ခေတ်သစ်မြန်မာသမိုင်းတွင် အရေးပါသည်ထင်သော ဖြစ်ရပ်များ လူပုဂ္ဂိုလ်များ

18Jul11


အောက်ပြည် အင်္ဂလိပ်သိမ်းပီးသည်မှ ယနေ့တိုင်

၁) ၁၈၅၃- ရန်ကုန်မြို့ကို အင်္ဂလိပ်တို့ အသစ်တည်ထောင်ခြင်း

အကျိုးဆက်- မြန်မာမင်းအရိပ်အငွေ့မှလွတ်သည့် ကိုလိုနီအခြေခံစခန်းတခု ပေါ်လာခြင်း၊ ထိုမြို့ကို အခြေပြု၍ စီးပွားရေး၊ ပညာရေး၊ လူမှုခေတ်မီရေး၊ နိုင်ငံရေးပြောင်းလဲမှုများ ဝင်ရောက်လာခြင်း

၂) ၁၈၆၉- စူးအက်တူးမြောင်းဖွင့်ပီး စပါးဈေးတက်လာခြင်း (အမေရိကန်ပြည်တွင်းစစ်အပီး တောင်ပိုင်းက စပါးထွက်လျော့သွားခြင်း)

အကျိုးဆက်- မြစ်ဝကျွန်းပေါ် ဈေးကွက်ပေါ်လာခြင်း၊ မြန်မာလယ်ရှင်လူတန်းစားပေါ်လာခြင်း၊ အိန္ဒိယမှ လယ်ကူလီနှင့် ချတ္တီးယားများဝင်လာခြင်း

၃) ၁၈၈၆ – အထက်ပြည်တွင် ပဒေသရာဇ်စနစ်ကို အင်္ဂလိပ်တို့ အပီးဖျက်ခြင်း

အကျိုးဆက်- ကိုလိုနီလူ့အဖွဲ့အစည်းတခု အမြန်ပေါ်လာခြင်း၊ ကိုလိုနီလွန်အဖွဲ့အစည်းတွင် အင်္ဂလိပ်အလေ့သန် လူရည်တတ်များ ကြီးစိုးခြင်း

၎) ပါတော်မူအပီး ဟံသာဝတီတိုက်က ပိဋကတ်တော်များ၊ ကဗျာရာဇဝင်ကျမ်းဂန်များ စက်တင်ရိုက်နှိပ်ပေးခြင်း

အကျိုးဆက်- ယခင်က နန်းတွင်းနှင့် လူတစုလက်တွင်သာ ကိန်းအောင်းနေသည့် မြန်မာမှုအသိပညာများ ငွေစကြေးစရွှင်လာသည့် လူလတ်တန်းစားများ လက်ဝယ် လွယ်လွယ်ကူကူရောက်လာခြင်း၊ ဘာသာရေးလိုက်စားမှုများလာခြင်း၊ မြန်မာခေတ်သစ်စာပေ စာနယ်ဇင်းများအတွက် လမ်းခင်းပေးခြင်း

၅) ၁၉၃၀- ဆရာစံ လယ်သမားသူပုန်နှင့် လူမျိုးရေး ဘာသာရေးအဓိကရုဏ်းများ (၁၉၃၀၊ ၁၉၃၈)

အကျိုးဆက်- မြန်မာများ လက်နက်စွဲကိုင်၍ အင်္ဂလိပ်အောက်မှ လွတ်မြောက်ချင်စိတ်ပြန်ပေါ်လာခြင်း၊ စီးပွားပျက်ကပ်အတွင်း အကျိုးအမြတ်ပိုခံစားနေသည့် လူမျိုးခြားကို မုန်းတီးစိတ်ကြောင့် တံခါးပိတ် ကိုယ်ကျိုးစီးပွားကာကွယ်သည့် စီးပွားရေးစနစ်မျိုးကို အားသန်လာခြင်း၊ သာတူညီမျှ လက်ဝဲဝါဒခေတ်ထလာပီး လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို လူကြိုက်နဲလာခြင်း

၆) ၁၉၄၅ – ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော် ပြန်ဖွဲ့စည်းခြင်း

အကျိုးဆက်- ဂျပန်သြဇာခံ အဓိကနိုင်ငံရေးအင်အားစု မျိုးချစ်ဗမာ့တပ်မတော်ကို အသက်ဆက်နိုင်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့၏ လွတ်လပ်ရေးကြိုးပမ်းမှုကို အားကြီးစေခြင်း၊ ကွန်မြူနစ်နှင့် ရခိုင်ပြောက်ကျားတပ်များ တိုင်းရင်းသားလက်နက်ကိုင်များ အပြိုင် အင်အားစုလာခြင်း

၇) ၁၉၄၉ – အင်းစိန်တိုက်ပွဲနှင့် ကရင်ဆူပူမှု

အကျိုးဆက်- မြန်မာတို့ တိုင်းရင်းသားများကို ယုံကြည်ပူးပေါင်းလိုစိတ်ထက် လွှမ်းမိုးချေမှုန်းလိုစိတ် ပိုလာခြင်း၊ ပြည်တွင်းစစ်ကို နိုင်ငံရေးအရ မစေ့စပ်ပဲတိုက်မည့် ဗမာတပ်များကို အင်အားသြဇာကြီးစေခြင်း၊ လူမျိုးစုနိုင်ငံရေး ပိုမိုအစွန်းရောက်သွားခြင်း

၈) ၁၉၅၀ – ၁၉၆၁ သာသနာရေးလှုပ်ရှားမှုများ (တိပိဋကဓရစာပြန်ပွဲ၊ သာသနာ့နုဂ္ဂဟအသင်း၊ ဆဌသင်္ဂါယနာ၊ ဓမ္မ န္တရာယ် စစ်ဆင်ရေး၊ နိုင်ငံတော်ဘာသာ)

အကျိုးဆက်- ကွန်မြူနစ်လှုပ်ရှားမှုကို အားပျော့အောင် ဘာသာရေးအရ စစ်ဆင်သည့်အလေ့ပေါ်လာခြင်း၊ နိုင်ငံရေးတွင် ဘာသာရေးရောယှက်လာခြင်း၊ မကြေညာသော ဘာသာရေး လူမျိုးရေးခွဲခြားမှုများကြောင့် ဒီမိုကရေစီဆုတ်ယုတ်ခြင်း၊ အုပ်ချုပ်ရေးလူတန်းစား သာသနာ့ဒကာ ပဒေသရာဇ်ဆန်လာခြင်း

၉) ၁၉၅၈ – ၁၉၆၉ အရပ်သားနိုင်ငံရေးကို တပ်မတော်က အစဉ်ချုပ်ကိုင်နိုင်သည့် ဖြစ်စဉ်များ ( ဖဆပလပြိုကွဲခြင်း၊ လမ်းစဉ်ပါတီပေါ်လာခြင်း၊ ပြည်သူပိုင်သိမ်းခြင်း၊ တပ်မတော်ခေါင်းဆောင်ပိုင်းကို သန့်စင်ဖယ်ရှားခြင်း)

အကျိုးဆက်- ခြစားနှေးကွေးသည့် ဗျူရိုကရေစီအုပ်ချုပ်ရေးနှင့် အတိုက်အခံဖိနှိပ်ရေးယန္တရား အားကြီးလာခြင်း၊ အာဏာရလူတန်းစားတွင်း ပြိုင်ဆိုင်မှုများက အာဏာရှင်အုပ်ချုပ်ရေးကို ပိုခိုင်မာစေခြင်း

၁၀) ၂၀၀၀ ပြည့်လွန် – အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားကူးသန်းအားကောင်းလာခြင်းနှင့် ကမ်းလွန်ရေနံထွက်ရှိမှုများ

အကျိုးဆက်- ကွန်ပရာဒိုအရင်းရှင်စနစ် ပြန်ပေါ်လာခြင်း၊ ခေတ်မီပြောင်းလဲရေးလမ်းဖွင့်လိုသော စစ်လူတန်းစားအချို့ရှိလာခြင်း

လူပုဂ္ဂိုလ်များ

လော့ရန်းဒေါ့ဖ်ချာချီ

လယ်တီဆရာတော်

သခင်ဘသောင်း

ပါမောက္ခဦးဖေမောင်တင်

ပါမောက္ခသခင်ကိုယ်တော်မှိုင်း

ရွှေတိုင်ညွန့်

ဗိုလ်ချုပ်အောင်ဆန်း

စတာလင်၊ မော်စီတုန်း

စောဘဦးကြီး

ကြည်ကြည်ဌေး

ဗိုလ်မှူးချုပ်မောင်မောင်

ပန်းချီဦးဘကြည်

ဒေါ်အောင်ဆန်းစုကြည်

ဂျင်းရှပ်



2 Responses to “ခေတ်သစ်မြန်မာသမိုင်းတွင် အရေးပါသည်ထင်သော ဖြစ်ရပ်များ လူပုဂ္ဂိုလ်များ”

  1. ထပ်ဖြည့်ဦးမှာလား..ကိုဘိုဘို…

း)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: