Archive for December, 2013

မြန်မာပြည်မှာ သံဃာထုရဲ့ နိုင်ငံရေးသြဇာနဲ့ ပတ်သက်ပီး ပြောဆိုမှု တော်တော်ရှိလာပါတယ်။ အဓိကက မျိုးစောင့်ဥပဒေကိစ္စ၊ ၉၆၉ စသည် ဖြစ်ပါတယ်။ မြန်မာပြည် ခေတ်သစ်နိုင်ငံရေးဟာ ဘာသာရေး အဖွဲ့တွေက အစပြုတာမို့ သံဃာထု သြဇာက အထူးရှိခဲ့ပါတယ်။ ကနေ့ထိလည်း ရှိဆဲလို့ ပြောနိုင်ပါတယ်။ မြို့ပေါ် ပညာတတ် လူလတ်တန်းစားက ဒီသြဇာကို သတိမမူနိုင်ပေမယ့် ကုန်သည်လယ်လုပ် လူထုအများစုမှာ ဘာသာရေး အရှိန်အဝါ ယုံကြည်မှုက အထူး ကြီးမားဆဲ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံရေးမှာ ရှေ့တန်းက နေရာယူထားတဲ့ လှုပ်ရှားသူများ၊ လူမျိုးစု နိုင်ငံရေး အင်အားများထက် အဓိက ဘာသာရေး ခေါင်းဆောင် များရဲ့ နောက်လိုက်နဲ့ ထောက်ခံမှုက ပိုသည် သာသည် မပြောနိုင်ရင် မတိမ်းမယိမ်း ရှိပါမယ်။ အစဉ်အဆက် […]


ကိုဆောင်းလို့သိကြတဲ့ ဗိုလ်ထိန်ဝင်း ၂ဝ၁၄ မှာ တရာပြည့်မှာပါ။ ကိုဆောင်းဆုံးတာက စစ်ပီးစ အနှစ် ၇ဝ နီးပါပီ။ ၃ ကျိပ်တွေထဲ ဖော်မိုဆာမှာ နောက်တိုက်ပွဲတွေမှာ ကျသွား ဆုံးသွားသူတွေ ရှိပါတယ်။ တောထဲမှာ သတ်ခံရသူလည်း ရှိပါတယ်။ ထိန်ပင်မှာ တော်တော်များများကို စုဝေးဂူလေးတွေ သွင်းထားတယ်လို့လည်း သိရတယ်။ ပြောရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းကလွဲပီး ဘယ် ၃ကျိပ်ဝင်ကိုမှ လူသူလေးစားစရာ အမှတ်တရ လုပ်မထားနိုင်ကြဘူး ထင်ပါတယ်။ (ပျဉ်းမနား ဗိုလ်တောက်ထိန်၊ လူသတ်ကြမ်းတဲ့အမတ်မင်းကို သူ့မြို့ကဘယ်လိုထားတယ်မသိပီ) ဗိုလ်ချုပ်ကျော်ဇော အရိုးအိုး ကလည်း လောလောဆယ်မှာ ပြန်သယ်လို့ မရသေးပါဘူး။ တပ်က အုပ်ချုပ်တဲ့ တိုင်းပြည်မှာ တပ်ရဲ့ ဘိုးဘေးတွေကို ဒီလိုထားရှိတာက တပ်မှာ လူကိုးကွယ်မှု မရှိဘူးလို့ပြသလား၊ တပ်တွင်း အာဏာသိမ်းပွဲတွေ အကျိုးဆက် […]


၁၅ဝ ပြည့် မြန်မာစာ ညွန့်ပေါင်းကျမ်းပြု ဦးကျော်ထွန်း (စက် ၅ ) ၊ ကျောက်စာဝန်ဟောင်း တော်စိန်ခို (ဒီ ၇) ရာပြည့်- ပထမ ကမ္ဘာစစ် (ဇူ)၊ မြန်မာ့အလင်း သတင်းစာ (သြ ၁၅)၊ ရွှေပြည်စိုး ဝတ္ထု၊ တော်စိန်ခို -လွှတ်တော်မှတ်တမ်း၊ ဦးဥတ္တမ -ဂျာပန်ပြည် အတ္ထုပ္ပတ္တိ၊ ဖွား- ဆမားဒူးဝါး (ဖေ ၁၂)၊ မောင်သုတ (မတ် ၁၂)၊ ညိုမြ (ဧ ၁ဝ)၊ သိန်းဖေမြင့် (ဇူ ၁ဝ)၊ ဓမ္မိကဦးဘသန်း (သြဂုတ် ၆)၊ စန်းသော်တာ (နို ၉)၊ ရေစကြို ဆရာတော်လွန် (အောက် ၅) နှစ် ၉ဝ – မြန်မာမှာ […]