Milestones in the Mirror

07Jul12

သတင်းစာ နာရေးကြော်ငြာ အင်တာနက်မှာ ပါလာတော့ ထင်ရှားသူ ဘယ်သူဘယ်ဝါ ဆုံးတယ်ဆိုတာ တန်းသိလာကြရပီ။ ဗိုလ်ချုပ်နေဝင်း ခယ်မဆုံးတော့ လူမသိတဲ့ အတွင်းရေးတွေ အများကြီး ပါသွားတာပေါ့။ ဦးသက်ထွန်းနဲ့ အေဒါ တရက်ထဲ တဆေးရုံထဲ ဆုံးတော့ ၁၉၅ဝ ကျော် အင်္ဂလိပ် စာရေးဆရာမ တယောက် ဝတ္ထုရေးဘို့ ရန်ကုန် လာတော့ ဂါးဒီးယန်း တိုက်မှာ ပညာတတ် အင်္ဂလိပ် စာရေးဆရာ အုပ်စု ဧည့်ခံပွဲ သတိရတယ်။ လန်ဒန် စိန်ပေါ ဘုရားကျောင်းမှာ ဦးသက်ထွန်း၊ တိုက်စိုးနဲ့ ရူပဗေဒ ပညာရှင် ဦးလှညွန့်တို့ ဂျာမန် ကျောင်းသူ တွေနဲ့ အပေါ်ထပ်က အသံကြားတဲ့ နံရံတွေ တက်ကြည့်တယ် ဆိုတာ အဲဒိဘက် ရောက်ရင် သတိရ နေမှာပဲ။ လန်ဒန်က ရန်ကုန် လောက် မပြောင်းပါဘူး။

ဦးကြည်ခင် မှတ်တမ်းပြုတဲ့ လောပိတ သမိုင်းကလဲ ဗမာ လျှပ်စစ် စွမ်းအင် ကဏ္ဍမှာ အမြဲကိုးကား ရမယ့်စာပါ။ သခင် ချန်ထွန်း ကတော် ကတော့ မန္တလေး နေရှင်နယ် ကျောင်းများ အစမှာ ထောက်မခဲ့တဲ့ စပါး ပွဲစားကြီး ဦးဒေဝ သမီးပါ။ နေရှင်နယ်လစ် လှုပ်ရှားမှု သမိုင်း ရေးလိုသူတွေ ကျောင်းသားဟောင်းတွေ ကျန်တုန်း လိုက် ကောက်သင်းကာက်ဖို့ ကောင်းပီ။



No Responses Yet to “Milestones in the Mirror”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: