Archive for the ‘family’ Category
ပျဉ်ဦးလွန်သို့ လွန်းလျက်သာ
ဘလောက်မကိုင်တာကြာပီ အဖွားနှစ်လည်လေး ရေးမှ စိတ်ကူးတုန်း အန်တီ ဝင်ဒီလောရုံကို သွားသတိရသည်။ မြောက်အီလီနွိုင်းက ဆရာစော ပြောဘူးသလို ဗမာပြည် ဘာသတိရဆုံးလဲဆို အပေါင်းအသင်းပါပဲ။ ကိုယ်နဲ့လေပေါက်တူတာ ချင်းမှ ပိုအလွန်းသင့်တာကလား။ သို့ကြောင့် ဗမာပြည် သတင်းစာလောက ရှေးဖြစ်ဟောင်း ပြောလို့ရသည့် နေးရှင်းနှင့် ဘိလပ်လာအဖွဲ့ကျသလို အင်တာနက်မှလည်း လူ့ပြည်မှာ (မရှိတော့သော)ဇဝန၏ ပေါက်စနှင့် တွေ့နေသည်။ တလောကတင် အန်တီ ဝင်ဒီနှင့်စပ်၍ အိုးဝေ ဦးညိုမြသမီး လွစ်လမ်းတွင် လက်ဘက်ရည်ဆိုင်ဖွင့်ထားကြောင်း သူတွေ့ခဲ့သည်ကိုပြောသည်။ အဲဒိ လက်ဘက်ရည်ဆိုင် ဆနွင်းမကင်းကောင်းတာ သိတယ်၊ မြနဲ့စတယ်၊ သူ့သမီးမှန်းမသိတာဟု ဖလှယ်မိသည်။ အဲဒါ သူ့အဖေမသာမှာ ဆေးပေါ့လိပ် အဖေနဲ့ တပုံစံထဲခဲတဲ့ အညာက သမီးဆိုဒါ နေမယ်ဟု တက္ကသိုလ်စိန်တင်ရေးတဲ့ သူ့ဆရာအကြောင်းကို ပြန်ဖောက်သည်ချခဲ့သည်။ အန်တီက [...]
Filed under: anniversaries, Burmese women, family | 1 Comment
Ludu The People House (1952)
A leftist publication in Mandalay, Upper Burma, was born in early 1930s Rangoon by a young clerk working in the Rangoon municipal Corporation. He later moved to Mandalay in early 1940s and hosted political campaigns of General Aung San’s AFPFL in immediate post-WWII at an old building (that he hired) on the way to Arakan [...]
Filed under: anniversaries, arts and culture, family, history, media, politics | 2 Comments
မမခင်၏အမတ်ခရီး
၁၉၇၀ခန့်က မြန်မာပုံစံ မင်္ဂလာဆောင်တပွဲက လူကြီးမိဘများနှင့်ရိုက်သည့်ဓာတ်ပုံတပုံကို မှတ်မိနေသည်။ မေမြို့ သမ္မတအိမ်ဟောင်း လင်ကလူဒင်ရှေ့တွင် ကျနော့အဖိုးအဖွားများ အခြားဘိုးဘွားစုံတွဲတတွဲနှင့် သတို့သားသတို့သမီးများဖြစ်ပါသည်။ အမဝမ်းကွဲနှင့် တော်လှန်ရေးကောင်စီဝင်တယောက်သားမင်္ဂလာဆောင်တွင် ကောင်စီဝင်၏ယောက္ခမ လူဝင်လူထွက်မင်းကြီးဟောင်းဦးထွန်းညိုနှင့် ဇနီးဒေါ်မမခင် (မဟာသိပ္ပံ၊ချီကာဂို)က လူထုဦးလှ-ဒေါ်အမာတို့နှင့်အတူ နှစ်ဖက်ဘိုးဘွားလုပ်ပေးရသည်။ ထိုမှ ဒေါ်မမခင်နှင့်ပတ်သက်သည်များဖတ်မိသောအခါ ထိုအမျိုးသမီးကြီး၏နိုင်ငံရေးဘဝကိုပါ သိလာရသည်။ သူကား စစ်ကြီးမတိုင်ခင်က မြန်မာအမျိုးသမီးထဲမှ ရှားရှားပါးပါးဖြစ်သော မင်းတိုင်ပင်အမတ် ၄ ဦးထဲက တဦးဖြစ်သည်။ မိန်းမအမတ်တွေကို အမတ်မင်းမဟု အာလုပ်ပြုရမလားဟု သိပ္ပံမောင်ဝ သနပ်ခါးတွင် သောလုံးထုတ်ခဲ့သည်။ ဒေါ်မမခင် အမတ်ဖြစ်ပုံမှာကား နန်းရင်းဝန်ဟောင်း ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီအတွက် ကြားရွေးကောက်ပွဲတွင် ရမည်းသင်းဘက်မှ အရွေးခံခဲ့ခြင်းပင်။
Filed under: Burmese women, family, history, politics | 1 Comment
လွမ်းမပြေ မန်းမြေသို့
ဒေါ်အမာရေ မာရဲ့နော်။ ဘာလိုလိုနဲ့ ခဗျားလဲ တနှစ်ကြီးသွားပြန်ပေါ့။ အသက်သာကြီးလာတာ ခဗျားက အိုမသွားဘူး၊ ဘယ်အိုမလဲဗျ သေပီကိုး ဟဲဟဲ။
Filed under: anniversaries, family, literature, politics | 6 Comments
Burma mapped? 34
လွတ်လပ်တဲ့အာရှအသံ အရင်ပတ်က တင်ဆက်ခဲ့တဲ့ ပဒေသရာဇ်နွယ်ဝင်တွေရေးတဲ့ မှတ်တမ်းတွေအကြောင်း ဆက်ရရင် ရှမ်းပဒေသရာဇ်တွေအကြောင်း ဗြိတိသျှစာရေးဆရာတဦးရေးခဲ့တဲ့ နာမည်ကျော်စာအုပ်တအုပ်ကို သတိရမိပါတယ်။ သူကတော့ ယိုးဒယားဝှိုက်၊ စန္ဒမာလာ၊ မိဘုရားစော၊ ရခိုင်ဘုရားကြီးစတဲ့ ဝတ္ထုမှတ်တမ်းတွေ ရေးသွားတဲ့ မောရစ်ကောလစ်ပါ။ ရွှေဥဒေါင်း၊ လူထုဒေါ်အမာ၊ အမျိုးသားဦးလှဒင်စသူတွေ ဘာသာပြန်မှီငြမ်းရေးသားခဲ့လို့ သူ့လက်ရာတွေကို မြန်မာစာဖတ်ပရိသတ်က ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထဲက သိကြပါတယ်။ စန္ဒမာလာဝတ္ထုမှာ မြိတ်ရောက် ကနောင်မင်းသားအဆက်အနွယ်တွေအကြောင်း အရိပ်အငွေ့ယူရေးထားပီး မိဘုရားစောမှာတော့ ဘုရင့်အတိုင်ပင်ခံ တရုတ်အမတ်ကြီးနဲ့ မိဘုရားကြိုက်နေသယောင် ထိုးဇာတ်တွေပါနေပါတယ်။ သူကိုယ်တိုင် ရှမ်းပြည်တက်လေ့လာပီးရေးတဲ့ နေဝင်ဘုရင်များစာအုပ်ကတော့ မြန်မာပြည် ခရီးသွားမှတ်တမ်းနဲ့ ဒေသလေ့လာရေးစာအုပ်ကောင်းတအုပ်အဖြစ် ထင်ရှားကျန်ရစ်ပါတယ်။ မြန်မာလို ကွယ်လွန်သူ ဆရာကျော်အောင် ဘာသာပြန်ခဲ့ပီး ဘာသာပြန်အမျိုးသားစာပေဆု ရခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးဖြစ်ခါနီး တရုတ်-ဗမာလမ်းမကြီးဖောက်နေချိန် ဗြိတိသျှအင်ပါယာရဲ့ ချောင်ထဲမှာ အိပ်မောကျနေတဲ့ ရှမ်းပြည်ဟာ စစ်ရိပ်စစ်ငွေ့တွေကြောင့် [...]
Filed under: family, history, literature, nationalism, politics, radio talk | 1 Comment
တခါက ရန်ကုန်ရုံးတရုံးတွင် အသိအမကြီးတယောက်က သတင်းစာကိုင်ကာ ဝင်လာပီး ဘိုဘိုတို့အမျိုးတွေအကြောင်း ပါလာတယ်ဟေ့ဟု အော်ပြောပါသည်။ ကြည့်လိုက်တော့ သတင်းစာခွဖောင်အလယ်ဆောင်းပါးကြီးတွင် ကွန်မြူနစ်တွေ ဖြုတ်ထုတ်သတ်ဇာတ်ကိုပြန်ခင်းလျက် ကျနော့ဦးကြီး ကိုစိုးဝင်းပုံကြီးနှင့် ဦးလေးဖိုးသံချောင်းကို တုံ့ပြန်ထားခြင်းဖြစ်သည်။ တန်တော့ သူ ရေဒီယိုတခုကနေ စစ်အစိုးရကို တခုခုဝေဘန်လိုက်ဟန်တူသည်။ ဒီကမိသားစုများထဲတွင် အဖွားနှင့် ဦးလေးအငယ်လောက်သာ ရေဒီယိုနားထောင်တော့ ဘာပြောလိုက်မှန်း သတင်းစာဆောင်းပါးတွင် တအိမ်လုံးကို စော်ကားထားမှပဲသိတော့သည်။ ဖြစ်ရလေ။ ဟိုအမကြီးကတော့ ဆောင်းပါးကို အရေးတယူလုပ်ပြောမနေဘဲ ဘိုဘိုတို့အမျိုးတွေက တူတာဟယ်ဟုသာ ဦးကြီးနှင့် ကျနော် မျက်နှာကျ နှာခေါင်း နှုတ်ခမ်းဆင်ပုံကို ပြောနေသည်။
Filed under: anniversaries, family, history, media, politics | 1 Comment
ရှေ့တန်း ဝဲမှယာ- ဒေါ်စန်းမြ (မာမီလုံး)၊ မာမီလေး၊ မာမီကြီး နောက်တန်း ဝဲမှယာ- ဦးတင့်ဆွေလတ်၊ ဒေါ်နုနုမော်၊ ဦးနေဝင်း ၊ ဦးကိုကိုလှ၊ ဦးမောင်မောင်ဝင့်၊ ဦးခင်မောင်ဝင်း၊ ဦးသံစစ် (ဆေးပညာပရိုဖက်ဆာများ) “History of Burma’s Medical Education”, a branch of my interest in the history of Burma’s education.. * * * မမမြင့်အမျိုး ချက်ပြန် ကလေးဆရာဦးတင်စိုး ကြီးကြီးရေနံမြေစုတို့အမျိုးတယောက်ဆီကတဆင့်၊ ဖုန်းနဲ့မတွေ့နိုင်လို့စာနဲ့ ချစ်သောမာမီ အင်္ဂလိပ်လိုရေးရင် မာမီပြင်နေရမှာစိုးလို့ ဗမာလိုပဲ ရေးလိုက်တယ်း) နေကောင်းလား။ သိပ် အပင်ပန်းမခံပါနဲ့။ ပူလာပီ။ ဆေးရုံက စောစောပြန်ပါ။ မာမီငယ်ဘဝ ဆရာဝန်ဘဝကို [...]
Filed under: family, letter | 1 Comment
ကိုအားမာန်က ဝေငှသည်။ အမှာ ရွှေဥဒေါင်းက ၄၉ ခု မန္တလေးနှင့်ပတ်သက်၍ ရွှေမန်းဖြစ်ထွေဟု မရှေးမနှောင်းပင် ရှုမဝတွင်ရေးရာ မန္တလေးမြို့တွင်း ပြေးလွှား ပုန်းရှောင်ခဲ့ရပုံ၊ မိတ်ဆွေများက လက်မခံရဲပုံပါရှိသည်။ လူထုတိုက် ဗုံးခွဲသည့်ကိစ္စတွင် လက်နက်ကိုင်တစုဟုသာ သုံးနှုန်းသည်ဟု မှတ်မိသည်။ နောက် အခြေအနေတည်ငြိမ်ပီး ၁၉၆၁ တွင်မှ “ဗုံးခွဲပီးနောက် ဝင်းလိုက်ရုံထဲ ပုန်းနေသော ဦးလှကို ခေါ်ခိုင်းပုံ၊ မအမာနှင့်ညီမများက သူတို့မိဘကို ထည့်ဘို့သတိမရပဲ သူ့ကို နန်းတွင်းထဲလိုက်သွားခိုင်းပုံ (အမှန်တော့ ခြေလွန်လက်လွန်ဖြစ်မည်စိုး၍ စာရေးဆရာဝါကြီး လူကြီးသူမအနေနှင့် အားကိုးခြင်းဖြစ်သည်)၊ ခင်ဗျားတို့ရေးတာလွန်တယ်ဟု စစ်ဗိုလ်လေးတယောက်က ကြိမ်းပုံ၊ ဗိုလ်မှူးကြင်နှင့်တွေ့ပုံ”တို့ တသက်တာမှတ်တမ်းတွင် ထည့်ရေးသည်။ ဇေယျကျော်ထင် ဗိုလ်မှူးကြင်မှာ အင်္ဂလိပ် တပ်က ပါလာသူဖြစ်ပီး ဆိုရှယ်လစ်ပါတီဝင် စစ်ဗိုလ်မဟုတ်ပါ။ ကရင်ဝင်စဉ်က လူထုမိသားစုလည်း အခြားမန္တလေးမြို့ခံများနှင့်အတူ [...]
Filed under: family, guest column, history, media, politics, recycled | 3 Comments
(ဓာတ်ပုံ-ဦးသန်းဝင်း) တင်လက်စနဲ့ လက်ထဲရှိတဲ့ အဟောင်းတွေ တကြောဖြတ်တာပါပဲ။ မာမီကြီးက သူ့အကြောင်းဖတ်ရတော့ သဘောကျသတဲ့။ (ကျမှာပေါ့၊ ကောင်းတာတွေပဲကိုး) ပြောစရာတွေလဲရှိသေးတယ်ပြောတယ်။ အဲဒါတွေ သူကိုယ်တိုင်မရေးနိုင်လဲ ဆရာဦးသံစစ်လို သူနဲ့ ဖရီကွင်စီ (အတုန်အခါ၊ ရှင်းရှင်းပြောရင် အကြောင်ပေါ့း) နီးတဲ့သူက မေးပီးရေးဘို့ကောင်းပီ။ သင်္ကြန်ထက် ဒီချိန်ပေါ်တဲ့ မန္တလေးသရက်ကို ပိုလွမ်းလို့ မန္တလေးဆရာဝန်အကြောင်း တင်လိုက်တာပဲ။ မန္တလေးစာပေ (ရွှေဥဒေါင်း)၊ မန္တလေးသတင်းစာ (ဦးလှ-ဒေါ်အမာ၊ ဦးစိန်ဝင်း)၊ မန္တလေးဆရာ(ဒေါက်တာသန်းထွန်း၊ဒေါက်တာဖေသိန်း)၊ မန္တလေးသင်္ကြန် (ဒေါ်ဦး)တွေလဲရေးပီပီ။ မန္တလေးဂီတ (လေဘာတီ၊ မြို့မငြိမ်း၊ မေရှင်၊ ကိုအံ့ကြီး)၊ မန္တလေးရုပ်ရှင် (ဝင်းလိုက်၊ ဘဝသံသရာမှ ဒဏ္ဍာရီ) ၊ မန္တလေးအစား(ထိုင်း၊တရုတ်၊ကသည်း၊အိန္ဒိယနဲ့ နန်းတွင်းပေါင်းစပ်)၊ မန္တလေးပညာတတ်(ဒေါ်အုန်း၊ ဒေါ်တင်လှ၊ ဒေါက်တာခင်မောင်ညွန့်)၊ မန္တလေးပဒေသရာဇ်(ပျဉ်းမနား၊မက္ခရာ၊ မောင်မောင်ကျော်)၊ မန္တလေးဘုန်းကြီး (မစိုးရိမ်၊ [...]
Filed under: anniversaries, arts and culture, education, family, recycled | Leave a Comment
မဇ္ဈိမှာ လူထုဟာ သန္ဓေတားဆေး၊ မြင်းပွဲ၊ လောင်းကစားဝိုင်းပါတဲ့ ဘုရားပွဲ၊ အရက်၊ ဆေးလိပ်စတဲ့ စာရိတ္တထိခိုက်တဲ့ကြော်ငြာမျိုး လက်မခံဘူး၊ နိုင်ငံရေးမပြောနဲ့ ဘောလုံးပွဲမှာတောင် တိုင်းနဲ့ပြည်နယ် ဘက်လိုက်သလိုသက်ရောက်အောင် မရေးရဘူး၊ အခုခေတ် ဂျာနယ်လစ်ဇင်အော်နေတဲ့ ဂျာနယ်တချို့မှာထဲ့တဲ့ မှုခင်းသတင်းဆိုတဲ့ မတရားကျင့်မှု၊ လူသတ်မှု၊ ဓားပြမှုဆိုတာတွေကို သတင်းတန်ဘိုးမရှိဘဲ တခုတ်တရမထဲ့ဘူး အဲဒါတွေ ကျန်သွားတယ်။ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်တဲ့။ လူထုလို့ ဖြစ်လာတာ ဦးလှ ကြီးပွားရေးမဂ္ဂဇင်းထုတ်ရင်း သူရိယမှာ ဦးပုကလေး၊ ဘကြီးဘဘေတို့ဆီ ဝင်ပီး ပညာသင်ခဲ့တဲ့အကျိုးဆက်ကြောင့်ပဲ။ “ကြောက်ချေးပါသည်ဆိုသော စကားလုံးမျိုးတွေ ရှောင်ကြစမ်းပါ။ မန်းဆန်ဆန် ယဉ်ယဉ်လေးနှင့် ဆွေ့ဆွေ့ ခုန်အောင် ရေးနိုင်ပါတယ်” (လူထုဦးလှသို့ ဘီဘီစီ ဦးတက်ထွဋ် ပေးစာများမှ၊ ၁၉၆ဝခန့်) (၁) လူထုသတင်းစာ အနှစ် ၅ဝ ပြည့်အတွက် [...]
Filed under: anniversaries, family, history, media, politics, recycled | Leave a Comment