Archive for the ‘State and Religion in Burma’ Category

ဇီးဗနီ ဆရာတော် ၂ ရာပြည့် ၁၃၇၃ ပြာသိုဆုတ် ၁ (၂၀၁၂ ဇန် ၉) မှာ ကျမယ်လို့ လှသမိန်ရဲ့ ဂန္ထဝင်စာပြုစာဆိုတော်များအတ္ထုပ္ပတ္တိ၊ နန်းညွန့်ဆွေဆောင်းပါးနဲ့ စွယ်စုံကျမ်း အစရှိသည်များမှာ ဘော်ပြကြတဲ့အတွက် ဒီသက္ကရာဇ်ကိုပဲ ယာယီ အတည်ယူထားလိုက်ပါတယ်။ ဆရာတော်ကို ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏။… ကဗျာစာဆိုရှင်အနေနဲ့ နှောင်းလူများက မြတ်နိုးကော်ရော် ပြုကြပေတယ်။ ဆရာတော် နဲ့ ကင်းဝန်မင်းကြီး၊ မဟာဒါန်ဝန် ဦးကြွယ်ဝစတဲ့ မှူးဟောင်းမတ်ဟောင်းအရာကျများ အပြန်အလှန်စာချိုးကြတယ်ဆိုတဲ့ ကိစ္စကို ပြန်စဉ်းစားယင် ဆရာတော်ဟာ ကျောင်းဒကာ ဆွမ်းဒကာ မျက်နှာကြီးတွေကို ဖီလာအံတုပြုဝံ့တဲ့ ဘုန်းကြီးသူပုန်လို့ ပြောသင့်ပါရဲ့။


ဇန်နဝါရီ ၄ ယနေ့ထုတ် မြန်မာသတင်းစာများတွင် ဗုဒ္ဓသာသနာပြု ဆရာတော် သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ် ဆက်ကပ်ချီးမြှင့်သည့် ကြေညာစာဖော်ပြထားသည်ကို တွေ့ရသည်။ New Light of Myanmar အမိန့်ကြေညာစာအမှတ် ၁/၂၀၁၁ ဖြင့် ပေးသော အမြင့်ဆုံး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရ သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေး ဗန်းမော်တိုက်ဆရာတော် ဒေါက်တာကုမာရာဘိဝံသ နှင့် မဟာဝိဇိတာရုံဆရာတော် ဥုးဝိစာရိန္ဒာဘိဝံသ (ရွှေကျင်)၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ခံ မေမြို့စာပန်းအိမ်ဘော်ဒါမှ ဒေါက်တာကျော်စော၊ ကံ့ကော်ရွှေပြည် အထူးထုတ်မှ ဒေါက်တာသန်းထွန်း၊ မန္တလေးမှ မျက်စိအထူးကုဒေါက်တာကိုလေး၏သမီး သုဓမ္မသိင်္ဂီဘွဲ့ခံ ဒေါ်စံပယ်ကိုလေး စသူတို့ဖြစ်သည်။



Follow

Get every new post delivered to your Inbox.

Join 26 other followers