Archive for October, 2012

ဒေါက်တာမြမဉ္ဇူ မိုးကုန်ပြီး ဆောင်းဝင်တော့မှာမို့ နွေဦးမှာ ပန်းတွေလှဖို့အတွက် ကျွန်မတို့ ပြင်ဆင်နေကြပါပြီ ။ မိုးနှောင်းမှာ မိုးတွေများတာမို့ ပန်းခင်းတွေထဲ သစ်ရွက်ဆွေးတွေ မြေဆွေးတွေထပ်ထည့်ဖို့ အပင်တွေကျနေပြီဖြစ်တဲ့ သစ္စာပန်းခင်းတွေထဲက ဥတွေတူးပြီး ဖြန့်ထားဖို့ သီတင်းကျွတ်ပြီး မိုးကုန်တာနဲ့ ရာသီပန်းစေ့တွေ စိုက်ပျိုးကြပါတော့မယ်။ မေမြို့ရဲ့ ဆောင်းတွင်းဟာ နှင်းခါးတွေကျပြီး ရာသီကြမ်းတတ်တာမို့ ကျွန်မနဲ့ နှင်းဆီပင်တွေ အနားယူတဲ့ အချိန်ပါဘဲ။ ခြံလယ်က ခတ္တာဥတွေလည်း အရွက်တွေကြွေပြီး ဆောင်းတွင်းမှာ အိပ်တန်းဝင်ပါတော့မယ်။ မိုးအကုန်မှာ နှင်းဆီပင်တွေကို မှိုဆေးတွေ ဖြန်းရပါတယ်။ မန်ကျည်းရွက်ဆေးတွေ အားဆေးတွေ အပင်တွေထဲ ထည့်ပေးကြပြီး ဖေဖော်ဝါရီလမှာစပြီး ပွင့်ဖို့ နှင်းဆီပင်တွေကို ပြင်ဆင်ပေးရပါတော့မယ်။ ကျွန်မ ငယ်ငယ်ထဲက အမေစိုက်ခဲ့တဲ့ နှင်းဆီပင်တွေကြားမှာ ကြီးပြင်းခဲ့ရတာမို့ နှင်းဆီဟာ ကျွန်မအနှစ်သက်ဆုံး ပန်းပါဘဲ။ ပထမဦးဆုံး […]