Archive for the ‘talk’ Category

၁၃၇၃ စာဆိုတော်ရာသီက လန်ဒန်တောင်ဘက်ကမ်းတက္ကသိုလ်ကျောင်းတိုက်တွင် ကျင်းပသော စာဆိုတော်နေ့၌ မြန်မာသတင်းမီဒီယာသမိုင်းအကြောင်း သဘင်ဂီတမှ အင်တာနက်သို့ ဟောပြောချက်ကို ဆီလျော်အောင် ပြန်ရေးသည်။ မြန်မာမီဒီယာရေစီး မီဒီယာဆိုဒါ စကားလုံးကြီးမို့ ဘာမှတော့မဟုတ်ပါဘူး။ လူတွေကြား ပြန့်ပွားစေလိုတာကို ရောက်အောင်ဖြန့်ချိဒါပါဘဲ။ ရှေးကတော့ ဗမာပြည်မှာ ဇာတ်အငြိမ့်တွေပဲရှိတော့ သူတို့ကနေ အထက်ပုဂ္ဂိုလ်များဆီရောက်စေလိုဒါ၊ ပြည်သူကြား အာဏာပိုင်တွေသိစေထင်စေချင်ဒါတွေကို ဝင်သွားအောင် ဖြန့်ပေးကြရတယ်။ နေပြည်တော်က ဟစ်တိုင်ဆိုဒါတွေ လူတိုင်းမရောက်နိုင်ယင် ရှင်ဘုရင်ဆီ ရွှေနားတော်ကြားအောင် လူပြက်တွေက ပြက်ပေးရတယ်။ အစိမ်းအုပ်နဲ့ ထွန်းပေါ်တစ်လစ်တွေဟာ ထင်လျားတဲ့သာဓကတွေဘဲ။ ဒီလိုပဲ ဘုရင်မိဘုရားကို မီဒီယာသမား သဘင်သယ်များက ရွှေဘဝင်စိမ့်အောင် အမွှန်းတင် မြှောက်ပင့်ပေးပီး အသပြာထောင်ထုပ်ကို မျှော်စားကြရဒါလဲ ရှိတာဘဲ။ သီပေါခေတ်က စုဘုရားလတ်ကို ဖားတဲ့ပြက်လုံးတခုကတော့ ဆိုင်းမှာဘယ်ဒင်း အခရာကျဆုံးလဲ၊ ပတ်မကြီးပါဘုရားဆိုဒါဘဲ။ မိဘုရားကလဲ ဒါမျိုးဆို [...]



Follow

Get every new post delivered to your Inbox.

Join 26 other followers