ရာဇဝင်ကိုဖြတ်သန်းခြင်း ၁၀ အင်တာနက်ပေါ်က လ္ဘက်ရည်ဆိုင်

21Apr11

လွတ်လပ်တဲ့အာရှအသံ

မင်္ဂလာပါခင်ဗျာ။ ဒီတပတ်တော့ လူမှုမီဒီယာသစ်တွေမှာ သမိုင်း သုတေသနအတွက် အထောက်အထားရှာပုံကို ပြောပါရစေ။

ဒီကနေ့မှာ Facebook ၊ Twitter တို့စတဲ့ မီဒီယာသစ်ကို လူကြီးလူငယ် မရွေး အသုံးများ ရုံမက သတင်းဌာန တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အထိပါ အသုံးချ လာကြတာ တွေ့ရပါတယ်။

မြန်မာတွေကြားမှာတော့ Facebook ဟာ ပြီးခဲ့တဲ့ ( ၂ )နှစ်အတွင်း အတော်လေးလူသိများလာပါတယ်။ ပီးခဲ့တဲ့ ရွေးကောက်ပွဲကို ဝင်သင်မဝင်သင့် ငြင်းခုံချိန်ကစပြီး နိုင်ငံရေးလှုံ့ဆော်စရာမီဒီယာအနေနဲ့ ဘက်ပေါင်းစုံက အသုံးချခဲ့ကြပါတယ်။ အခုတော့ အန်ဂျီအိုတွေ၊ တက်ကြွလှုပ်ရှားသူတွေ နဲ့ အနုပညာသမားတွေ အတွက် ပွဲခင်းကြီးလဲ ဖြစ်နေပါပြီ။ အရင်က အကွဲကွဲအပြားပြား နဲ့ တွေ့ဆုံဘို့ခဲယဉ်းတဲ့ လူမှုအလွှာစုံကလူတွေကို ဒီနေရာမှာ တစုတဝေးထဲ ထိစပ်နိုင်တဲ့အတွက် ဒီ Facebook ၊ Twitter မီဒီယာသစ်တွေဟာ ဘလော့၊ ဝက်ဆိုက် စတဲ့ တခြား အင်တာနက်မီဒီယာဟောင်းတွေထက် ပိုပြီးအသက်ဝင်ပါတယ်။ သဘာဝပိုကျပြီး ဟန်ဆောင်မှုလဲ နဲပါတယ်။

တကယ်တော့ ဒီ မီဒီယာသစ်ဟာ သမိုင်းအတွက် ယူတတ်ရင် အရေးကြီးပါတယ်။

သမိုင်းခြေရာကောက် လိုသူတွေအတွက် ဒီ မီဒီယာသစ်ကနေ အထောက်အထားတွေ၊ ထင်မြင်ယူဆချက်တွေ ရယူနိုင်ပါတယ်။ ဒီ မီဒီယာသစ်မှာ မြန်မာမင်းမျိုးမင်းနွယ်တွေ၊ ခေတ်ဟောင်းက အရာရှိမျိုးဆက်တွေ၊ နောက်ခံမျိုးစုံက မြန်မာနိုင်ငံရေးသမားတွေ၊ အမည်မဖော်လိုတဲ့ မြေအောက်လှုပ်ရှားသူတွေ၊ လူမှုရေး တက်ကြွသူတွေ၊ ပညာရှင်တွေ၊ ရိုးရာယဉ်ကျေးမှုမြတ်နိုးသူတွေ စတဲ့ – နယ်ပယ် အစုံက အထင်အမြင်တွေ ၊ အတွေ့ အကြုံတွေကို ဖလှယ်ကြ၊ ချပြကြ၊ လှုံ့ဆော်ကြတာမို့ ဒါတွေကို စောင့်ကြည့်သုံးသပ်ရရင်ပဲ မြန်မာလူမှု အဖွဲ့အစည်းအတွက် အဖိုးတန်တဲ့ လေ့လာချက်တွေ ထွက်လာမှာပါ။

ဝက်ဆိုက်တွေ ကိုယ်ပိုင်ဘလောက်တွေထက် ပိုကရိကထနဲတဲ့အတွက် လူသုံးပိုများတယ်ထင်ပါတယ်။ သူ့အလွှာလိုက် ဖွဲ့စည်းထားတဲ့ လူမှုရေး ပညာရေး နိုင်ငံရေး ဘာသာရေး မြို့ရေးနယ်ရေးအုပ်စုတွေလဲ ဒီမီဒီယာမျက်နှာစာသစ်မှာ တက်ကြွကြပါတယ်။ ဒီလူမှုအဖွဲ့အစည်းတွေကို လေ့လာသူများဟာ ဒီစာမျက်နှာတွေနဲ့ ကင်းလို့မရပါဘူး။

အခုဆိုရင် မြန်မာသမိုင်းမှာ ထင်ရှားတဲ့မိသားစုတွေကလဲ သူတို့ရဲ့ မိသားစုအစဉ်အဆက် စုဆောင်းလာတဲ့ ရှားပါးဓာတ်ပုံတွေကို ဝေငှကြပါတယ်။ အပြန်အလှန်သုံးသပ်ချက် ပေးတာ တွေကနေ သမိုင်း အစအနတွေ ထွက်လာတတ်သလို၊ သမိုင်းအမြင်ကွဲပြား အငြင်းပွား တာကနေ အတွေးစတွေလဲ ရလာတတ်ပါတယ်။

သမိုင်းလေ့လာမှုမှာ arguement လို့ခေါ်တဲ့ ဆွေးနွေးငြင်းခုံစရာ အတွေးစ တည်ဆောက် ရတာ၊ အကိုးအကားနဲ့ ပညာရပ်လို ရေးသားဝေဖန်ရတာက တခြား ပညာရပ်တွေမှာလိုပဲ မပါလို့ မဖြစ်ပါဘူး။

ဒါကြောင့် ဒီလိုလူမှုမီဒီယာတွေမှာ ပညာရှင်တွေ၊ အတွေ့ အကြုံ ရင့်ကျက်ပြီး အသိအမြင်ကြီး သူတွေနဲ့ လက်လှမ်းမီ တွေ့ဆုံနှီးနှောလို့ရတာက ဒီကနေ့ မီဒီယာသစ်ရဲ့ အားသာချက် ပါ။ အထူးသဖြင့် မြန်မာပြည်မှာ အရင်ကထက်စာရင် အရပ်ဘက်အဖွဲ့အစည်းသစ်တွေ များလာတယ်ဆိုပေမယ့် နိုင်ငံရေးနဲ့ ပညာရပ်ဆိုင်ရာတွေ၊ နှီးနှောဖလှယ်စရာ အသင်းအပင်း အဖွဲ့တွေ၊ နေရာဌာနတွေ ရှားပါး ချုပ်ချယ်ခံနေရသေးတဲ့အချိန်မှာ ဒီလိုမီဒီယာမျိုးဟာ နိုးကြား တက်ကြွတဲ့ သောတုဇန လူကြီး လူငယ်တွေအတွက် တစုံတရာသော အတိုင်းအတာ အထိ အရာရောက် ကျေးဇူးကြီးတာ အမှန်ပါပဲ။

တကယ်တော့ Facebook ၊ Twitter တို့ဟာ လက်ဖက်ရည်ဆိုင်လိုပါပဲတဲ့။ မိတ်ဆွေ တယောက်က ဆိုပါတယ်။ အဟုတ်ပါပဲ။ ရေနွေးကြမ်းဖိုး တပြားမှမကုန်ဘဲ အင်တာနက်နဲ့ လျှပ်စစ်ဖိုးနဲ့တင် နှီးနှော ဖလှယ်ခွင့်ရနေပါပြီ။ ပြည်တွင်းပြည်ပ အဆက်အသွယ်အကူးအသန်း လမ်းမသာသေးတဲ့ ခုအချိန်မှာ ဒီ မီဒီယာကနေတဆင့် နိုင်ငံရေး ယဉ်ကျေးမှု လူမှုပညာရပ် တွေ အတွက် မေးခွင့် မြန်းခွင့် သိကျွမ်းခွင့်တွေ ရလာနိုင်ပါတယ်။ လျှပ်စစ်မီး နဲ့ အင်တာနက်အမြန်နှုန်း နှေးကွေး နေတာက တပိုင်းပေါ့။

အင်တာနက်ထဲက အဆိုစကားတွေ ဟုတ်မဟုတ် ပြန်အကဲဖြတ်ချင့်ချိန်ဖို့ကတော့ ကိုယ့်ရဲ့ ဝမ်းစာ ပညာရပ်နှံ့စပ်မှုကပဲ တတ်စွမ်းနိုင်တာပါ။

ဒီနေရာမှာပြောစရာတခုရှိပါတယ်။ အတိတ်သမိုင်းနဲ့ပတ်သက်ပြီး မြန်မာအစဘယ်ကဆိုတာ ကွဲပြားခဲ့တာထက် ခေတ်သစ်မြန်မာသမိုင်းမှာ အမြင်ကွဲပြားကွာဟမှုက ပိုပြီးကြီးမားနိုင်ပါတယ်။ သမိုင်း၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု ဆွေးနွေးတယ်ဆိုတာ အတော်ကို သဘောထားကြီးကြီးနဲ့သည်းခံတတ်မှ အဆင်ပြေပါတယ်။ ဒါကလဲ အပြင်လောကမှာ လေ့လာ ကွင်းဆင်း စုံစမ်းတဲ့အခါ ကြုံရတတ်တဲ့အနေအထားမျိုးပါပဲ။ ကိုယ့်သုတေသနကို စိတ်ဝင်စားတန်ဘိုးထား ကူညီသူ ရှိသလို ဂွတိုက် နှောင့်ယှက်သူမျိုးလဲ ပေါ်လာတတ်ပါတယ်။

ကျနော့အတွက်တော့ အဖိုးတန်တဲ့ ဓာတ်ပုံအထောက်အထားတွေ၊ ပွင့်ပွင့်လင်းလင်း ထင်မြင် ယူဆချက်တွေ ကို ဒီ Facebook က လူကြီးသူမတွေ၊ အကြားအမြင်များတဲ့လူငယ်တွေ၊ ရကောင်းစရာဌာနတွေဆီကနေ တောင်းခံရယူပါတယ်။ အဲဒါတွေကနေ inspiration ခေါ်တဲ့ အသိအမြင် နိုးကြားမှုကို ယူပါတယ်။ ဖလှယ်သုံးသပ်လိုတာရှိရင်လဲ အဲဒီ မီဒီယာကနေပဲ မျှဝေဖြန့်ချိပါတယ်။

အရှင်မဟာရဋ္ဌသာရရဲ့ သုဏေယျ – ကြားနာရာ၏၊ စိန္တေယျ -ကြံစည်ရာ၏၊ ပုစ္ဆေယျ -မေးမြန်းရာ၏၊ ဘာသေယျ – ပြောဆိုရာ၏၊ ဝိစာရေယျ – စူးစမ်း ဆင်ခြင်ရာ၏ ဆိုတဲ့ သုစိပုဘာ ဝိလိသိဓာဆုံးမစာ ကို ကျနော်တို့ ပညာရပ်လေ့လာမှုတွေမှာ တကယ်အသုံးချကြဘို့ကောင်းပါတယ်။

နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။



6 Responses to “ရာဇဝင်ကိုဖြတ်သန်းခြင်း ၁၀ အင်တာနက်ပေါ်က လ္ဘက်ရည်ဆိုင်”

  1. ဖတ်ရတဲ့ အတွက်ကျေးဇူးပါ..။ နောင်များမှာ ခင်ဗျားရဲ့ ရာဇ၀င်ကိုဖြတ်သန်းခြင်း ဆောင်းပါတွေကို စုပေါင်းပြီး စာအုပ်(၀ါ) အီးဘွခ်လုပ်ရင် ကောင်းမယ်လို့ ထင်ပါတယ်။ ခေါင်းစဉ်တော့ တမျိုးပြန်ပြောင်းချင် ပြောင်းပေါ့.။ ခင်မင်စွာ အကြံပေးတာပါ..

    ခင်မင်လျက်

    ဖိုးသူတော်

  2. သု စိ ပု ဘာ ဝိ လိ သိ ဓာ ကိုလက်တွေ့ အသုံးချသွားပါတယ်ဗျာ…………..

  3. 3 JL

    ကြားကြံပြောမေးစူးရေးကျင့်ကျက်

  4. 5 min htet

    ကိုဘိုဘို
    အင်တာနက်ပေါ်က လက်ဖက်ရည်ဆိုင်ဆိုတဲ့ အနွတ္တသညာလေးကို သဘောကျပါတယ်။ သတငျးဌာနတွေမှာတောင် ဆိုရှယ်မီဒီယာက တဆင့် သတင်းလိုက်နည်း၊ အချက်အလက် စုဆောင်းစစ်ဆေးနည်းတွေကို တခုတ်တရ သင်လာရပါပြီဗျာ။

    • 6 bobolansin

      ဦးမင်းဆီက ရခဲတဲ့မှတ်ချက်အတွက် နက်ဖြန် ထီပြေးထိုးပါ့မယ်ဗျား။ ပေါက်ခဲ့ရင် မမေ့ပါဘူး) ကျေးဇူးအထူး


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: