လူထု စာပေ

22Jul13
People's Literature

People’s Literature

လူထု ကြီးပွားရေး အကြောင်းဆို၍ ရေးရလျှင် အင်္ဂလိပ်လို အန္နာ အယ်လော့ ၊ မြန်မာလို ဝင်းတင့် စသူတို့ အခိုင်အမာ ရေးပီးရှိနေပီ ဖြစ်သည်။ လူထုဒေါ်အမာ၊ ဦးလှနှင့် မိတ်ဆွေ များ၏ ကိုယ်တွေ့ မှတ်တမ်းများ၊ ပြန်လည် တသချက်များကလည်း စစ်ရှေ့နှင့် စစ်ပီးခေတ် လက်ဝဲ စာပေလောက သမိုင်းကို တထောင့် တနေရာက မှတ်တမ်းပြုနေမည်ဟု ယုံကြည်ပါသည်။ ဖတ်လိုသည်က လူထု၏ ပရိသတ်များ ဆီက ဖြစ်ပါသည်။ နှစ်ပေါင်း ၇ဝ ကျော်အတွင်း လူထုနှင့် အလားတူ စာပေတိုက်များက တင်ဆက်သည့် လက်ရာ တို့ကို ဖတ်ရှု လူလား မြောက်ကြသူများ ရေးသားချက် ထင်မြင် တွေးတော ချက် များကို သိလိုလှသည်။ နမူနာအဖြစ် မြသန်းတင့် ရေးသော ဦးလှ လျှောက်သော လမ်းက စစ်တွင်း တော်လှန်ရေးကြား လူဖြစ်သော မျိုးဆက်၏ စာပေ ခံစားမှုကို လှစ်ပြပါမည်။

ကိုယ့်အတွေ့အကြုံ ပြန်ရေးရလျှင် နယ်ကိုရောက်စဉ်က ပါလာသော စာတအုပ်မှာ တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော်မှတ်မိသမျှ ဖြစ်ပါသည်။ စာအုပ် အထူစား ဖြစ်ပီး တရုတ်ပြည် ခေတ်ဟောင်း ကို မီသော ကနေဒါ သံတမန် တဦး၏ ဘဝ မှတ်တမ်း ဖြစ်ပါသည်။ နောက်ပြန်ဖတ်မှ ထိုစာအုပ် ကို ပြန်လို၍ အမေရိကမှ အောင်အောင် တိတ် (ပန်းချီ) က ပို့ပေးကြောင်း Visions of Shwedagon စာအုပ် အရ သိရသည်။ ထိုစာအုပ်တွင် ယနေ့တိုင် စွဲနေသည် က ဆင်းရဲ နွမ်းပါး လှတဲ့ တရုတ် ပြည်ကြီးဟာ အိပ်ခ်ျအိပ်ခ်ျကွန်း တို့လို ပညာရှိကြီး တွေကို အလှမွေး ထားရအောင် မတတ်နိုင် ပါဘူး ဆိုသည်နှင့် ခပ်ဆင်ဆင် စကား ဖြစ်ပါသည်။ ယနေ့တိုင် မြင်လေရာကို အလှ မွေးထား၍ ရကောင်းသော အရာ ဟုတ်မဟုတ် တိုင်းထွာ တွေးသည့် အကျင့်က ပါလာပါသည်။

စာအုပ်ကြားထဲတွင် ညှပ်ထားသည့် တရုတ် အသံထွက် အမှားအမှန် ဘာသာပြန်သူ လက်ရေး နှင့် ရေးခြစ် ထားသည်တို့ ပါလာသေးသည်။ ရှေးက ပရုဖ် စာပြင်တို့ ခေတ်ကို လွမ်းပါသည်။ တိုက်တွင် ဘုန်းကြီးလူထွက် ဆရာကြီး တယောက် စာပြင် သွားသေး သည်ကို အမှတ်ရ ပါသည်။ ကွန်ပျူတာ ခေတ်မှာ စာတွေ မှားမှား လာကြရာ တလောက စာရေးသမား တယောက်နှင့် စကား စပ်မိရင်း ပွင့်လင်း မိုးလွတ် ကာလတွင် စာတွေ ပလူပျံ ထွက်နေ သော်လည်း စာရေးသူ တိုင်း စာတတ် စာဖတ်သည်ဟု သတ်မှတ် မရတော့ကြောင်း၊ အမှားတွေ ကလည်း ပါစင်အောင် လွဲတာ တွေက တသီကြီး ဖြစ်ကြောင်း၊ မှားကြောင်း သိသူ လည်း မရှိလှ၍ ဟုတ်နေကြပုံမှာ ရင်မနေရကြောင်း .. စသည် ပြောနေရာ ဆရာနှယ် ရေးသူ ဖတ်သူ ရိုက်သူ စက္ကူသည် ၄ ဦး ၄ ဖလှယ် စာအုပ်သည် တွေပါ မကျန် အကျိုး ရှိဖို့က အခရာပဲ။ စာတွေပေါတော့ စာပေါ လောကပေါ့ ဟုတ်ဖူးလားဟု တရားပြရပါသည်။

ထို့နောက် လူထု ဒေါ်အမာ မွေးနေ့၊ ဦးလှ ဆုံးသည့် နှစ်လည် များတွင် လက်ဆောင် ပေးဖို့ စာအုပ် လေးတွေ အမီခွင့်ပြုချက်ရဖို့၊ ချုပ်ဖို့ ကော်ကပ်ဖို့ စတာတွေ လုံးပန်းကြသည့် တချိန်ကို သွားမြင်မိ ပါသည်။ ဤသို့နှင့် လူထု သတင်းစာ ရွှေရတု စာအုပ်မှာ စိစစ်ရေးက ကျမလာ တော့ဘဲ လက်ခံပါ ပျောက်နေသည်ကို သတိရ နေပါသည်။ စာအုပ်ပုံလေး ရာဂဏန်းကို ကြည့်ပီး မွေးနေ့လာ ပရိသတ် ကို ဝေငှရတာ ပျော်နေသည့် ဒေါ်အမာ့ မျက်နှာကို မြင်ပီးနောက် စာအုပ်ဖွင့်ပွဲဆိုပီး စာအုပ်တွေ ရောင်းကြသည့် အနောက်ဓလေ့ မြန်မာကို ရောက်နေသည်ကို သတိပြုမိသည်။ အရင် ကတော့ ဒီထက် ကောင်းတဲ့ စာအုပ်တွေ ဗမာပြည်မှာ ထုတ်လာတာ ရွှေဥဒေါင်း လက်မှတ်ထိုးပွဲလဲ စာထဲ မမြင်မိခဲ့။

လူထုသမိုင်းတွင် ဝါဒစွဲ ပြင်းသည့် စာတွေ ထုတ်ခဲ့သော်ငြား ဝမ်းရေးအတွက် လှုပ်စာ ပွက်စာတွေ မချခဲ့သည်ကို ကျေးဇူးတင်ရပါသည်။ တစ်တီတူးထောင် စပ်ယှက်နည်း စသည့် ဃရာဝါသ ကိစ္စတွေ တလှေကြီးနှင့် ဆရာကြီး ရွှေဥဒေါင်း ပြုစုသော ကာလီဒါသ ၂ ၏ ကြာခြည် သဘာဝ အစစ် စာအုပ်ကြီး မှာ အဖိုးကြီးကို အားနာ၍ (အမှန်တော့ ကြောက်၍) ရိုက်ပေးခဲ့ ရသည် ဟု ဒေါ်အမာ ပြောခဲ့ သည် ကို မှတ်မိ ပါသည်။ တအုပ်ချင်း၏ ရာဇဝင်နှင့် ပတ်သက်၍ ကျွန်မ ရေးတဲ့ စာတစ်အုပ် ဟု ဒေါ်အမာ့ စာအုပ်များ အကြောင်း ရေးသူ ကိုယ်တိုင် ဆောင်းပါး ရှည်ကြီးနှင့် မှတ်တမ်းတင် ခဲ့ပီး ဖြစ်သည်။ ကျန်သည့် တိုက်ထုတ် စာအုပ် တအုပ်ချင်း စာအုပ်သမိုင်း နှင့် သြဇာပျံ့နှံ့ပုံ ကို စုစည်း ရေးထုတ် ကြမည် ထင်ပါသည်။ ရှေးဦးထုတ် ရှားပါး စာအုပ်များကို မူလ အဖုံး စာလုံးပုံနှင့် မူမပျက် ပြန်ထုတ်သင့် သည် ထင်ပါသည်။ တကယ့် ဗမာမ ဆိုသည့် သူရိယ ကန္တိ၏ ဝတ္ထုမှာ စစ်ပီးစ ထုတ် ဖြစ်သော်လည်း အဟောင်းဆိုင် တဆိုင်တွင် တခါက မြင်ဖူး သည်သာ ရှိသည်။ ထိုထက် လူထု သတင်းစာ နှင့် ဂျာနယ်များပါ ဆောင်းပါး ခေါင်းကြီး ကာတွန်း စသည် များမှာ စာပေ ယဉ်ကျေးမှု လိုလားသူ တို့အတွက် အဖိုးတန် အမြုတေ သိုက်ကြီး ဖြစ်ပါသည်။

အစဉ်အဆက် ကမ္ဘာ့ အခြေပြ ဘာသာပြန်များ၊ အာဖရိက ဝတ္ထုများ၊ ထိုင်းဝတ္ထုများ စသည့် နိုင်ငံတကာ လူ့အဖွဲ့ အစည်း က ဘဝစုံ ကိုလည်း လူထုက ပြ၍ သိရပီ။ ထို့အတူ မြန်မာ ဇာတ် သဘင်၊ လှေသူကြီး၊ ဘိန်းသမား အစ ထေရ်ကြီး ဝါကြီး များ ဖြစ်စဉ်ပါ မကျန် နောက်ခံစုံနှင့် တင်ဆက်၍ လူယောက်ျားနှင့် မိန်းမတို့ ဘာဝ စိတ်ကူးယဉ် စာမျိုး ကို လွန်ကာ မိမိဘဝ အိမ်တံစက် မြိတ်ပြင် က ဘဝ တွေကို ငဲ့စောင်း ကြည့်ရမှန်း သိသည့် စိတ်များ စာဖတ် သူတို့ ဓာတ်ခံတွင် အရိပ်ဟပ် နိုင်ခဲ့သည် မှာလည်း လူထု အခြေပြု စာ၏ ကျေးဇူး ဖြစ်ပါသည်။ လူထု သည် မြန်မာ့ ခေတ်သစ် ပြောင်းရေး တွင် ဆက်၍ တတပ် တအား ပြုနိုင်ပါစေ သတည်း။



No Responses Yet to “လူထု စာပေ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: