လွတ်လပ်ရေးနေ့ သာသနာရေးဘွဲ့တံဆိပ်များ ကြေညာ

04Jan11

ဇန်နဝါရီ ၎

ယနေ့ထုတ် မြန်မာသတင်းစာများတွင် ဗုဒ္ဓသာသနာပြု ဆရာတော် သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ် ဆက်ကပ်ချီးမြှင့်သည့် ကြေညာစာဖော်ပြထားသည်ကို တွေ့ရသည်။ New Light of Myanmar အမိန့်ကြေညာစာအမှတ် ၁/၂၀၁၁ ဖြင့် ပေးသော အမြင့်ဆုံး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရ သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေး ဗန်းမော်တိုက်ဆရာတော် ဒေါက်တာကုမာရာဘိဝံသ နှင့် မဟာဝိဇိတာရုံဆရာတော် ဥုးဝိစာရိန္ဒာဘိဝံသ (ရွှေကျင်)၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ခံ မေမြို့စာပန်းအိမ်ဘော်ဒါမှ ဒေါက်တာကျော်စော၊ ကံ့ကော်ရွှေပြည် အထူးထုတ်မှ ဒေါက်တာသန်းထွန်း၊ မန္တလေးမှ မျက်စိအထူးကုဒေါက်တာကိုလေး၏သမီး သုဓမ္မသိင်္ဂီဘွဲ့ခံ ဒေါ်စံပယ်ကိုလေး စသူတို့ဖြစ်သည်။ စာချဆရာတော်များနှင့် သီလရှင်ဆရာကြီးများ၊ တောင်တန်းနှင့် ပြည်ပသာသနာပြု ဆရာတော်များနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း ဆရာတော်များ၊ ကုသိုလ်ရှင် လုပ်ငန်းရှင်စီးပွားရေးသမားများ
ကို ဘွဲ့တံဆိပ်များ ချီးမြှင့်ထားသည်။

ကိုလိုနီခေတ် ၁၉၁၀ ကျော်ကစကာ ဆရာတော်များနှင့် လူပြန်တော်ပညာရှိများကို မန္တလေးသုဓမ္မာဇရပ်တွင် တောင်ခွင်သာသနာပိုင်နှင့် သုဓမ္မာဆရာတော်များရှေ့မှောက် ဒုတိယဘုရင်ခံက အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ချီးမြှင့်ခဲ့သည်။ လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊ ပိဋကတ်ဘာသာပြန်ဆရာမြို့၊ ရန်ကုန်တက္ကသိုလ်မြန်မာစာနည်းပြ ဒေါက်တာဆရာလင်းစသည့် ထင်ရှားသော ဆရာတော်များ လူပုဂ္ဂိုလ်များကို ချီးမြှင့်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် အမရပူရ မဟာဂန္ဓာရုံဆရာတော် ဥုးဇနကာဘိဝံသမှ စပြီး ဆက်လက်ချီးမြှင့်ခဲ့ရာ ၁၉၆၂ အာဏာသိမ်းသည်အထိဖြစ်သည်။ ဖဆပလခေတ် ဆဋ္ဌသင်္ဂါယနာမတင်မီတွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကိုလည်း တီထွင် ဆက်ကပ်ခဲ့သည်။ ထို့နောက် ဦးနု၏ ဘာသာရေးရှေ့တန်းတင်မှုကို ဆန့်ကျင်လိုသည့် စစ်အာဏာသိမ်းအစိုးရခေတ်တွင် နှစ်အတော်ကြာမပေးခဲ့ဘဲ ၁၉၈၀ ဂိုဏ်းပေါင်းစုံသံဃာ့ညီညွတ်ရေးဆိုကာ သံဃာ့မဟာနာယကအဖွဲ့ဖွဲ့၍ သံဃာထုကို ထိန်းချုပ်နိုင်ပြီးနောက် ပြန်လည်ချီးမြှင့်ခဲ့သည်။ နဝတစစ်အစိုးရလက်ထက် ၁၉၉၀ကျော်တွင် ဘွဲ့တံဆိပ်များ တိုးချဲ့ကာ သာသနာပြုများ၊ တရားပြဆရာများ၊ ကုသိုလ်ရှင်များကိုပါ ချီးမြှင့်ခဲ့သည်။ ဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် လာဘ်ပေးလာဘ်ယူကိစ္စများမကင်းဟု ပြောဆိုခံရသည်မှာ ကိုလိုနီခေတ်ကတည်းက ဖြစ်သလို ဘာသာပေါင်းစုံ ကိုးကွယ်သည့် တိုင်းပြည်တွင် ဗုဒ္ဓဘာသာတခုတည်းကို အစိုးရက ဘွဲ့နှင်းချီးမြှင့်နေသည်မှာ မမျှတဟု ဝေဖန်မှုများလည်းရှိသည်။ မြန်မာမင်းများလက်ထက်မှစ၍ ဘုရင်နှင့် သာသနာအကြား အပြန်အလှန်ချီးမြှင့် အသိအမှတ်ပြုသည့်သဘော ရာဇဂုရုဘွဲ့များ ဆက်ကပ်ခဲ့သည့် အစဉ်အလာကို ဆက်ခံကျင့်သုံးနေခြင်းဖြစ်သည်။

ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များနှင့် အခြားဘွဲ့များ ပေးအပ်သည့်ကြေညာစာများ ထုတ်ပြန်ခဲ့သော်လည်း အစိုးရဝက်ဆိုက်များတွင် မတွေ့ရသေးပေ။ မနှစ်က ဖဆပလခေတ် ဘွဲ့ဟောင်းများကို ပြန်လည်ချီးမြှင့်စဉ်က ဦးတေဇ၊ ဦးဇော်ဇော်စသည့် လုပ်ငန်းရှင်များနှင့် တိုင်းမှူးများကို သီရိပျံချီဘွဲ့များပေးသည်ကို အစိုးရဝက်ဆိုက်က ခြွင်းချန်ထားခဲ့သည်။

နဝမဗန်းမော်ဆရာတော်နှင့်ဆိုင်ရာ ဖတ်ရှုလိုလျှင်



11 Responses to “လွတ်လပ်ရေးနေ့ သာသနာရေးဘွဲ့တံဆိပ်များ ကြေညာ”

  1. လာလည်သွားတယ်ဗျို့..ဟဲဟဲ..

  2. 2 မမအေး

    ဆရာက ဟင်းလေးအိုးကြီးပဲနော်။ ဒီပို့စ်လေး ရှဲပါရစီ

    • 3 bobolansin

      ကျေးဇူးပါ တပည့်ရယ် ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံနိုင်ပါစေ ဟိဟိ

  3. 4 ပြာသို

    လာဖတ်သွားပါတယ်ရှင်။

    လိုင်းပြောင်းသွားပီဆို …

    • 5 bobolansin

      သူသူငါငါ ဘလောက်ဂါ ကျုပ်လဲဘလောက်ဂါး) စောက်ပေါ ကြီးပေါဘလောက်တော့ ဟုတ်ဖူးဗျ

  4. မောင်ရင်တောင် အိမ်နဲ့ ယာနဲ့ ဖြစ်နေပြီကိုး😛

  5. 8 လင်း

    ဒေါက်တာကျော်စော အဖေ မေမြို့မှာ ၉၀တုန်းက အန်အယ်လ်ဒီကနေ ၀င်ပြိုင်တာ အနိုင်ရသွားတယ်.. သားဆေးကုကောင်းလို့ ရွာတွေက မိတ်တွေနဲ့ အဖွဲ့ချုပ်က အန်တီစု အရှိန်နဲ့ရယ်.. နိုင်သာဘဲ… စည်းရုံးရေးတောင် သိပ်မဆင်းလိုက်ရဘူးပြောတယ်..

  6. 9 bobolansin

    အိမ်ဆောက်တာ လှလို့ ဘွဲ့ပေးတာလားမသိ ဟဲဟဲ

  7. 10 တင်မမ

    ဆရာ ဘာများအသစ်တင်မလဲလို့ နေ့တိုင်း လာစောင့်ဖတ်နေပါတယ်

  8. ဆရာဘိုဘိုခင်ဗျ(အများခေါ်လို.လိုက်ခေါ်ကြည့်တာ)
    တချို.အကြောင်းအရာတွေကကျနော်တို.လက်လှမ်းမမှီလို.
    သိခွင့်မရခဲ့တာတွေ၊လေ့လာစရာစာအုပ်စာတမ်းကသိတဲ့အတိုင်း
    ပါးရှားတာတွေကြောင့်ဆရာ့အနေနဲ.မြုပ်နေတဲ့တချို.နိုင်ငံရေးသမိုင်းတွေ
    ကိုရေးပေးစေချင်လိုပါတယ်ခင်ဗျ၊
    ဗမာပြည်ကွန်မြူနစ်ပါတီရဲ.ပဲခူးရိုးမဖြုတ်ထုတ်သတ်လိုကိစ္စမျိုးကို
    ဟိုနေ၀င်းလက်ထက်ကရေးတဲ့စာအုပ်လောက်ပဲဖတ်ဖူးတော့ဆရာ့အနေနဲ.
    ကျနော်တို.လူငယ်တွေကိုအဲ့ဒါမျိုးလေးတွေသိသလောက်ရေးပြစေလိုပါတယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: