Archive for the ‘interview’ Category

လောကအလှမှ သမိုင်းကြောင်းဆိုင်ရာ သုတဆောင်းပါးများကို ရေးသားနေသော စာရေးဆရာ ကိုဘိုဘိုလန်းစင် နဲ့ လောကအလှတို့ စကားပြောဖြစ်ခဲ့ပြီး လောကအလှမှ သိလိုသည်များကို မေးမြန်းရာ ကိုဘိုဘိုလန်းစင်က ဖြေကြားပေးသွားပါတယ်။ ဆရာ ဘယ်အချိန်က စလို့ စာတွေရေးခဲ့တာပါလဲ။ ကျွန်တော် ၁၉၉၈ ခုနှစ် မတ်လက စရေးပါတယ်။ ဘာတွေ အဓိကရေးပြီးတော့ ဘယ်မှာတွေ ရေးပါသလဲ။ ကျွန်တော် ရေးဖြစ်တာ ဆောင်းပါးတွေပါ။ နံနက်ခင်းဂျာနယ်မှာရုပ်ရှင်ဝေဖန်ရေးဆောင်းပါးတွေ စရေးဖြစ်ခဲ့တယ်။ နောက်… ရွှေအမြုတေ၊ ရနံ့သစ်၊ ဗြူတီ၊ မဟေသီ၊ ချယ်ရီ၊ စံပယ်ဖြူ စတဲ့မဂ္ဂဇင်းတွေ၊ Knowledge ဂျာနယ်နဲ့ ရွက်နုဝေမဂ္ဂဇင်းတို့မှာလည်း ရေးဖြစ်ပါတယ်။ နောက် ..မြန်မာနေးရှင်းဂျာနယ်မှာလည်း ရေးပါတယ်။ များသောအားဖြင့် ဆောင်းပါးတွေပဲရေးပါတယ်။ ကဗျာ ၁ပုဒ်၊ ၀တ္ထုက အမှီးဝတ္ထု ၄ပုဒ်ပဲ ရေးဖြစ်ခဲ့ပါတယ်။


မောက္ခမှ Friday, 14 May 2010 ဒီ တပတ် မန္တလေးမှ သတင်းစာ ဆရာကြီး လူထုဦးလှ-ဒေါ်အမာတို့ရဲ့ မြေး၊ လန်ဒန်တက္ကသိုလ် အရှေ့တိုင်း နှင့် အာဖရိက ပညာရပ်များကျောင်း (SOAS)မှ သမိုင်း (မဟာဝိဇ္ဇာ)ဘွဲ့ရယူထားတဲ့ ဘိုဘိုလန်းစင်ကို မေးခွန်း အချို့ မေးကြည့်မိပါတယ်။ ကိုဘိုဘို… ခင်ဗျား မန္တလေး တက္ကသိုလ်က ဆေးကျောင်းပြီးခဲ့ ပေမဲ့၊ ဆရာဝန်မလုပ်ဘဲ ဘာကြောင့် စာရေးဆရာနဲ့ သမိုင်း ပညာရှင် ဘ၀ကို ရွေးချယ်ရ တာလဲ။



Follow

Get every new post delivered to your Inbox.

Join 26 other followers