ရွှေစလွယ် ငွေစလွယ်

23Jan12

ဖဆပလအစိုးရက အလည်အပတ်ချစ်ကြည်ရေးရောက်ရှိလာသော ပြည်ပခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ဘွဲ့ထူးများအပ်နှင်းတတ်သလို အပြန်အလှန်ချီးမြှင့်မှုများလည်းရှိသည်။

အဂ္ဂမဟာသီရိသုဓမ္မ ယူဂိုစလားဗီးယားသမ္မတ မာရှယ်တီးတိုး ၁၉၅၅ (ရန်ကုန်တက္ကသိုလ်ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့နှင်း)
။ ယိုးဒယားဝန်ကြီးချုပ် မာရှယ်ဆွန်ဂရမ် ။
။ ရေတပ်ဗိုလ်ချုပ်ကြီးမောင့်ဘက်တန်အော့ဖ်ဘားမား ၁၉၅၆
။ ယိုးဒယားဘုရင် ဖူမိဖုံ အဒူရဒတ်ခ်ျ ၁၉၆၀

အဂ္ဂမဟာမေတ္တာသီရိဓရ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း ၁၉၆၁ (တရုတ်-မြန်မာနယ်နိမိတ်စာချုပ်အထိမ်းအမှတ်)

သတိုးသီရိသုဓမ္မ ဂျေအက်စ်ဖာနီဗယ် ၁၉၅၀

အဂ္ဂမဟာသရေစည်သူ အလက်ဇန္ဒာရင်ကိုဗစ် ဒုဥက္ကဋ္ဌ၊
ယူဂိုပြည်သူ့အုပ်ချုပ်ရေးကောင်စီ ၁၉၅၅
။ ကိုချားပိုပိုဗစ် ယူဂိုနိုင်ငံခြားရေးဝန်ကြီး
။ ဂျိုဗင်ဗီဆယ်လီနော့ဗ်၊ ဥက္ကဋ္ဌ၊ ဆားဗီးယားပြည်သူ့သမ္မတနိုင်ငံအုပ်ချုပ်ရေးကောင်စီ
။ အိုင်ဗင်ကရာဂျာဆစ်၊ ဒုဥက္ကဋ္ဌ၊ ကရိုရှီးယားပြည်သူ့သမ္မတနိုင်ငံအုပ်ချုပ်ရေးကောင်စီ
။ ဘုရင်ခံဟောင်းဆာဟူးဘတ်ရန့်စ် ၁၉၅၆
။ ဗြိတိသျှသံအမတ် လော့ဒ်အော့ဂ်မိုး
။ ဖီးမာရှယ်ဖင်ချွန်ဟာဗန်၊ ထိုင်းစစ်ဦးစီးချုပ်ဟောင်း ၁၉၅၇ (ချတ်တီချိုင်း၏ဘခင်)
။ ဖီးမာရှယ်ဆရစ်၊ ထိုင်းစစ်ဦးစီးချုပ် (အာဏာသိမ်းဝန်ကြီးချုပ်ဖြစ်လာ)
။ ထိုင်းလေတပ်ဦးစီးချုပ်
။ ရဲချုပ်ဂျင်နရယ်ဖောင် (ဒုတိယထိုင်းချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်)

သတိုးမဟာသရေစည်သူ ကရာစတိုဘူရာဂျစ် ယူဂိုသံအမတ် ၁၉၅၅
။ ဒေါက်တာဂျိုဇာဗီးလ်ဖင် ယူဂိုအတွင်းဝန်ချုပ်
။ ဒုရေကြောင်းတပ်ဗိုလ်ချုပ် မိတ်ဂျာကိုဗစ်၊ ယူဂိုရေတပ်ဦးစီးချုပ်
။ တရုတ်ဒုဝန်ကြီးချုပ် မာရှယ်ချင်ယီ ၁၉၆၁
။ တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီး ချန်ဟန်ဖူး
။ ကင်ပြောင်

မဟာသရေစည်သူ ဗိုလ်မှူးချုပ် ဗီလင်ဇီဇဲလ်ခ်ျ၊ ယူဂိုသမ္မတအတွင်းရေးမှူး ကိုယ်ရံတော် ဗိုလ်မှူးချုပ် ၁၉၅၅
။ ဗိုလ်မှူးချုပ် ဗီလိုစ် စုမွန်ဂျာ၊ အတွင်းဝန် ၊ ယူဂိုလက်နက်ကိုင်တပ်ပေါင်းစုသေနာပတိချုပ်ရုံး
။ ဂျိုဗန်ကာပီစစ်၊ အတွင်းဝန်၊ ယူဂိုပြည်တွင်းရေးရာအတွင်းဝန်များရုံး
။ ဒုရေကြောင်းတပ်ဗိုလ်ချုပ် ဂျိုစစ်ဆာနီ၊ ချစ်ကြည်ရေးအဖွဲ့ဦးစီးဗိုလ်ချုပ်
။ ဗိုလ်မှူးကြီး ချတ်တီချိုင်း ချွန်ဟာဗန်၊ တရုတ်ဖြူဆုတ်ခွာရေး လေးနိုင်ငံကွန်ဖရင့် ထိုင်းအဖွဲ့ခေါင်းဆောင်နှင့်
ပထမ မြန်မာပြည်သွား ထိုင်းချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်
(နောင်ဝန်ကြီးချုပ် ၊ ဘခင်နှင့်အတူရ) ၁၉၅၇
။ ကူမင်တန်ဆုတ်ခွာရေးအဖွဲ့ ပြန်ကြားရေးအရာရှိ ထိုင်းဗိုလ်မှူးချုပ်
။ ရန်ကြီးအောင်စစ်ဆင်ရေး ကူမင်တန်နှိမ်နင်းရေး ထိုင်းတပ်မှူး ရဲဗိုလ်မှူးချုပ်
။ ထိုင်းနိုင်ငံခြားရေးညွှန်ကြားရေးဝန်
။ လီအိမန်း မြန်မာပြည် တရုတ်သံအမတ် ၁၉၆၁
။ သောချုံမင်း တရုတ်-မြန်မာနယ်နိမိတ်ပူးတွဲကော်မတီအဖွဲ့ခေါင်းဆောင်
။ ဗိုလ်ချုပ်တင်ရုန်းချန် အဖွဲ့အကြံပေးအရာရှိ

မဆလခေတ်တွင် အတွင်းဝန်ဟောင်းဘော့တွန်မလေနှင့် ဂျပန်စစ်အရာရှိများကို အောင်ဆန်းတံခွန်ဘွဲ့များပေးခဲ့သည်။

၁၈၇၁ သံအဖွဲ့ခေါင်းဆောင် ကင်းဝန်မင်းကြီးအား ပြင်သစ်အစိုးရက ဂရန္ဒောပစ္စေယတံဆိပ်၊ အီတာလျံဘုရင်က ဂရန္ဒောပစ္စေယေ ကုရုန္ဒီကာလီတံဆိပ်၊ ဂရန်ကော်ရတွန် ရင်သိုင်းစလွယ်နှင့်တံဆိပ်၊ ၁၈၇၆ တွင် သံတော်ကြီး ဦးခြိမ့်အား အီတာလျံဘုရင်က ဂရန်ဒေါပစ္စယေခေါ် ဒုတိယတံဆိပ်ဘယက်၊ စပိန်နှင့် ပူတကေမင်းများက ဂရန်ကော်ရတွန်ခေါ် ပထမရင်သိုင်းတံဆိပ်ဘယက်များ ချီးမြှင့်ခဲ့သည်။ မြန်မာဘက်မှလည်း ၁၂ သွယ် ၉ သွယ် ရွှေစလွယ်များ အပြန်အလှန်ချီးမြှင့်လေ့ရှိသည်။ ဂျပန်ခေတ်ကလည်း အဓိပတိဒေါက်တာဘမော်ကို ဂျပန်ဘုရင်က တိုကျိုတွင် တက်နေဝန်းတံဆိပ်ချီးမြှင့်သည်။ ဂျပန်ပေးဓားလွယ်ကိုယူမိသော တရားဝန်ကြီး ဆာမြဘူး အင်္ဂလိပ်ပြန်အဝင် ရာထူးပြုတ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်းကို ယူဂို၊ ထိုင်းနိုင်ငံများမှ အမြင့်ဆုံးဘွဲ့များအပြင် အမေရိကန်အစိုးရက လီဂျင်းအော့ဖ်မဲရစ်စစ်သည်ဘွဲ့ ပင်တဂွန်ဌာနချုပ်တွင် ၁၉၅၆ က အပ်နှင်းခဲ့သည်။ ၁၉၆၀ က ဖိလစ်ပိုင်ကပေးသော ရေမွန်မက်ဆေးဆေးဆုကိုကား ငြင်းခဲ့သည်။ အခြား ရေမွန်မက်ဆေးဆေးဆုရမြန်မာများမှာ နေရှင်းဦးလောရုံ၊ ဒေါ်တီတီလုစ် (အမေ့ကျောင်း)၊ ဒေါက်တာစင်သီယာမောင်နှင့် အခြားကရင်လူမျိုး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတဦးဖြစ်သည်။



No Responses Yet to “ရွှေစလွယ် ငွေစလွယ်”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: