၂၀၁၂ မှတ်တရ

11Jan12

၂၀၀ ပြည့်

ဆီးပန်းနီဆရာတော် (မြန်မာ ၁၁၇၃-၁၂၅၀) ဇန်နဝါရီ ၉
စလေဦးပုည (မြန်မာ ၁၁၇၄၊ ၁၁၇၅၊ ၁၁၇၈ – ၁၂၂၉) ၁၉၆၃ က ၁၅၀ ပြည့်ကျင်းပ

ရာပြည့်

ဂျာနယ်ကျော်ဦးချစ်မောင် (၁၉၁၂-၁၉၄၆) ဇန်နဝါရီ ၁
ရွှေကိုင်းသား (၁၉၁၂-၁၉၈၇) ဇန်နဝါရီ ၅
မဟာသီရိသုဓမ္မဒေါ်ခင်ကြည် (၁၉၁၂-၁၉၈၈) ဧပြီ ၁၆
ပန်းချီဦးဘကြည် (၁၉၁၂-၂၀၀၀) ဇူလိုင် ၁၆
နမ့်ခမ်းဦးထွန်းအေး (၁၉၁၂-၂၀၀၂) ရှမ်းပြည်နယ်ဥက္ကဋ္ဌဟောင်း ဇူလိုင် ၂၀
မိုးမိတ်စော်ဘွား စဝ်ခွန်ချို (၁၉၁၂-၁၉၉၀) MA (Cantab) ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း သြဂုတ် ၁၉
မဟာသရေစည်သူပင်လုံဦးဖေခင် (၁၉၁၂-၂၀၀၄) ဝန်ကြီး၊ သံအမတ်ဟောင်း သြဂုတ် ၂၇
ပြည်လှဖေ (၁၉၁၂-၁၉၉၀) စက်မှု ၂ နှင့် ယဉ်ကျေးမှုဒုဝန်ကြီးဟောင်း အောက်တိုဘာ ၂၃
ဦးရာရှစ် (၁၉၁၂-၁၉၇၈) တကသ ဗကသဥက္ကဋ္ဌ၊ ဝန်ကြီးဟောင်း နိုဝင်ဘာ ၁
နှုတ်ခမ်းမွေးကြီးလွင် (၁၉၁၂-၁၉၇၈) စစ်ထောက်လှမ်းရေးညွှန်မှူး၊ နိုင်ငံတော်ကောင်စီဝင် ဒီဇင်ဘာ ၁၀
ဗကပဥက္ကဋ္ဌဟောင်း သခင်ဇင် (၁၉၁၂-၁၉၇၅)
ဗိုလ်မှူးစိန်မှန် (၁၉၁၂-၁၉၄၉) ဝန်ကြီး၊ အထူးစစ်မင်းကြီး
ရာဇဝင်ဝတ္ထုရေးဆရာ ရွှေစကြာ(၁၉၁၂-၁၉၇၈)
အေဝမ်းညွန့်မောင် (၁၉၁၂-၁၉၈၃) သူချစ်၊ ငဘ
ပထမမြန်မာပါမောက္ခမောင်တင်ကို ရန်ကုန်ကောလိပ် ပါဠိနှင့်အရှေ့တိုင်းပညာဌာနတွင်ခန့်
ဦးလတ်၏ စပယ်ပင်ဝတ္ထု
မြန်မာ့အလင်းမဂ္ဂဇင်းစထုတ်

နှစ် ၉၀ ပြည့်

မြို့တော်သိန်းအောင် (၁၉၂၂-၁၉၉၀) ဇန်နဝါရီ ၂
ဂါးဒီးယန်းဦးစိန်ဝင်း (၁၉၂၂ မွေး) ဖေဖော်ဝါရီ ၁၂
ဗိုလ်ရဲထွဋ် (၁၉၂၂ မွေး) လက်ဝဲညီညွတ်ရေးကောင်စီဝင်၊ ဗကပ ပြည်သူ့တပ်မတော်စစ်ဦးစီးမှူး၊ မဆလဗဟိုရေးရာဌာနကြီးအတွင်းရေးမှူး ဖေဖော်ဝါရီ ၂၅
စည်သူဗိုလ်ကလေးတင့်အောင် (၁၉၂၂ မွေး) ဇွန် ၃
ပဒေသရာဇ်ရှမ်းပြည်နယ်များဖွဲ့စည်း ၁၉၂၂ အောက်တိုဘာ ၁
ဒိုင်အာခီပထမလွှတ်တော်ရွေးကောက်ပွဲလုပ် ၁၉၂၂ နိုဝင်ဘာ ၂၁။ မဲပေးခွင့်ရှိသူ ၁၇သိန်းခွဲတွင် တသိန်းကျော် (၅.၉၂ %) မဲပေး။
ဦးအောင်သော် ရှေးဟောင်းသုတေသနညွှန်ကြားရေးဝန် (၁၉၂၂- ၁၉၉၅) ဒီဇင်ဘာ ၁၀
ဗန်းမော်ညိုနွဲ့ (၁၉၂၂-၂၀၀၉) ဒီဇင်ဘာ ၂၇
ဗိုလ်မှူးချစ်ကောင်း (၁၉၂၂-၁၉၆၆)
မေလှမြိုင် (၁၉၂၂- ၁၉၇၃)
မောင်ခင်မောင်၏ ဗညားနွဲ့ဝတ္ထု၊ မစ္စတာမောင်မှိုင်း မျောက်ဋီကာ၊ လယ်တီပဏ္ဍိတဦးမောင်ကြီး စာဏကျနီတိကျမ်းများထွက်။

နှစ် ၈၀ ပြည့်

ဒုဝန်ကြီးဟောင်း ထီလာစစ်သူ (၁၉၃၂-၂၀၀၉) ဧပြီ ၁၈
နိုင်ငံတော်ကောင်စီဝင်ဟောင်း မြန်မာသမိုင်းအဖွဲ့ဒုဥက္ကဋ္ဌဟောင်း စိုင်းအောင်ထွန်း MA (Denver) (၁၉၃၂ မွေး) ဇူလိုင် ၃
ခေတ်ပေါ်ကဗျာလှုပ်ရှားမှု မင်းလှညွန့်ကြူး (၁၉၃၂-၁၉၉၂) သြဂုတ် ၈
ပညာရေးဝန်ကြီးဟောင်း စည်သူဒေါက်တာကျော်စိန် (PhD. Columbia) (၁၉၃၂ မွေး) သြဂုတ် ၂၁
ပထမမြန်မာမိန်းမမင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ အရွေးခံရ နိုဝင်ဘာ ၁၆ (မော်လမြိုင်သူဌေးဦးသာညှင်းသမီး၊ ပျဉ်းမနားအမတ်ဦးချစ်ဆွေကတော်၊ လွှတ်တော်ဥက္ကဋ္ဌဦးချစ်လှိုင်နှမ)
ဦးသုဝေ (၁၉၃၂ မွေး) ဒီဇင်ဘာ ၃၁
ရတနာနတ်မယ် (ဂျွန်ရို့စ်ဘယ်လာမီ) သမ္မတကတော်ဟောင်း (၁၉၃၂ မွေး)
ရွှေစကြာ နားခံတော်ဝတ္ထု၊ ဦးထွန်းဘေ၏ မြန်မာစာနိဒါန်း၊ မဟာဆွေ၏ ဘိုးဝဇီရ၊ ပုဂံဝန်ထောက်ဦးတင်၏ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း စာအုပ်များထွက်။ ကြီးပွားရေးမဂ္ဂဇင်းနှင့် တက္ကသိုလ်သမဂ္ဂမဂ္ဂဇင်းစထုတ်။

