Archive for the ‘obituary’ Category
ဆရာပါရေးတဲ့အထဲမှာ ဦးသိန်းဖေမြင့်ဟာ အရေးခံပုဂ္ဂိုလ်ကို အားလုံးကောင်းပါသည်ခင်ဗျားလို့ ဘယ်တော့မှ မရေးခဲ့ဘူးတဲ့။ နောက် လူထုဒေါ်အမာနဲ့ပတ်သက်ပီး ဒေါက်တာသန်းထွန်းမှတ်ချက်ချရာမှာ သူမကြိုက်ရင်သူမရေး ရေးသင့်တယ်ထင်မှရေးတယ်ဆိုတာပါတယ်။ ဒေါ်အမာ ဘာကြောင့် ဗိုလ်အောင်ဆန်းအကြောင်း ရေးမသွားလဲတော့ ခုထိမတွေ့မိဘူး။ အသတ်ခံရခါစက ဆရာကြီးရာဇတ်အကြောင်းရေးတာပဲတွေ့မိတယ်။ သူငယ်ချင်းချင်းမို့ အထင်မကြီးတာလား၊ နိုင်ငံရေးမကြိုက်လို့ပဲလားမသိပါ။ ဒေါက်တာသန်းထွန်းကလဲ သခင်ကိုယ်တော်မှိုင်းနဲ့ပတ်သက်ပီး အထူးတလည်ရေးသားတာပဲတွေ့မိတယ်။ သေချာတာက ဗိုလ်အောင်ဆန်း နောက်ဆုံးပေါင်းသင်းသွားတဲ့ နိုင်ငံရေးအုပ်စုလက်ချက်နဲ့ တိုင်းပြည်ပျက်တာ ခုချိန်ထိ လက်တွေ့ခံစားနေရတာပဲ။ ဒီအုပ်စုက သူတို့ကိုယ်ကျိုးအတွက် ပေါ့ပေါ့လျော့လျော့နေလို့ သေတဲ့ ဗိုလ်အောင်ဆန်းတို့တသိုက်ကို အာဇာနည်ဖြစ်အောင် မြှောက်ပီး ညာစားနေကြတာပဲ။ နောက်မှ သမီးက သူတို့ကို ကဏ္ဋကောစလုပ်ခါမှပဲ။ အခုလဲ သမီးထမီစခိုနေတဲ့ အတိုက်အခံနဲ့ မီဒီယာဆိုတာတွေက ဒလိုင်လားမားလက်သစ်မွေးနေတာ အနှစ် ၂၀ ကျော်ပါပီ။ ချော်ပီးရင်းချော်နေကြတုန်း။ ပြောချင်တာက သိပ်အထင်ကြီးစရာမရှိတဲ့လူတွေအကြောင်းရေးရတာ တယ်မလွယ်တာပဲ။ [...]
Filed under: arts and culture, education, literature, obituary, recycled | 2 Comments
ဖော်မမဲ့သော ပဏ္ဍိတ်ဟင်္သာ
(ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် နှလုံးရောဂါနှင့်လဲကျနေသော ဟံသာဝတီဦးဘခင်ကို မကွယ်လွန်မီ ကူညီစောင့်ရှောက်ခဲ့သော ကွယ်လွန်သူ ပါရဂူသို့) (၁) မဟာဘွဲ့ယူကျမ်းအတွက် မြဝတီမဂ္ဂဇင်းတွေ လှန်စဉ်က ဆရာပါ၏ အဘိဓမ္မာနှစ်ရပ်ဆောင်းပါးကို ကိုးကားခဲ့ရသေးသည်။ သီဟိုဠ်မှ ကြွလာသော ဘိက္ခုအာနန္ဒာကောသလ္လာယနကို ဦးစောဦး၊ ချစ်လှိုင်၊ ဗိုလ်သိန်းတန်စသည့် တောပြန် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးအရာရှိကြီးများက ဖူးမျှော်ပီး ဗုဒ္ဓအဘိဓမ္မာနှင့် မာ့က်စ်ဝါဒအကြောင်း မေးလျှောက်ကြသည်ဆိုသည်။ စိတ်ဓာတ်စစ်ဆင်ရေးကို အဓိကဦးစီးရသည့် ဗိုလ်မှူးကြီးဘသန်း(ဓမ္မိက)ကလည်း တောင်တွင်းမှ ဆရာတော်ဦးဥက္ကဋ္ဌထံ လက်ရွေးစင်တပ်သားအချို့ကို လွှတ်ပီး ဗုဒ္ဓဝါဒနှင့် မာ့က်စ်ဝါဒနှိုင်းယှဉ်လေ့လာစေသည်ဟု ဆရာပါက ဆိုသည်။ ဆရာပါကိုယ်တိုင်ကလည်း ဗော်လဂါမှ အနောတတ်ရေကို ဂင်္ဂါသို့သယ်ယူပုံကို ဆရာရင်းအရှင်ဉာဏိဿရ (ဦးဆန်းထွန်း)နှင့်အတူ ပြန်ဆိုခဲ့သော ဘကလထ (လူပြန်တော်)လက်ဝဲပညာရှိတပါးမို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖခင်တပါးဟု ဆရာ့ကို နောက်လျှင် ဆရာပါ ထုံးစံအတိုင်း မျက်စိမှိတ်အောင် ရီပေလိမ့်မည်။
Filed under: literature, obituary, politics | Leave a Comment
လက်ရေတပြင်တည်း
ဒေါ်အောင်ဆန်းစုကြည် အပြင်ထွက်လျှင် ဦးနီ၊ ဦးဝင်းထိန်၏ လူငယ်ကိုယ်ရံတော်များ၊ အမျိုးသမီးအဖွဲ့များနှင့်အတူ နီးနီးကပ်ကပ်လိုက်ပါလေ့ရှိသည့် မြန်မာပီပီသသ အမျိုးသားအမျိုးသမီးကြီးစုံတွဲကို သတိထားမိကြပါမည်။ ထိုဓာတ်ပုံများမြင်တိုင်း ပင်းယဟောတွင် ကိုအောင်ဆန်း၊ ကိုညိုမြတို့နှင့် ထမင်းအတူစားနေကျ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်ကို ပြေးသတိရသည်။ လူမှုရေးရာဇဝင်မှ နိုင်ငံရေးတွင် သက်ရောက်ပုံကို ဤသို့စာတပုဒ်ရေးဖြစ်ခဲ့သည်။ အဖွားတို့လူကြီးများ စကားဝိုင်းတွင် လွင်ဂလေးဆိုသည့် စကား ပါလာတတ်သည်။ မဆလကက်ဘိနက်တွင် လွင်က ၃ လွင်ရှိသကိုး။ သခင်သန်းထွန်း ကိုယ်ရံတော်ဟောင်း အမ်အိုင်အကြီးအကဲ နှုတ်ခမ်းမွေးလွင် (ဒုဝန်ကြီးချုပ်)၊ ဗိုလ်မှူးဗထူးတပ်က ဆေးမှူး ဒေါက်တာလွင် (နိုင်ငံခြားရေး၊ ကျန်းမာရေး) နှင့် လွင်ကလေး (ဒုဝန်ကြီးချုပ်)။ (မှတ်ချက် ဒေါက်တာလွင်သားတယောက်နှင့် ကျနော့အမဝမ်းကွဲတယောက် အိမ်ထောင်ကျဘူးသည်၊ ဒေါက်လွင်ယောက်ဖ ဒေါက်တာတောင်ကြီးမှာ သိကြသည့်အတိုင်း ဒေါ်ခင်မေသန်း၏ ပထမယောက်ျားဖြစ်သည်၊ ကြုံမှ ဆေးကောလိပ်ထွက် [...]
Filed under: family, history, obituary, politics | Leave a Comment
အိုင်ရာဝဒီမှာ အထူးသြဘာရခဲ့တဲ့အောဘစ်ပါး) “ဆရာဝန်ချင်းကပ်နှိပ်တာ အပြင်လူထက်ဆိုးတယ် ဆိုသည့်ကိန်းမျိုး ဆရာဖေသိန်းလက်ထက်တွင် မကြားခဲ့ရပါ” ဆိုတာကိုကပ်ပီး တရုတ်နယ်စပ်က စာရေးဆရာဆရာဝန်တယောက် ကော်မန့်ပေါင်းစုံနဲ့ ပုဂ္ဂိုလ်ရေးအပုပ်တွေချတာကလား။ ဒီလူမှန်းဘယ်လိုသိဆိုတော့ သူက ဒီကော်မန့်ပေးတဲ့ကလောင်နာမည်နဲ့ပဲ မိုးမခမှာရေးနေတာကိုး ဆရာသမားက။ ဟီး သူ့စာကလဲ ဖတ်တာနဲ့ သူမှန်းတန်းသိနိုင်တာကြီး။ ထားပါ၊ ကျနော်က မကြားခဲ့ပါပဲရေးတာ၊ မဖြစ်ဖူးဘူးမပြောပါဘူး။ သူပြောတဲ့ ဂျွန်လှခိုင်ကိစ္စက ဆရာဂျွန်စဖောင်းတာပဲ။ အဲဒီနောက် အဖိုးကြီးတွေ အိုင်ရာဝဒီးမှာ ကော်မန့်ရှေကြီးတွေပေးတာဖတ်ပီး ရီနေရတာပဲ။ တဖက်ကလဲ အမေ့ဆရာသမား မမကြူကို အင်မတန်အားနာမိတယ်။ ဗမာတချို့ရဲ့ စာပေဖတ်ရှုသိမြင်မှုအရည်အသွေးကိုလဲ သိရသပေါ့။ ပြောချင်တာက ခုလဲ ဆေး ၁ က ဆရာဖေသက်ခင်ကို တော်ကောက်ပြန်ပီဆိုတော့ တချို့ ဆရာသမားများက အပြောင်းအလဲကြီးဆိုနေကြလို့ပါ။ ဒီလိုသာဆို မဆလခေတ်က ဆရာကြီးဦးတင်အောင်ဆွေ ဦးထွန်းသင်တို့ [...]
Filed under: education, history, obituary, politics, recycled | 2 Comments
မိုးမခက ရွှေဒေါင်းဖြူ ဒါလဲ မသာဖတ်စာပဲ။ ကိုယ်ဘယ်လမ်းသွားမလဲ သိချင်ရင် သူများသွားခဲ့တာ ပြန်ဆင်ခြင်ကြပေါ့။ ဖေဖော်ဝါရီ ၂၊ ၂၀၀၈ စစ်ပြီးတဲ့နောက် အာရှမှာ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရလာကြတဲ့အထဲမှာ စစ်မဖြစ်ခင်က ဒတ်ခ်ျအင်းဒီးစ်လို့ သိတဲ့ အင်ဒိုနီးရှားလည်း ပါတယ်။ ဂျားဗား၊ ဘော်နီယို၊ စူုမတြား၊ စူလာဝေစီ၊ ဘာလီ စသည့် ကျွန်းပေါင်း ၃၀၀၀ ကျော် ပထမဦးဆုံး စုစည်းမိခြင်းပဲ။ ယဉ်ကျေးမှု အင်မတန်မြင့်တဲ့ ဂျာဗားလို ပဒေသရာဇ်လူ့အဖွဲ့အစည်းကနေ ဘော်နီယိုက ကမ္ဘာဦး တိုင်းသားတွေ ထိ ပါဝင်တဲ့ လူမျိုးပေါင်းစုံဟာ ဆူကာနို၊ ဟာတာ စတဲ့ အမျိုးသားရေးဝါဒီတွေရဲ့ စွမ်းဆောင်မှုနဲ့ ပထမဦးဆုံး အမျိုးသားနိုင်ငံအဆင့် တက်လှမ်းခဲ့ကြပါတယ်။ ဒတ်ခ်ျနယ်ချဲ့ကို ခုခံစစ် ၄ နှစ်ကြာ ဆင်နွဲပြီး ၁၉၄၉ [...]
Filed under: history, obituary, politics, recycled | Leave a Comment
လားရှိုးက တိုင်းမှူးနဲ့ အပစ်ရပ်တွေကြား စီးပွားရှာတဲ့ဆရာဝန်က ဒုသမ္မတဖြစ်တော့ စဝ်ရွှေသိုက်လို စဝ်ခွန်ချိုလို လူကြီးသူမတွေတောင် ထောင်ထဲထဲ့ခဲ့တဲ့ သေတဲ့ပျောက်တဲ့သူတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးသမိုင်းကို ပြန်သတိရပေါ့လေ။ အစောကြီးထချရတဲ့ ကရင်များကတော့ အင်မတန်မှပဲ ဘဝနာရပါတယ်။ စောဘဦးကြီးကို လှံစွပ်တက်ထိုးတဲ့ သမ္မတစိန်လွင်လိုဇာတ်ကြောင်းမျိုးပေါ့။ ဒါက ဒုတိယပင်လုံသံ မပေါ်ခင်က မဇ္ဈိမ မှာ ရေးခဲ့တဲ့အလွမ်းစာပါ။
Filed under: history, nationalism, obituary, politics, recycled | Leave a Comment
သူကောင်း စစ်ဗိုလ်ချုပ်
(၁) စလင်းသူကောင်းနှင့် ပတ်သက်၍ သမိုင်းပါမောက္ခ ယခုမြန်မာသမိုင်းအဖွဲ့ဝင် ဒေါ်အုန်းကြည်လေး (အိုဂျီဦးစိုးမြင့်ကတော် သခင်ဗသိန်းတင် ခယ်မမှာ ပါမောက္ခအုန်းကြည်ကြီးဖြစ်ပါသည်) ရေးသားပီး ယခုထိ ပြင်ပတွင် မရိုက်နှိပ်ရသေးသော ဒေါက်တာသန်းထွန်း ပင်စင်ယူစဉ်က ထုတ်သည့် “သမိုင်းဟင်းလေး” ကျောက်ပုံနှိပ်စာအုပ်တွင် ပါရှိဘူးသည်။
Filed under: history, obituary | 4 Comments
ကျနော်တို့ တွေးခေါ်ရမည်
ဗမာပြည်ပညာရေးလောကတွင် အရေးပါသည့်ဆရာတစ်ဆူကြွေလွင့်လေပြီ။ ၂၀၁၁ ခု ဇန်နဝါရီလ ၉ ရက် နံနက်တွင် ဒဿနိကဗေဒ ပါမောက္ခဆရာကြီး ဒေါက်တာခင်မောင်ဝင်း ကွယ်လွန်ရှာလေပြီ။ ဆရာကြီးသည် ကျနော့်ဆရာရင်းတစ်ယောက်ဖြစ်သည်။ ကျနော်နှင့် ဆရာကြီးစတင်သိကျွမ်းသည်မှာ ၂၀၀၉ ခုနှစ်ကဖြစ်သည်။ ထိုစဉ်ကတည်းက ဆရာကြီးခမျာ ဇရာ၏ထုနှက်ခြင်းကို ခံစားနေရရှာလေပြီ။ သို့ပင်တကား ကျနော်တို့သူငယ်ချင်းများနှင့် ပြောဆိုဆွေးနွေးဖို့ရာကား အမြဲလိုလိုအသင့်ဖြစ်နေတတ်ပေ၏။
Filed under: education, guest column, obituary | Leave a Comment