၂၀၁၂ မှတ်တရ
၂၀၀ ပြည့်
ဆီးပန်းနီဆရာတော် (မြန်မာ ၁၁၇၃-၁၂၅၀) ဇန်နဝါရီ ၉
စလေဦးပုည (မြန်မာ ၁၁၇၄၊ ၁၁၇၅၊ ၁၁၇၈ – ၁၂၂၉) ၁၉၆၃ က ၁၅၀ ပြည့်ကျင်းပ
ရာပြည့်
ဂျာနယ်ကျော်ဦးချစ်မောင် (၁၉၁၂-၁၉၄၆) ဇန်နဝါရီ ၁
ရွှေကိုင်းသား (၁၉၁၂-၁၉၈၇) ဇန်နဝါရီ ၅
မဟာသီရိသုဓမ္မဒေါ်ခင်ကြည် (၁၉၁၂-၁၉၈၈) ဧပြီ ၁၆
ပန်းချီဦးဘကြည် (၁၉၁၂-၂၀၀၀) ဇူလိုင် ၁၆ Continue reading ‘၂၀၁၂ မှတ်တရ’
Filed under: anniversaries, history, literature, politics | 8 Comments
D.G.E. Hall Scholarship
Deadline: 31 January 2012
There is one D.G.E Hall Scholarship for applicants who are proposing to register full-time for taught Masters programmes at SOAS in the academic session 2012/13.
The scholarship is shared with International Student House (ISH). The minimum value of the scholarship provided by SOAS will be £12,000 but the total value will be confirmed once the level of the School’s funding for 2012/13 is confirmed. In addition, ISH provides free accommodation together with a small contribution in food vouchers to be spent in the ISH restaurant.
Eligible Programme
Any full-time Masters programme
Part-time programmes are not eligible
Candidate Criteria
Applicants must possess a good honours degree from a U.K. university or equivalent recognized by the School. Candidates in their final year of study for a first degree are invited to apply.
Open only to those holding a Burma/Myanmar passport. Continue reading ‘D.G.E. Hall Scholarship Deadline: 31 January 2012’
Filed under: education, news | Leave a Comment
ရာထူးအကြီးဆုံးကဗျာဆရာ
Illustration by Aung Soe
မြန်မာရိုးရာတေးများ မြန်မာဆိုရိုးစကားစသည်တို့ကို အောက်စဖို့ဒ် စင်္ကာပူတို့မှ ရိုက်နှိပ်ထုတ်ဝေခဲ့သော စာရေးဆရာမောင်မြင့်သိန်းရှိသေးလျှင် ၁၁၁ နှစ်ပြည့်ခဲ့လေပီ။
စာပေနှင့် မနုဿဗေဒ ပညာရှင် ဒေါက်တာထင်အောင်နှင့် မြန်မာ အင်္ဂလိပ်စာပေဌာနများက မူ ညီအမများ၏အကိုလေး ဦးမြင့်သိန်း (၁၉၀၀-၁၉၉၄)မှာ အင်္ဂလိပ်ခေတ်
ATM, OBE နှင့် ဒိန်းမတ်အစိုးရပေးသော ဘွဲ့များ၊ မြန်မာအစိုးရဝန်ထမ်းများအတွက် အမြင့်ဆုံး အဂ္ဂမဟာသရေစည်သူနှင့် ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ခံ နောက်ဆုံးလွှတ်တော်ချုပ်
တရားဝန်ကြီးချုပ်လည်းဖြစ်သည်။ ကိုမင်တန်အရေး ကုလသမဂ္ဂတွင်အရေးဆိုခဲ့သော မြန်မာကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် သူ့ကိုပိုမှတ်မိကြမည်။ သူ့နောက် ကိန်းဘရစ်ခ်ျမှ မဟာဝိဇ္ဇာဘွဲ့ယူသော ရှမ်းအစိုးရဝန်ကြီးချုပ်နှင့် ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချိုနှင့်ရင်းနှီးမှုကိုအကြောင်းပြု၍ ၁၉၆၂ အာဏာသိမ်းချိန်တွင် ၅ နှစ်မျှအထိန်းသိမ်းခံခဲ့ရသည်။ ထောင်ကျစဉ် ငယ်ပေါင်းဇနီးသည် ဝတ်လုံဒေါ်ဖွားမှီမမာ၍ ဆုံးသည်ထိ ထွက်ပြုစုခွင့်ရလိုက်သည်။ ထောင်ထဲတွင် မှတ်မိသလောက်ပြန်ဆိုထားသောကျေးလက်ကဗျာများကို ဘိလပ်တွင်ရိုက်နှိပ်သည်။ လက်မွန်မဆွ ၁၉၅၀ကျော်ထဲက တရားဝန်ကြီး ဦးမြင့်သိန်း၏ကဗျာများကို ဒေါက်တာမောင်မောင်ထုတ်ဝေသော ဂါးဒီးယန်းအင်္ဂလိပ်မဂ္ဂဇင်းတွင် တွေ့နေရသည်။ Continue reading ‘ရာထူးအကြီးဆုံးကဗျာဆရာ’
Filed under: literature, politics | 2 Comments
ငှက်ငယ်ပမာ ငါလျှင်လှည့်ပတ်
စာတကာ့စာ ဘယ်စာကြိုက်ဆုံးမေးလာလျှင် ခရီးသွားနှင့် ပြဇာတ်ဟုဖြေရမည်။ ဤ ၂ မျိုးမှာ အချီအချနှင့် ရွှင်ရွှင်သွက်သွက်နိုင်ခြင်း၊ ခြေဦးတည့်ရာလည်ပတ်ဂျပိုးထိုးနိုင်ခြင်းဟူသော ဂုဏ်သတ္တိများနှင့်ပြည့်စုံသည်ဟု ယူဆသည်။ သို့သော် ယနေ့ခေတ်တွင် ရှေးကထက် သွားရေးလာရေးလွယ်လာသော်လည်း လူတွေ ခြေချုပ်ပိုများလာသည် ထင်ပါသည်။ အင်တာနက်က လူတွေကို မသိစိတ်က ချုပ်ကိုင်ထားသလို စီစဉ်တကျခရီးစဉ်များနှင့် အချိန်အနှောင်အတုပ်များက ရှေးကလို အညာဘုရားဖူး ၂ ပတ် ဆိုတာမျိုး ပေတရာထိပ်ကျိန်းလုပ်ဖို့ အခြေအနေမပေးတော့ပါ။ Continue reading ‘ငှက်ငယ်ပမာ ငါလျှင်လှည့်ပတ်’
Filed under: media, travel | 1 Comment
ရန်ကုန်စည်သူကျော်ထင်
ဂျပန်ခေတ်အဓိပတိကြီး၏စာဆိုတော်ဘွဲ့ရ ရွှေတိုင်ညွန့်သမီး အဆိုတော်ထားအပါအဝင် ဂီတသဘင်ရုပ်ရှင်စာပေသမားပညာရှင်များကို အစိုးရသစ်က စည်သူဘွဲ့နှင်းသဖြင့် ယခင်က အလားတူရခဲ့ဘူးသူများစာရင်းကို ကူးယူဖော်ပြပါသည်။
အလင်္ကာကျော်စွာ
ဦးလွန်း (သခင်ကိုယ်တော်မှိုင်း) ၁၉၅၀
ဦးဟန်ပ (ဆိုင်း) ၁၉၅၃
စောင်းဆရာငြိမ်း
ပတ္တလားဆရာဘကလေး (မန္တလေး)
ဒေါ်စောမြအေးကြည်
ပန်းချီဦးငွေကိုင်
ရွှေမန်းတင်မောင် Continue reading ‘ရန်ကုန်စည်သူကျော်ထင်’
Filed under: arts and culture, history, literature, media, note, politics | 3 Comments
Monk historians in Mandalay
On the 5th of January, 2012, Burmese writers, researchers and reporters gather near Mandalay to commemorate birth anniversaries of the local monk historians (hsayadaws).
Ko Pannya from Amarapoora who hosted literary events and memorial stones in his monastery near Taungthaman Lake, resisting the junta’s pressure for years.
Shwegaitha (1912-1987) of Sagaing Hill
from Nyo Gyi Facebook
The monks with magnanimous knowledge on Burmese arts and archaeology and served as local pundits for foreign researchers since 1950s, contributing their research articles in Burmese press. Long live the trend of Burmese traditional scholars who passed treasures from the old feudal courts and monasteries to the public and academia!
Filed under: arts and culture, literature | Leave a Comment
နှစ်ပေါင်း ၅၀
ဗမာပြည်နိုင်ငံရေးရာဇဝင်တွင် ဗြိတိသျှအုပ်စိုးမှုနောက် အကြာဆုံးကာလရှည်ကြီးဟု ဆိုလောက်သော စစ်အုပ်စိုးမှုခေတ် (၁၉၆၂ စ)နှင့်ပတ်သက်ပီး အမြင်မျိုးစုံကွဲပြားနိုင်သော်လည်း နိုင်ငံရေးလွတ်လပ်ခွင့်နည်းခြင်းနှင့်ပတ်သက်ရွေ့ကား မည်သူမျှ ငြင်းချက်မထုတ်နိုင်။ အဘယ်ကြောင့်ထိုမျှ စစ်တပ်ခေတ်ရှည်ကြာရသနည်းမေးလာရလျှင် လက်နက်နှင့်ဖိစိုးမှုအပြင် အခြားစဉ်းစားစရာအချက်များရှိသေးသည်ကို မမေ့သင့်။ လူမျိုးစုကွဲပြားမှုပြဿနာကို လက်ညှိုးထိုးသည်ကမဆန်း၊ အာဏာပိုင်များကိုယ်နှိုက်သုံးနေကျအကြောင်းပြဖြစ်သည်။ (လူမျိုး ၁၃၅ မျိုးလုံးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းလာနိုင်သည်ဟု စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်စောမောင်က မိန့်ခွန်းပေးဘူးသည်)။ မြန်မာ့နိုင်ငံရေးအလေ့၏ ပဒေသရာဇ်ဆန်မှု၊ ခေါင်းဆောင်ပေါ်မှီခိုမှု ဤအချက်များကလည်း ပြောရိုးပြောစဉ် ဖြစ်နေလေပီ။ ဗုဒ္ဓဘာသာသြဇာ၊ လူမျိုးခြားမုန်းတီးမှု၊ ကွန်မြူနစ်ဝါဒသြဇာ၊ ပညာရေးနှင့်အခြေခံယန္တရားများချို့ငဲ့မှု၊ လက်ညှိုးထိုးစရာများက ပေါလွန်းလှသည်။ ကျွနု်ပ်တို့ စဉ်းစားရန်မေ့နေတတ်သည်က တချက်ရှိသည်ဟု ထင်သည်။ ယင်းကား မီဒီယာခေါ် လူထုဆက်သွယ်ရေးနည်းလမ်းများမှ နိုင်ငံရေးကိုကြိုးကိုင်လိုသည့် အင်အားစုများကြားလွန်ပွဲဖြစ်သည်။ တနည်း စစ်အာဏာသိမ်းမှုမတိုင်မီက တိုင်းပြည်အနေအထားကို ရှုထောင့်စုံအောင် မစဉ်းစားပဲ ဦးနု၏ပြည်တော်သာခေတ်ကြီးကို စစ်ဓားပြတိုက်မှုဟု သုံးသပ်ခြင်း၊ တိုင်းပြည်ပြိုကွဲမည့်ဘေးမှကယ်တင်လိုက်ရခြင်းစသည့် ဘက်ပါသည့်အမြင်များက အများမီဒီယာတွင် ကြီးစိုးနေခြင်းဖြစ်ပါသည်။ Continue reading ‘နှစ်ပေါင်း ၅၀’
Filed under: anniversaries, history, politics | Leave a Comment
ကျောက်ဆောက်သာနိုးသို့
နိုင်ငံခြားဝေါဟာရအသံဖလှယ်ပုံနှင့်ပတ်သက်၍ ပေါ်တူဂီရောက် မြန်မာကျောင်းသားတယောက်ကိုမေးရာ
ပေါ်တူဂီကို ပေါ်တူဂီလို ပေါ်တူဂီဟုပင်ထွက်ကြောင်း၊
ဥရောပကိုလည်း အလားတူပင်ထွက်ကြောင်းပြောပါသည်။ ဘန်ကောက်က ထိုင်းမိတ်ဆွေတယောက်ကလည်း သူ့အိမ်က တူရကီသံရုံးနားဟုဆိုသည်။
အမေရိကန်သံ တာရ်ကီဟုမထွက်။ တူရကီ၊ ဣရံစသည့်တိုင်းနိုင်ငံတို့မှာ အရှေ့တိုင်းနှင့် ရှေးအစူအစဉ်ထဲက အရှက်အတင်ရှိရာ ကာလပေါက်နှောင်းလူတို့က ဘိုးဘေးတို့အသံလှယ်ပုံကို ခေတ်မမီဘိုမဆန်ထင်၍ ပြောင်းချင်နေသည်က တယ်တော့အရာမကျ။ ကမ္ဘာ့မြေပုံများ၊ တံဆိပ်ခေါင်းအထောက်အထားများဖြင့်
ရွှေကိုင်းသား ညှိနှိုင်းဖွင့်ဆိုသည့် သံတော်ကြီးဦးခြိမ့်၏ ပူတကေ စပိန် အီတာလျံသွားမှတ်တမ်းပါ ဒေသန္တရနှင့်နိုင်ငံခြားဝေါဟာရများအဖွင့်ကို ရှု၍
ရှေးလူကြီးတို့ နားပါးပုံ၊ မူလသံကိုလိုက်ပုံမှာ သြချသင့်သည်။ တချို့နေရာတွင် မြန်မာလိုတော်ပြေအောင်ပြုပြင်သော်လည်း စကားလုံးကြည့်ပီး
ရမ်းထွက်တာမျိုးကားမဟုတ်။ ဥပမာဆောင်သော်
-ဘင်္ဂလားမြို့ (ကလကတ်) ကလိကတရွာနှင့်အခြား ၂ ရွာကို အင်္ဂလိပ်တို့ဝယ်ရာမှ စည်ပင်လာသည်။
- ကပ္ပလီ အာရဗီစကား ကဖီရ်မှလာသည် (မြန်မာအဘိဓာန်နှင့်အဖွင့်တူ)(မွန်- ကာပ္ပရိ)
- ဂျာရမန်
- ‘စပိန်ဝေါဟာ၊ စပန်းညာကဲ့ပြင်၊ စပါညိုဟုမြွက်၍၊ နာမက္ခရသုံးမည်ခံ’
-စံပျက်တရို (Church of St. Peter) Saint ကို ကင်းဝန်မင်းကြီးမှတ်တမ်းက စင်းဟုဖတ်၍ အီတာလျံမှတ်တမ်းက စံဟုဖတ်သည်။ (ဥရောပသံများ)
-စွစ်မြောင်း Suez Canal (Arabic: السويس As Suwais)(ရွှေကိုင်းသား အီဂျစ်သံနှင့်ပြန်မညှိ)
-ဒင်မတ် (Danmark)
-’နပေါလိမြို့သည်၊ ပင်လယ်ကာသန်း၊ ကျောက်တောင်ဆွယ်တွင်ပင်၊ အဆန်းတကြယ်တည်၏’ Napoli ငပလီမှာ ဤကဆင်းလာသည်ဟု ယူကြသည်။
-နော်ယဝေး Norge
-’ပါရစ်မြို့ကြီးတည်ဟန်မှာ၊ မြင်လျှင်မြင်ခြင်း၊ လူခပင်းတို့သည်၊ အူတွင်းကရွှင်၍လာအောင်သာယာတင့်တယ်နိုင်ပေစွ။’
-’နာမယညေ၊ ပူတကေဟု၊ ဆူဝေကျော်ထင်ရှား၏’
-Port Said (Arabic: بورسعيد Būr Sa’īd) ပေါတဆေး
-ဗုံပါ Pump-ပမ္ပာ-ဗမ္ပာမှလာသော ကုလားစကား၊ ဘွန်ဘာဟု ဘကြီးတော်လက်ထက်ရေး သောဠသ ၁၆ပြည်ထောင်အကြောင်းစာတမ်းတွင်ဆိုသည်။ ယခု ဗုံဗိုင်။
-၁၁၁၅ရေး လောကဗျူဟာအင်ရုံစာတမ်း (၁၂၄၁ မိတ္တူမူ)တွင် ပင်းကလား၊ ဘင်းကလား၊ ဘင်းဂလားဟုသုံးသည် ဝင်္ဂတိုင်းမှလာ။
-ဘက်လဂျီဟ Belgae ရောမသံကယူဟု ရွှေကိုင်းသားယူဆသည်။
-’သာယာနိုင်သမျှနှင့် ရှေးကကျော်ဟိုးဟိုး၊ သူတမည်ခ၊ မင်းတပါးစံလေသည်၊ နိုင်ငံမောင်နတ်ကိုးဟု၊ .. စစ်စစ်ပေါက်ပေါက်၊ အဝန်းကိုတာနှင့်ထောက်ရလျှင် နှစ်တိုင်ခန့်လောက်ကျယ်လိမ့်မည်တည့်’
-မစ်ဒီတာရေနီယံ
-’များလူဗိုလ်တို့၊ အဟိုရှေးစည်၊ ကျမ်းဂန်ဟောပြ၊ တိုင်းရောမဟု၊ ကြားကြဘူးလေပြီတည့်။’ Roma
- ‘ကမ္ဘာပေါ်တွင်၊ အကျော်အကြီးဆုံးဟု၊ ပြောထုံးမှတ်ထုံးပြုကြသည့်၊ စည်ပင်ပြန့်ပွား၊ ကြီးအင်အားနှင့်ပင်၊ ရွတ်ရှားမည်သည့်ပြည်နှင့်’ Rossiya နှောင်းကာလ ရုရှအသုံးက ရပ်ရှားထက် ပိုနီးစပ်မည်ထင်သည်။
- လစ်စဗံ Lisboa
-’ ပြည်အော်လံဒံ၊ တိုင်းဟောလံဟု၊ နာမည် နှစ်မည်ရရှင့်’
-အောက်စရိယ Austria
‘..စာအသံမတော့၊ အင်္ဂလန်တကြော၊ ဥရောပတိုက်ပါ၊ တိုက်များစွာများနှင့် ကမ္ဘာလုံးအကျွတ်၊ စာသံကိုညွတ်ပြီးလျှင်၊ သိုးချွတ်လက်မြှောက်၊ သေသောက်ဟစ်ကြွေး၊ ဟူးရေး၊ ဟူးရေးကောင်းခြီးပေးလျက်၊ …’ (သက္ကရာဇ် ၁၂၃၄ နတ်တော်လဆန်း ၅ ရက် (၁၈၇၂-၁၈၇၃) ပါရစ်မြို့ ဒလူးတက်ဟိုတက်တိုက်တွင်ရေးသည့်မေတ္တာစာမှ)
Filed under: history, media, travel | 4 Comments
မမခင်၏အမတ်ခရီး
၁၉၇၀ခန့်က မြန်မာပုံစံ မင်္ဂလာဆောင်တပွဲက လူကြီးမိဘများနှင့်ရိုက်သည့်ဓာတ်ပုံတပုံကို မှတ်မိနေသည်။ မေမြို့ သမ္မတအိမ်ဟောင်း လင်ကလူဒင်ရှေ့တွင် ကျနော့အဖိုးအဖွားများ အခြားဘိုးဘွားစုံတွဲတတွဲနှင့် သတို့သားသတို့သမီးများဖြစ်ပါသည်။ အမဝမ်းကွဲနှင့် တော်လှန်ရေးကောင်စီဝင်တယောက်သားမင်္ဂလာဆောင်တွင် ကောင်စီဝင်၏ယောက္ခမ လူဝင်လူထွက်မင်းကြီးဟောင်းဦးထွန်းညိုနှင့် ဇနီးဒေါ်မမခင် (မဟာသိပ္ပံ၊ချီကာဂို)က လူထုဦးလှ-ဒေါ်အမာတို့နှင့်အတူ နှစ်ဖက်ဘိုးဘွားလုပ်ပေးရသည်။ ထိုမှ ဒေါ်မမခင်နှင့်ပတ်သက်သည်များဖတ်မိသောအခါ ထိုအမျိုးသမီးကြီး၏နိုင်ငံရေးဘဝကိုပါ သိလာရသည်။ သူကား စစ်ကြီးမတိုင်ခင်က မြန်မာအမျိုးသမီးထဲမှ ရှားရှားပါးပါးဖြစ်သော မင်းတိုင်ပင်အမတ် ၄ ဦးထဲက တဦးဖြစ်သည်။ မိန်းမအမတ်တွေကို အမတ်မင်းမဟု အာလုပ်ပြုရမလားဟု သိပ္ပံမောင်ဝ သနပ်ခါးတွင် သောလုံးထုတ်ခဲ့သည်။ ဒေါ်မမခင် အမတ်ဖြစ်ပုံမှာကား နန်းရင်းဝန်ဟောင်း ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီအတွက် ကြားရွေးကောက်ပွဲတွင် ရမည်းသင်းဘက်မှ အရွေးခံခဲ့ခြင်းပင်။ Continue reading ‘မမခင်၏အမတ်ခရီး’
Filed under: Burmese women, family, history, politics | 1 Comment