၇၅ နှစ် ပြည့်

သန်းဖေလေး (၁၉၃၇-၂၀၀၁) ဇန်နဝါရီ ၃
ကဗျာဆရာ ကြည်အောင် (၁၉၃၇-၂၀၀၉) ဖေဖော်ဝါရီ ၂၇
အိန္ဒိယမှ သီးခြားအုပ်ချုပ်ရေးစ၊ ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရဖွဲ့ (ပထမခေတ်သစ်မြန်မာအစိုးရ) ဧပြီ ၁
တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူးဟောင်း စည်သူဒေါက်တာသော်ကောင်း (၁၉၃၇ မွေး) ဒီဇင်ဘာ ၁၇
အဆွေးပလ္လင်မှ တေးသခင် ကိုတင်လှိုင် (၁၉၃၇ မွေး)
မော်ဘီဆရာသိန်း၏ မြန်မာဝန်ကြီးမှူးကြီးများအကြောင်း၊ ပစပ်ရာဇဝင်၊ မဟာဆွေ၏ ပျို့တောင်ပြုံး၊ ဈေးချိုသူ၊ ဝါဝါဝင်း၊ သိန်းဖေမြင့်၏ တက်ဘုန်းကြီး၊ ဆရာလွန်းအတ္ထုပ္ပတ္တိ၊ ဦးဘခိုင်၏ မြန်မာပြည်နိုင်ငံရေးရာဇဝင်စသည်တို့ထုတ်။
နဂါးနီစာအုပ်တိုက်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းတို့တည်ထောင်။

နှစ် ၇၀ ပြည့်

မြန်မာပြည်တွင်း ဂျပန်စစ်မီးကူး ဇန်နဝါရီ၊ ထိုမှ ပြည်တွင်းစစ်၊ ကျူးကျော်စစ်များ ယခုထိဖြစ်ဆဲ။
မောင်ခင်မင် (ဓနုဖြူ) (၁၉၄၂ မွေး) ဇန်နဝါရီ ၂
ကန့်ဘလူ ဂါးဒါဗိုလ်တဲတွင် သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂) အသတ်ခံရ ဇွန် ၆
ဒေါက်တာတင်သိန်း PhD (Sorbonne) ရန်ကုန်တက္ကသိုလ်ဘူမိဗေဒပါမောက္ခဟောင်း စက်တင်ဘာ ၆ ။ ပုံတော်ပုံညာပရိုင်းမိတ်ပညာရှင်၊ လူသားအစ မြန်မာက (၂၀၀၁)ရေး။
အကယ်ဒမီ မြတ်မွန် (၁၉၄၂ မွေး)
စာရေးဆရာမဂ္ဂဇင်းထုတ်။

နှစ် ၆၀ ပြည့်

ပြည်တော်သာညီလာခံ ၄ – ၁၇ သြဂုတ် ၁၉၅၂
ဂျာနယ်ကျော်တင့်ဆွေ၏ သတင်းစာအခြေခံပညာ၊ သခင်မြသန်း၏ မမိုးစွေ၊ ဗန်းမော်တင်အောင်၏ ပြည်တော်သာခင်ခင်ဦး၊ သိန်းဖေမြင့် ဇာတ်ဆရာဦးဖိုးစိန်၊ တက္ကသိုလ်ကျော့ရှင်း ဆန္ဒ၊ ဦးဝန်၏ တက္ကသိုလ်မြန်မာအဘိဓာန် (အပိုင်း ၁)၊ တက္ကသိုလ်မြန်မာသတ်ညွှန်းကျမ်းများထွက်။
စာပေဗိမာန်နှင့် မြဝတီမဂ္ဂဇင်းများစထုတ်။
ရုပ်ရှင်ထူးချွန်ဆုစပေး၊ အမေရိကန်ကား Road House ကိုမှီးသော မာလာရီမှ ကျော်ဝင်းနှင့် ချစ်သက်ဝေ ကြည်ကြည်ဌေးတို့ပထမဆုံးရ။

နှစ် ၅၀ ပြည့်

ဖက်ဒရယ်ဆွေးနွေးပွဲနှင့် ဒုတိယစစ်အာဏာသိမ်းပွဲ မတ် ၂ ၁၉၆၂
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြေညာ ဧပြီ ၃၀ ၁၉၆၂
ပထမဆုံး အသေအပျောက်များစွာ နှိမ်နင်းခံရသော ကျောင်းသားလှုပ်ရှားမှု ဆဲဗင်းဂျူလိုင်အရေးအခင်း ဇူလိုင် ၇ ၁၉၆၂
ခင်နှင်းယု ပန်းပန်လျက်ပါ၊ မောင်သုတ စာဆိုတော်များအတ္ထုပ္ပတ္တိ၊ ဗိုလ်မှူးဘသောင်း ဗမာ့တော်လှန်ရေးသမိုင်း၊ ဦးဖိုးလတ် မြန်မာစကားအဖွင့်ကျမ်း (ပ တွဲ)များ ထွက်။
ကမ္ဘာဧ အမျိုးသားစာပေညီလာခံကျင်းပ။
အတွေ့၊ ရွှေရင်သိမ်းသစ်၊ Mar de Gras မောင်တို့ချယ်ရီမြေဇာတ်ကားများထွက်

နှစ် ၄၀ ပြည့်

အတွင်းဝန်ရုံးဖျက်သိမ်း အုပ်ချုပ်ရေးသစ်စ မတ် ၁၅ ၁၉၇၂
နိုင်ငံရေးအရခန့်ထားသော ဒုဝန်ကြီး(ပါလီမန်အတွင်းဝန်)နှင့် အရာရှိထဲမှဒုဝန်ကြီး(အတွင်းဝန်)စနစ်မှာ ပျောက်မသွား။ ညွှန်ကြားရေးဝန်မှ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်။
ဗိုလ်ချုပ်ကြီးအဂ္ဂမဟာသီရိသုဓမ္မ နေဝင်း ဗိုလ်မှူးကြီးများနှင့်အတူ တပ်မတော်မှအနားယူ တော်လှန်ရေးကောင်စီနှင့် မဆလဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်တာဝန်များဆက်ထမ်းဆောင် ဧပြီ ၂၀ ၁၉၇၂
စာရေးဆရာမစိန်စိန် (၁၉၂၇-၁၉၇၂) ဘဝအဆုံးသတ် (ဇွန် ၆)၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကတော် သူနာပြုအသင်းနာယက ဒေါ်ခင်မေသန်း(၁၉၂၇-၁၉၇၂) ဘိလပ်တွင် ဆေးကုရင်းဆုံး (စက်တင်ဘာ ၃၀)
မြသန်းတင့်၏ စစ်နှင့်ငြိမ်းချမ်းရေး ဘာသာပြန် နောက်ဆုံး ၃ တွဲထုတ်၊ အမျိုးသားစာပေဆုရ။
လူထုဦးလှ -ကျွန်တော်မြင်းသမား၊ ကျွန်တော်လှေသူကြီး၊ တိုက်စိုး-ဦးဖိုးကျား၊ မင်းတုန်းမင်း၊ မောင်ထင်- ကမ္ဘာ့ဝတ္ထုတိုများထွက်။

၂၅ နှစ်ပြည့်

၂၅ ကျပ်တန် ၃၅ ကျပ်တန် ၇၅ ကျပ်တန်သိမ်း
(နောက်ဆုံးငွေစက္ကူသိမ်းခြင်း) စက်တင်ဘာ ၅ ၁၉၈၇
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်အဖြစ် ကုလအသိအမှတ်ပြု ဒီဇင်ဘာ ၁၁ ၁၉၈၇
ဂျူး -အမှတ်တရ ထုတ်

နှစ် ၂၀ ပြည့်

ဗိုလ်ချုပ်ကြီးသန်းရွှေ နဝတဥက္ကဋ္ဌဖြစ်၊ အမျိုးသားညီလာခံခေါ်ရေးကြေညာချက်ထုတ် ၂၄ ဧပြီ

ထပ်မံဖြည့်စွက်ရဦးမည်။



10 Responses to “၂၀၁၂ မှတ်တရ”

  1. 1 kyawkhaingtun

    ကိုဘိုဘို ရေ

    ဆီးပန်းနီဆရာတော်ရဲ့ မွေးနေ့ (၉ ဇန်န၀ါရီ) ကို ဘယ်မူကယူတယ်ဆိုတာ ကျနော်သိ ချင်ပါတယ်။ ဖြစ်နိုင်ရင် ဖြေပေးစေချင်ပါတယ်။

  2. ဒီလိုပါ ကိုဘိုဘို
    အဲ့ဒီစာအုပ်တွေမှာဖော်ပြထားတဲ့ မြန်မာသက္ကရာဇ် ၁၁၇၃ ပြာသိုလပြည့်ကျော် ၁ ရက် စနေနေ့ ကို ခရစ်နှစ်ဖလှယ်ရင် ၂၉ ဒီဇင်ဘာ ၁၈၈၁ တနဂ်နွေနေ့ ဖြစ်တယ်လို့ ကျနော်မှတ်သား ထားခဲ့ပါတယ်.(အခုတော့ ဘေးမှာ နှစ်၁၀၀ ပြက္ခဒိန် မရှိလို့ မကြည့်ဖြစ်ပါဘူး)အဲ့ဒီတော့ ဆီးပန်းနီဆရာတော်ရဲ့ဘွဲ့ဟာ အရှင်နာရိန္ဒလို့ ဆိုတဲ့အတွက် အဲ့ဒီရက်က မဖြစ်နိုင်ဘဲ ပျမ်းမျှအနေနဲ့ စနေနေ့နဲ့ကိုက်ညီအောင် ရှေ့ကို
    ၁ ရက်တိုးပြီးဖြစ်ဖြစ် ၁၁၇၃ ပြာသိုလဆန်း ၁ ရက်နေ့ ပဲ ဖြစ်ဖြစ်လို့ မှတ်သားထားမိပါတယ်။ ကိုဘိုဘို အနေနဲ့ ခရစ်နှစ်ဖလှယ်တာ ကို ပြန်ကြည့်ပေးစေချင်ပါတယ်။ မူကွဲအနေနဲ့တော့ မတွေ့မိပါဘူး ။ မန္တလေးတောင်ခြေမှာရှိတဲ့ ဆရာတော်ရဲ့ အရိုးအိုးစေတီမှာလည်း အထက်ပါ မြန်မာသက္ကရာဇ်ကိုပဲ တွေ့ပါတယ်။စာဆိုတော်များအတ္ထုပတ်မှာတော့ ဆီးပန်းနီဆရာတော်ကို ကျနော်မတွေ့မိဘူးထင်ပါတယ်။ ကိုဘိုဘိုအနေနဲ့ (အပန်းမကြီးဘူးဆိုရင်) နှစ်၁၀၀ ပြက္ခဒိန်လည်းအနားမှာရှိရင် ခရစ်နှစ်ဖလှယ်တာကို တစ်ချက်လောက် ပြန်ကြည့်ပေးစေချင်ပါတယ်။ (ကျနော် ဖွားသေနှစ်စာတမ်း ဆိုပြီး စာတမ်း တစ်စောင်ဖတ်ထားပါတယ်။ ကျနော့်ရဲ့စာတမ်းမှာ အခုကျနော်ယူထားသလို ယူထားလို့ပါ။ ) ကျနော့်ကို အခုလို ပြန်လည်ဖြေကြားပေးတဲ့ အတွက် လည်း ကျေးဇူးအများကြီး တင်ပါတယ်။

    ၁ရ

  3. 4 bobolansin

    ခရစ် ၁၈၁၁ ၁၈၁၂ ပဲဖြစ်မယ်။ နှစ်တထောင်ပြက္ခဒိန် ဒေါက်တာသန်းထွန်း ဒေါ်ရီရီတို့လုပ်တာမှာ ပါနိုင်တယ်။ ခေတ်ကာလအလိုက် ထွက်တယ်။ မန္တလေးဥတ္တရလွင်ပြင်စာပေလိုနေရာမှာ ရှိနိုင်တယ်။

  4. ဟုတ်ကဲ့
    ကျနော် ၁၈၁၁ နဲ့ ၁၈၈၁ အရိုက်လွဲသွားတယ်။ ကိုဘိုဘိုပြောတဲ့ ပြက္ခဒိန်တွေကို ကျနော်သိပါတယ်. အဲ့ဒီပြက္ခဒိန်တွေကနေပဲ ကျနော်က ခရစ်နှစ် ဖလှယ်ခဲ့တာပါ
    စာအုပ်ရနိုင်တဲ့နေရာတွေကို လမ်းညွှန်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်.
    မန္တလေးစာအုပ်ဆိုင်တော်တော်များကိုလည်း ကျနော်မွှေနှောက်ခဲ့ဘူးပါတယ်
    အဲ့ဒီတုန်းက ဒီစာအုပ်တွေကို တွေ့လည်းတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်လုပ်နေတဲ့ စာကြည့်တိုက်မှာ ရှိနေတာနဲ့ မ၀ယ်ဖြစ်ခဲ့ဘူး။ အခုက မထင်မှတ်ဘဲနဲ့ ပျဉ်းမနားနေပြည်တော်ကို ရောက်သွားတဲ့ အတွက် မ၀ယ်ဖြစ်ခဲ့တာပါ။ ကျနော့ရဲ့ ဖွားနှစ်ယူဆချက်ကိုရော ကိုဘိုဘို ဘယ်လိုမြင်ပါသလဲ။

    လေးစားစွာဖြင့်

  5. 6 bobolansin

    ဒေါ်ရီရီရဲ့ ၁၇၀၁-၁၈၂၀ မြန်မာ-အင်္ဂလိပ် ပြက္ခဒိန်မှာလည်း တနင်္ဂနွေကျတယ်။ စွယ်စုံကျမ်းမှာ ပြာသိုဆန်း ၁ လို ဦးကြီးဖေရေးတယ်။ ဒီလိုမတိကျတာကတော့ အမှတ်မှားခြင်း၊ ပြက္ခဒိန်အကြည့ှ်မှား၊ အမှားကြည့်မိခြင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။

  6. 7 bobolansin

    sorry လဆုတ် ၁

  7. မနေ့ ၃၀ ရက်နေ့က comment တစ်ခု ကျနော် ၀င်ရေးခဲ့ပါသေးတယ်။ librarykkt အမည်နဲ့ပါ။ မထင်မှတ်ဘဲ ပျက်သွားတယ် ထင်တယ်။ အကြောင်းအရာကတော့ လဆန်းမဟုတ်ဘဲ လပြည့်ကျော် ဖြစ်ကြောင်းပါ။

  8. 9 thant

    Min Latt ရဲ့ Mainstreams in Burmese Literature ဘယ်မှာ ရနိုင်မလဲဗျာ။ ဆရာမင်းလတ်ရဲ့တူ စာရေးဆရာဦးကျော်ဇော (မောင်ကြော့ဝေ) က လိုချင်နေလို့ပါ။

    • 10 bobolansin

      ကျနော် ဓာတ်ပုံရိုက်ပေးမယ် ဦကြော့ဝေကို တွေ့ဖူးသလို မှတ်တယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: