Archive for November, 2011

ဒေါ်အမာရေ မာရဲ့နော်။ ဘာလိုလိုနဲ့ ခဗျားလဲ တနှစ်ကြီးသွားပြန်ပေါ့။ အသက်သာကြီးလာတာ ခဗျားက အိုမသွားဘူး၊ ဘယ်အိုမလဲဗျ သေပီကိုး ဟဲဟဲ။


My Burma 2

24Nov11

သောတရှင်များခင်ဗျား အရင်ပတ်က စခဲ့တဲ့ တိုင်းရင်းသားနဲ့ နိုင်ငံအရေးကိစ္စကို ဆက်ပြောပါ့မယ်။ မြန်မာမင်းနိုင်ငံက လက်ရှိမြန်မာပြည်ထောင်စုရဲ့အမြုတေဆိုတော့ အဲဒိဘုရင်နိုင်ငံကရော အခုခေတ် နိုင်ငံစံနှုန်းတွေနဲ့ကြည့်ရင် ဘာကွာခြားပါလဲ။ တည်ငြိမ်တဲ့ နယ်နိမိတ်နဲ့ ပြည်သူ အခွန်ကောက်ခံပုံ စာသင်ကျောင်းသင်ရိုး စတဲ့ တပြေးညီအုပ်ချုပ်ရေးစနစ်တွေ ရှိပီလားဆိုရင် မရှိသေးဘူးပြောရပါမယ်။ ဒုတိယနောက်ဆုံးဘုရင် မင်းတုန်းမင်းခေတ်ကစတဲ့ အခွန်ကောက်ခံပုံစနစ်သစ်က အရင် မြို့စားရွာစားစနစ်ကိုပျက်ပြားစေပီး အခြေမခိုင်သေးတာမို့ အခွန်လစ်ဟင်းမှုတွေရှိခဲ့တဲ့အတွက် မအောင်မြင်ဘူးလို့ ပြောရပါမယ်။ တနည်း မြန်မာမင်းနိုင်ငံသားတွေဟာ အစိုးရနဲ့ အမြဲတိုက်ရိုက်ထိတွေ့လိုတဲ့ဆန္ဒမရှိဘူး၊ မြို့ရွာအကြီးအကဲထက်ပိုပီး သူတို့စိတ်ထဲမှာ မြင်မထားနိုင်သေးဘူးလို့ ဆိုပရစေ။


My Burma 1

18Nov11

လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား ဒီတပတ်ကစပီး ရာဇဝင်သမိုင်းကြောင်းနဲ့စပ်လျဉ်းပီး စိတ်ဝင်စားစရာ ခေတ်နဲ့လျော်ညီတာတွေကို ထုတ်နုတ်တင်ဆက်သွားမှာပါ။ ပထမဆုံးအနေနဲ့ နိုင်ငံ နိုင်ငံသား တိုင်းရင်းသားဆိုတဲ့ သတ်မှတ်ချက်တွေ ခေတ်စနစ်အလိုက် ဘယ်လိုပြောင်းလာတယ်ဆိုတာကို ပြောပါမယ်။ ကျနော်တို့ ခုခေတ်လက်ခံနေကြတဲ့ မြန်မာနိုင်ငံဆိုတဲ့ အာဏာပိုင်နိုင်ငံအဖွဲ့အစည်းသဘောတရားဟာ အရင် အနှစ် ၁၅၀ ကျော် အောက်မြန်မာနိုင်ငံ အင်္ဂလိပ်ကျချိန်လောက်မှ အခြေကျပေါ်ထွက်လာတာပါ။ အခုကျနော်တို့ သိမှတ်လက်ခံထားကြတဲ့ နိုင်ငံနယ်နိမိတ်ဆိုတာတွေကလည်း ပီးခဲ့တဲ့ အနှစ်တရာလောက်ကမှ သတ်မှတ်ရေးဆွဲနိုင်ခဲ့တာပါ။ တရုတ်-မြန်မာ နယ်နိမိတ်စာချုပ်ချုပ်တာက ၁၉၆၁ ကမှပါ။ အနှစ် တရာကျော် ကိုလိုနီကာလတလျှောက်လုံးမှာလည်း လူဝင်လူထွက်အပြောင်းအရွှေ့တွေက ကိုလိုနီစီးပွားရေးယန္တရားပေါ်တည်ပီး အပြောင်းအလဲကြီးခဲ့ပါတယ်။ ဒီတော့ နိုင်ငံ နိုင်ငံသားဆိုတာတွေတာနဲ့ ပတ်သက်ပီး ကျနော်တို့ခေါင်းထဲစွဲမြဲခံယူထားတာတွေက ဘယ်မှာ မြစ်ဖျားခံပါသလဲ။


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား မြန်မာရာဇဝင်စာအုပ်တွေရဲ့ စာဖတ်ပရိသတ်လူထုအပေါ် သြဇာကြီးပုံနဲ့ပတ်သက်လို့ တင်ဆက်လာရာမှာ အခုတပတ်မှာတော့ မြန်မာသမိုင်းကော်မရှင်ထုတ် စာအုပ်တွေအကြောင်း တင်ဆက်လိုပါတယ်။ ၁၉၆၀ ၇၀ ၈၀ ကျော်တွေကနေ အခုချိန်ထိ သမိုင်းကော်မရှင်က စာအုပ်စာတမ်းအချို့ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခဲ့ရာမှာ လူဖတ်များ စိတ်ဝင်စားခံရတဲ့စာအုပ်တွေရှိသလို သုတေသီနဲ့ တက္ကသိုလ်လက်သုံးပဲဖြစ်ခဲ့တာတွေလည်းရှိပါတယ်။ ဒီထဲက ထင်ရှားတဲ့တချို့ကို ကောက်နုတ်ပြရရင် ဒေါ်ကြန်ရဲ့ မြန်မာနိုင်ငံအခြေအနေ (၁၈၈၅)၊ ပဒေသရာဇ်မြန်မာနိုင်ငံဇာတ်သိမ်း၊ နောက် အဖွဲ့နဲ့ရေးတဲ့ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးစနစ်ပြောင်းကာလ (၁၉၆၂-၁၉၇၄) ၊ မြဟန်ရဲ့ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ၊ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်၊ ကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ်စတာတွေပါ။ ၁၉၇၀ကျော် နှစ်လယ်ပိုင်းတွေကထွက်တဲ့ ဒေါက်တာရီရီရဲ့ မြန်မာနိုင်ငံအခြေအနေ (၁၇၁၄-၁၇၅၂)ဟာ ညောင်ရမ်းခေတ်ကုန် မြန်မာနိုင်ငံသမိုင်း အင်းဝ-ဟံသာဝတီဆက်ဆံရေးကို အသေးစိတ်လေ့လာပြုစုတဲ့ကျမ်းပါ။


လွတ်လပ်တဲ့အာရှအသံ အရင်ပတ်က တင်ဆက်ခဲ့တဲ့ ပဒေသရာဇ်နွယ်ဝင်တွေရေးတဲ့ မှတ်တမ်းတွေအကြောင်း ဆက်ရရင် ရှမ်းပဒေသရာဇ်တွေအကြောင်း ဗြိတိသျှစာရေးဆရာတဦးရေးခဲ့တဲ့ နာမည်ကျော်စာအုပ်တအုပ်ကို သတိရမိပါတယ်။ သူကတော့ ယိုးဒယားဝှိုက်၊ စန္ဒမာလာ၊ မိဘုရားစော၊ ရခိုင်ဘုရားကြီးစတဲ့ ဝတ္ထုမှတ်တမ်းတွေ ရေးသွားတဲ့ မောရစ်ကောလစ်ပါ။ ရွှေဥဒေါင်း၊ လူထုဒေါ်အမာ၊ အမျိုးသားဦးလှဒင်စသူတွေ ဘာသာပြန်မှီငြမ်းရေးသားခဲ့လို့ သူ့လက်ရာတွေကို မြန်မာစာဖတ်ပရိသတ်က ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထဲက သိကြပါတယ်။ စန္ဒမာလာဝတ္ထုမှာ မြိတ်ရောက် ကနောင်မင်းသားအဆက်အနွယ်တွေအကြောင်း အရိပ်အငွေ့ယူရေးထားပီး မိဘုရားစောမှာတော့ ဘုရင့်အတိုင်ပင်ခံ တရုတ်အမတ်ကြီးနဲ့ မိဘုရားကြိုက်နေသယောင် ထိုးဇာတ်တွေပါနေပါတယ်။ သူကိုယ်တိုင် ရှမ်းပြည်တက်လေ့လာပီးရေးတဲ့ နေဝင်ဘုရင်များစာအုပ်ကတော့ မြန်မာပြည် ခရီးသွားမှတ်တမ်းနဲ့ ဒေသလေ့လာရေးစာအုပ်ကောင်းတအုပ်အဖြစ် ထင်ရှားကျန်ရစ်ပါတယ်။ မြန်မာလို ကွယ်လွန်သူ ဆရာကျော်အောင် ဘာသာပြန်ခဲ့ပီး ဘာသာပြန်အမျိုးသားစာပေဆု ရခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးဖြစ်ခါနီး တရုတ်-ဗမာလမ်းမကြီးဖောက်နေချိန် ဗြိတိသျှအင်ပါယာရဲ့ ချောင်ထဲမှာ အိပ်မောကျနေတဲ့ ရှမ်းပြည်ဟာ စစ်ရိပ်စစ်ငွေ့တွေကြောင့် […]