေ့တွင် ကျနော့အဖိုးအဖွားများ အခြားဘိုးဘွားစုံတွဲတတွဲနှင့် သတို့သားသတို့သမီးများဖြစ်ပါသည်။ အမဝမ်းကွဲနှင့် တော်လှန်ရေးကောင်စီဝင်တယောက်သားမင်္ဂလာဆောင်တွင် ကောင်စီဝင်၏ယောက္ခမ လူဝင်လူထွက်မင်းကြီးဟောင်းဦးထွန်းညိုနှင့် ဇနီးဒေါ်မမခင် (မဟာသိပ္ပံ၊ချီကာဂို)က လူထုဦးလှ-ဒေါ်အမာတို့နှင့်အတူ နှစ်ဖက်ဘိုးဘွားလုပ်ပေးရသည်။ ထိုမှ ဒေါ်မမခင်နှင့်ပတ်သက်သည်များဖတ်မိသောအခါ ထိုအမျိုးသမီးကြီး၏နိုင်ငံရေးဘဝကိုပါ သိလာရသည်။ သူကား စစ်ကြီးမတိုင်ခင်က မြန်မာအမျိုးသမီးထဲမှ ရှားရှားပါးပါးဖြစ်သော မင်းတိုင်ပင်အမတ် ၄ ဦးထဲက တဦးဖြစ်သည်။ မိန်းမအမတ်တွေကို အမတ်မင်းမဟု အာလုပ်ပြုရမလားဟု သိပ္ပံမောင်ဝ သနပ်ခါးတွင် သောလုံးထုတ်ခဲ့သည်။ ဒေါ်မမခင် အမတ်ဖြစ်ပုံမှာကား နန်းရင်းဝန်ဟောင်း ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီအတွက် ကြားရွေးကောက်ပွဲတွင် ရမည်းသင်းဘက်မှ အရွေးခံခဲ့ခြင်းပင်။


မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီး တော်တော်များများ နဲ့ ပြည်နယ် မြို့တော် အများအပြားမှာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေကို တည်ဆောက်ထားသလို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင် တက္ကသိုလ်တွေ တည်ဆောက်ထားတာက မရေမတွက်နိုင်အောင်လောက်ကို များပြားလှပါတယ်။ အဲဒီလို တက္ကသိုလ်တွေကို ဒေသအများအပြားမှာ တည်ဆောက်တယ်ဆိုတာက ပတ်ဝန်းကျင်မြို့ရွာမှာ နေတဲ့ကျောင်းသူကျောင်းသားတွေ လွယ်လင့်တကူ ပညာသင်နိုင်ရေးနဲ့ အဲဒီဒေသတွေ ဖွံ့ဖြိုးရေးအတွက် ဖြစ်တဲ့အကြောင်း အာဏာပိုင်တွေက ပြောကြပါတယ်။ တကယ်ဘဲ အဲဒီတက္ကသိုလ်တွေရဲ့ ပတ်ဝန်းကျင်မြို့ရွာတွေ ကနေ ကျောင်းလာတက်တဲ့ ကျောင်းသူကျောင်းသားတွေ အဆင်ပြေပြေနဲ့ ပညာသင်ကြားနိုင်ကြပီလားလို့ မေးလာရင်…။ အဲဒီတက္ကသိုလ်ရဲ့ ဘေးပတ်ဝန်းကျင် အရပ်ဒေသက လာတက်တဲ့ ကျောင်းသူကျောင်းသားတွေ နေနိုင်တဲ့ လူနေဆောင်တွေ မဆောက်ပေးတော့ ကျောင်းသူကျောင်းသားတွေရဲ့ နေရေးထိုင်ရေးမှာ အတော့်ကို ကသိကအောင့် [...]


ဒေါ်စုလွတ်ထဲက ရေးဘို့မှန်းထားတဲ့ အမျိုးသမီးရေးဆောင်းပါးပါ။ လောလောဆယ် ပြည်တွင်းမှာ မဂျူးနဲ့ ဒေါ်မြနှောင်း(ညို)၊ ဆွေဇင်ထိုက်စတဲ့ အနည်းစုကပဲ အမျိုးသမီးရေး ပြောဘော်ရေးဘော်ရတာရယ်၊ ပြည်တွင်းပြည်ပ အမျိုးသမီးခေါင်းဆောင်ဆိုရမယ့် မိန်းမကြီး မိန်းမကလေးတချို့လုပ်ပေါက်က စားပေါက်ပိုဆန်နေတာကို အားမရတာရယ်၊ မိန်းမသတင်းထောက် ဘလောက်ဂါဆိုတာတွေအများစုရဲ့ အရေးအသားအတွေးအခေါ်က အတော်ကို “အရပ်ဆန်”နေတာရယ် အထွေထွေပေါ့လေ။ ဒေါ်စုတယောက်ထဲ ထီးထီးကြီးဖြစ်ပီး ကျန်တဲ့သူများက “ကျမတို့ယိမ်းက ခြောက်ပြားတန်.. သောက်စားတန်တာ တိုင်းသိပါရဲ့” ဖြစ်နေတာက ဒုက္ခ။ ၈၈ ပီးစက အမျိုးသမီးတွေရဲ့ ဆိုရှယ်လစ်လွန် ဒီမိုကရေစီမျှော်တဲ့ စပွန်ဆာမဲ့ နိုးကြားမှုကိုပဲ အောက်မေ့ပါတယ်။ နားနဲ့မနာ ဖဝါးနဲ့နား) (၁) “ပညာပါရမီ ပြည့်ဝစုံလင်သည် ကမ္ဘာတွင်စေမည် မိန်းမအာဇာနည် တိုင်းပြည်တွင်းမှာ လင်းပေသည်..” (မေသန်း-ပျို့လက်ရုံးသီချင်း၊ ၁၉၄၀၊ ဇန်နဝါရီ၊ ကိုလံဘီယာဓာတ်ပြား) နိုင်ငံတကာအမျိုးသမီးများနေ့ရာပြည့်ချိန်တွင် [...]


သင်္ကြန်နားနီးတော့ ဒီချိန်ဆို နဂါးတိုက်ကြီးပေါ် ဆိုင်းတခြိမ့်ခြိမ့်နဲ့ အကတိုက်ရောပေါ့၊ သီချင်းသစ်တွေတက်ကြရောပေါ့လို့ပဲ စိတ်ထဲအောက်မေ့နေပါတယ်။ သင်္ကြန်ဆိုတာ ပျော်စရာမဟုတ်တာတော့ ကြာခဲ့ပါပီ။ သူများနိုင်ငံက ကာနီဗယ်ပွဲတွေနဲ့မခြား ရိုင်းစိုင်းတဲ့ စတိတ်ရှိုးရေပက်ပွဲဖြစ်ခဲ့ပီပဲ။ သီချင်းအဟောင်းတွေပဲ ပြန်ဖွင့်ကြတာပေါ့။ 1980 Myo-ma Thagyan ဒီတပုဒ်မှာတော့ ပျောက်နေပီဖြစ်တဲ့ မြန်မာအမျိုးသမီးတွေရဲ့ လွတ်လပ်ယဉ်ကျေးတဲ့ပျော်မှုအလေ့ကိုလဲ ပြန်ပြောချင်တာပါရဲ့။ ဒေါ်ဦးဆိုတာ ကျော်ဟိန်းစတိတ်ရှိုး တိုက်အောက်ထပ် တံခါးပိတ်ဆိုခိုင်းခဲ့တဲ့သူပဲ။ (၁) ကျနော့စိတ်ထဲတွင် စွဲကျန်နေသော မေမေဦး၏ ပုံရိပ်သွင်မှာ ဆရာဦးငွေကိုင်ဆွဲသည့် ဆီဆေးကားလေးထဲမှ စပို့ရှပ် စိမ်းပြာရောင်ဝတ် ဆံလှိုင်းတွန့် အမောက်ဖွာထားသော ၁၉၅၀ကျော်ဖက်ရှင်နှင့် ပြုံးလဲ့လဲ့အမျိုးသမီး တယောက်သာ ဖြစ်သည် ။ ထိုရုပ်ပုံရှင် ဖွားကြီးတော်ဟု မြေးတသိုက်က ခေါ်စမှတ် ပြုသည့် အမေဦးရာပြည့်ချိန် ရောက်လာပီဆိုတော့ အဘေးဖိုးထင် နှစ်တရာပြည့်ပြက္ခဒိန်အဟောင်းလေး နောက်ကျောတွင် မှတ်ထားခဲ့သော [...]


Refiguring Women, Colonialism, and Modernity in Burma by Chie Ikeya January 2011, University of Hawai`i Press. ရှမ်း-ဂျပန်အမျိုးသမီး မချိအဲစာအုပ်က စစ်ကြီးမဖြစ်ခင် မြန်မာအမျိုးသမီးလေ့လာမှုမှာ ဒေါ်မီမီခိုင်ရဲ့ The World of Burmese Women (1984) နောက်မှာ ပထမဆုံး ပြည့်ပြည့်စုံစုံ ပေါ်ထွက်လာတာပါ။ မြန်မာခေတ်ပြိုင်စာအုပ်စာတမ်းများကိုလဲ လှိုင်လှိုင်ကြီး ကိုးကားလို့ပါ။ ဗမာလို တက္ကသိုလ်ကြည်မာ၊ စောမုံညင်းတို့ အရေးအသားများလောက်ပဲ ဖတ်စရာရှိရာကနေ အခုကိုးကားညွှန်ပြစရာ တအုပ်ထွက်လာပါပီ။



Follow

Get every new post delivered to your Inbox.

Join 26 other followers