၂ဝ၁၄ အမှတ်တရများ

23Dec13

၁၅ဝ ပြည့် မြန်မာစာ ညွန့်ပေါင်းကျမ်းပြု ဦးကျော်ထွန်း (စက် ၅ ) ၊ ကျောက်စာဝန်ဟောင်း တော်စိန်ခို (ဒီ ၇)

ရာပြည့်- ပထမ ကမ္ဘာစစ် (ဇူ)၊ မြန်မာ့အလင်း သတင်းစာ (သြ ၁၅)၊ ရွှေပြည်စိုး ဝတ္ထု၊ တော်စိန်ခို -လွှတ်တော်မှတ်တမ်း၊ ဦးဥတ္တမ -ဂျာပန်ပြည် အတ္ထုပ္ပတ္တိ၊ ဖွား- ဆမားဒူးဝါး (ဖေ ၁၂)၊ မောင်သုတ (မတ် ၁၂)၊ ညိုမြ (ဧ ၁ဝ)၊ သိန်းဖေမြင့် (ဇူ ၁ဝ)၊ ဓမ္မိကဦးဘသန်း (သြဂုတ် ၆)၊ စန်းသော်တာ (နို ၉)၊ ရေစကြို ဆရာတော်လွန် (အောက် ၅)

နှစ် ၉ဝ – မြန်မာမှာ ပထမဆုံး လူသေတဲ့ နိုင်ငံရေး မန္တလေး ဦးစန္ဒိမာ အဓိကရုဏ်း (သြ ၁၆ )၊ မောင်ဖိုးကျား- မြန်မာ့ ဂုဏ်ရည်၊ ကာတွန်းဖေသိန်း (ဖေ)၊ သမ္မတ စိန်လွင်၊ ဒေါက်တာမောင်မောင်၊ ဒေါက်တာ မြင့်မြင့်ခင် (ဒီ ၁၅)

နှစ် ၈ဝ – စစ်ကိုင်းတံတား (ဇန် ၂ )၊ ပထမဆုံး မြန်မာ အစိုးရ အယုံအကြည်မရှိအဆို (ဖေ ၂ဝ) ၊ ပထမဆုံး ချင်းညီလာခံ (စက် ၂၉၊ ယောချောင်းတိုက် ဝရဲရွာ) ၊ ခေတ်စမ်းပုံပြင်များနှင့် ကဗျာများ၊ မဟာဆန်ချင်သူ ပြဇာတ်

၇၅ နှစ် – ဗတလစ ၊ ABTUC (ဇန် ၉)၊ တရုတ် ဗမာ လမ်းမကြီးဖွင့် (ဇန် ၁ဝ)၊ အာဇာနည် ၁၇ ဦးကျ (ဖေ ၁ဝ)၊ ဗမော်အစိုးရပြုတ်ကျ (ဖေ ၁၂) ၊ ကွန်မြူနစ် ပါတီ (သြ ၁၅)၊ ဦးဥတ္တမလွန် (စက် ၉)၊ ဗမာ့ထွက်ရပ်ဂိုဏ်း (အောက် ၁)၊ မြေအောက်တော်လှန်ရေးအဖွဲ့ UG (နို ၁၈) ၊ ကိုဒေါင်း၊ ဦးဘသောင်းတင် အကဲဖြတ်စာတမ်း၊ ဒေါ်မမကြီး အမျိုးသမီး စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ပန်းသာမစာဥ၊ လယ်တီပဏ္ဍိတလွန်

နှစ် ၇ဝ – သခင်စိုး လူ ၆ ယောက် ကွန်မြူနစ် ပါတီ ကွန်ဂရက် (ဇန်)၊ မဟာဗမာ အစည်းအရုံး (သြ ၁)၊ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ်ထူထောင် (သြ ၂၃)၊ စာဆိုတော်နေ့ ဦးပုညနေ့ ပထမဆုံးကျင်းပ

နှစ် ၆ဝ – ဘုရင့်နောင် စစ်ဆင်ရေး (မတ်)၊ ဆဋ္ဌသင်္ဂါယနာ (မေ)၊ မြန်မာ့စွယ်စုံကျမ်း စထွက်၊ မောင်သုတ- မြန်မာစာ မြှင့်ချင်လွန်းလို့၊ လင်းယုန်သစ်လွင်- ဘုံကျွန်

နှစ် ၅ဝ – နိုင်ငံခြား ဘာသာသင်ကျောင်း၊ The Working People’s Daily (ဇန်)၊ ရာတန် ၅ဝတန် ပြည်သူပိုင် အကြီးဆုံးသိမ်း (မေ) ၊ တက္ကသိုလ် စနစ်သစ် ပညာရေး ကြေညာ (သြ)၊ ပါတီအဖွဲ့အစည်းဖျက်သိမ်း အမျိုးသား စည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေ (မတ်)၊ ဆရာမှိုင်းလွန် (ဇူ ၂၃)၊ ပြည်သူချစ်သော အနုပညာသည်များ (မေ)၊ ဒေါက်တာသန်းထွန်း -ခေတ်ဟောင်း မြန်မာရာဇဝင်၊ သခင်တင်မြ – ဘုံဘဝမှာဖြင့်၊ ဗုဒ္ဓသာသနာအဖွဲ့ – တိပိဋက ပါဠိ-မြန်မာ အဘိဓာန်

နှစ် ၄ဝ – ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံ (မတ် ၂ )၊ ဦးသန့် အရေးအခင်း (ဒီ)

နှစ် ၃ဝ – မန္တလေးမီးကြီး (မတ် ၂၄)

တချို့ခုနှစ်မတိကျ ကွဲလွဲသည်များ ရှိလိမ့်မည် ၊ ဒုဗိုလ်မှူးကြီး ဇေယျကျော်ထင်ဘရှင်ကို ၁၉၁၄ ဖွားဟုလည်းဆိုကြသည် ။



%d bloggers like this: