Archive for the ‘opinion’ Category

အဖွား နှစ်တရာပြည့် သူငယ်ငယ်က အကြောင်းလေးတွေ ရေးစေချင်တယ် ဆိုတော့ သူနဲ့က အသက်ကြီးမှ သိတာလေ။ သူ အသက် ၇ဝ လောက်မှ ဒီက လူဖြစ်ခါစ ဒီနောက်ပိုင်း အနှစ် ၂ဝ လောက်ပဲ သိတယ် ပြောရမယ်။ အဲတော့ ကိုယ်သိမဟုတ်တဲ့ သူ့ငယ်ကြောင်းပဲ ရေးနိုင်မယ်။  


တိုင်းပြည် ထူထောင်မှု မူလ ပင်မ စားဝတ်နေရေး ပြေလည်ဖို့ အရင်းမခံဘဲ မြို့သစ် နန်းသစ် တည်လိုစိတ်၊ သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ် အဖြစ် မော်ကွန်းတင်လိုစိတ် တို့က တိုင်းသူပြည်သားတို့ အတွက် ကြည့်သည့်စိတ်ထက် လွှမ်းမိုးခံခဲ့ရပုံ ရှိပါသည်။


ကနေ့ရှိရင် လူထုဦးလှ ၁ဝ၅ နှစ်ပြည့်ပါ။ သေသောသူကတော့ သွားရှာပေါ့။ သက်ဆိုင်သူများမှာ သတိတရ ရှိကြပါတယ်။ အထူးတလည် သတိရစရာ ရှိရင် ထုတ်ပြောမိကြမြဲပေါ့။ ဒီခေတ် ဒီခါမှာ သူ့ကို ဘာသတိရစရာ ရှိမလဲ။ ခုလို တိုင်းပြည်တံခါးပွင့်ပြီး လူငယ်တွေ အတွက် အခွင့်အခါတွေ ပေါ်စပြုလာတာကို သူတို့ သေချာ ဟုတ်အောင် ယူစေချင်တာ ပြောမိကြမလား။ စာပေ စာနယ်ဇင်း တံခါးတွေ ပြန်ပွင့်၊ နိုင်ငံရေးပြန်ပွင့် ဒီအချိန်မှာပဲ ဘာသာရေး၊ နိုင်ငံရေး ဖိနှိပ်မှု ပုံစံသစ်တွေ ပေါ်လာတာ၊ ဥပဒေနဲ့ အညီ ညှဉ်းပန်းချုပ်ခြယ်တဲ့ ဖဆပလ ကိုလိုနီခေတ်တွေ ပြန်ပေါ်လာတာတွေ … ဒါတွေ ဒါတွေ။


ဆရာ ဆရာမအပေါင်းတို့ ခင်ဗျား မကြာမီက ကျနော့ ဘွားအေကြီး၏ မွေးနေ့ အမှတ်တရ စာပေအခမ်းအနားများကို ရန်ကုန် မန္တလေးမြို့များတွင် သိုက်သိုက်ဝန်းဝန်း တင့်တင့်တယ်တယ် ဆောင်ရွက်ပေးကြသဖြင့် ဆရာ ဆရာမတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ ထိုထက် နောက်နှစ် ရာပြည့်ပွဲ ကျင်းပမည် ဆိုသည်နှင့်အတူ ကျွန်ုပ်တို့ စာပေတွင် ဘာဆက်လုပ်ကြမည်နည်း ဆိုသည့် ကိစ္စတရပ်ကို ပြောပြ လိုပါသည်။ ယခုအခါ ဗမာပြည်ကြီးလည်း ပွင့်လင်းလာပီဟု ဆိုကြပါသည်။ တိုင်းပြည် တံခါးပွင့်လျှင် ကျွန်ုပ်တို့ စိတ်တံခါး အသိဥာဏ်တံခါးများလည်း ပွင့်လင်းလာကြဖို့ သင့်ပါသည်။ လူထုလူအများစုကို စာပေနှင့် တင်ဆက် ထင်ဟပ်ရသည့် စာလုပ်သားများသည် ခံစားချက်ကို လိုက်၍ ရေးသား စီကုံးသည် ဆိုသော်ငြား လူထုကို ကိုယ့်စာကြောင့် အသိခံယူချက် ချွတ်ယွင်းတိမ်းပါးမှု […]


မြန်မာ လွတ်လပ်ရေး မျိုးဆက် ခေါင်းဆောင် တွေရဲ့ ရာပြည့် အထိမ်းအမှတ်တွေ ခရစ် နှစ် ၂ဝဝဝ နောက်ပိုင်းတော်တော် ဆင်နွှဲ ခဲ့ပါပီ။ တိုင်းပြည်ကတော့ လွတ်လပ်ရေးနဲ့ တန်တဲ့ အနေအထား လွတ်လပ်ခွင့် ရောက်ပီလား မသိပါ။ လွတ်လပ်စွာ ဆင်ခြင် နိုင်ကြပါတယ်။ လွတ်လပ်ရေး ရာပြည့် ချိန် နောက် ၃၄ နှစ် တိုင်းပြည် ဘယ်အခြေရှိမလဲ သိချင်စရာပါ။ ဒီလိုပဲ ပွဲတွေ လမ်းတွေ အခမ်းအနားတွေနဲ့ ရသေ့စိတ်ဖြေ နေကြမလား။ ရှေ့ဆက်ရမယ့် လမ်းကို ရဲရဲဆက်လှမ်းနိုင်ဖို့ ဘာတွေ ပြင်ပီး ကြပီလဲ။ နောက်နှစ်က နာမည်အကြီးဆုံး နိုင်ငံရေး ခေါင်းဆောင် ဗိုလ်အောင်ဆန်း ရာပြည့်ပါ။ ဦးနု၊ ဦးသိန်းဖေမြင့် ၊ ဗိုလ်နေဝင်း စတဲ့ […]


Excerpt From Myanmar Gazette, Los Angeles လူထုဦးလှ+ဒေါ်အမာ နဲ့ပတ်သက်ပြီး အမှတ်တရတခုခုပြောပြပါဦး။ ဒီနေ့က အဘွားဆုံးတာ ၆နှစ်ပြည့်ဗျာ။ (US မှာ ဧပြီ၇ရက်။ ၂၀၁၄။) တောင်လေးလုံးမှာ မနေ့ကဆွမ်းကျွေးတယ်လေ။ Online မှာ ပုံတွေ တက်နေတယ် ။ ကျနော်ကတခါပြောဘူးတယ်။ အဘွားလို့။ အဘွားလိုအရွယ်တွေဆိုရင် တခြားနိုင်ငံမှာ သမ္မတတွေဘာတွေဖြစ်မှာလို့။ သူကပြန်ပြောတယ်။ ” ဘာလဲ။ မင်းက သမ္မတမြေးဖြစ်ချင်လို့လား” တဲ့။ အဲဒါလေးပြန်သတိရတယ်။ ခုချိန်မှာ သမ္မတတွေသိပ်ခေတ်စား နေလို့။ (ရီလျက်။) အဘိုးကတော့ ကျနော်၂နှစ်မှာ ဆုံးတော့ သိပ်မမှီလိုက်ဘူးပြောရမယ်။ – မြန်မာ့သမိုင်းမှာ လူထုသတင်းစာနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်မိလဲ။ ခုနေခါ သတင်းစာလုပ်နေသူတွေကိုရော ဘာပြောချင်လဲ။


Ludu and I

13Mar14

From the Dissident Blog published by Swedish PEN 1946 saw the establishment of a regime-critical daily newspaper called Ludu. Today, it is a natural institution for dissident writers in Burma. Despite the constant pressure and threats it received over the years, Ludu has continued operating the daily newspaper, and over the years, it has expanded […]


Mandalay Fire

11Feb14

အနှစ် ၃ဝ ပဲ ရှိပါသေးတယ်။ နောက်လူတွေကတော့ အရင်ကပုံရိပ်တွေကို ဆဝါးလို့ ကြည့်နိုင်ကြ ပါအုံးမလား။ ကျနော်တို့ အညာမှာ မန္တလေးဆိုတာ ပူတာ အိုက်တာ မှန်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နဲ့ အင်မတန် စုစုရုံးရုံး ရှိကြတဲ့ မြို့ကြီးပါ။ ရာသီလိုက် ပွဲတွေက လည်းများ၊ လူတွေ စီးပွားရေး ကလည်း မှောင်ခိုခေတ်မှာ တော်တော် စည်စည်ကားကား ရှိခဲ့တော့ အဲဒိကိစ္စကြီးသာ မဖြစ်ခဲ့ရင် မြို့ဟာ တရုတ်တွေ ရောက်လာလည်း မြို့ခံတွေနဲ့ စီးပွားရေး လူမှုရေးမှာ ကွာဟမှု ကြီးပါ့မလား စဉ်းစားမိတယ်။


မောင်ကျပ်ခိုးကို လူ့လောကတွင် အကောင်အထည်နှင့် တွေ့သိဖူးသည် မဟုတ်ပါ။ အင်တာနက်ခေါ် တက်ခေတ်ရုပ်သံ စက်ခလုပ်များမှ သိကျွမ်းရသည် ဖြစ်ရကား ကျပ်ခိုးစာရေးကောင်းသည်မှ လွဲ၍ တိတိပပ သိနိုင်သည်မဟုတ်။ ကျပ်ခိုးကို ကြားလူတယောက်ဆီမှ သိလာရပီးနောက် သူ့စာဆိုသည်တွေကို ပေးဖတ်ပါသည်။ မှန်တာပြောရလျှင် အသိစာဖတ်ရတာ လောကမှာ ဝန်ကြီးလှသောအလုပ်ဟု မြင်ပါသည်။ ကောင်းပီကောင်းရဲ့ ပြောလွှတ်လိုက်ရုံနှင့် အတော်များများက ဇာတ်လမ်းက ပြတ်သည်မဟုတ်ပါ။ သို့သော် ကျပ်ခိုးစာ စဖတ်ရသည်နှင့် ဤသူကား နှယ့်နှယ်မဟုတ်ဟု သိလိုက်ပါသည်။


မြန်မာပြည်မှာ သံဃာထုရဲ့ နိုင်ငံရေးသြဇာနဲ့ ပတ်သက်ပီး ပြောဆိုမှု တော်တော်ရှိလာပါတယ်။ အဓိကက မျိုးစောင့်ဥပဒေကိစ္စ၊ ၉၆၉ စသည် ဖြစ်ပါတယ်။ မြန်မာပြည် ခေတ်သစ်နိုင်ငံရေးဟာ ဘာသာရေး အဖွဲ့တွေက အစပြုတာမို့ သံဃာထု သြဇာက အထူးရှိခဲ့ပါတယ်။ ကနေ့ထိလည်း ရှိဆဲလို့ ပြောနိုင်ပါတယ်။ မြို့ပေါ် ပညာတတ် လူလတ်တန်းစားက ဒီသြဇာကို သတိမမူနိုင်ပေမယ့် ကုန်သည်လယ်လုပ် လူထုအများစုမှာ ဘာသာရေး အရှိန်အဝါ ယုံကြည်မှုက အထူး ကြီးမားဆဲ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံရေးမှာ ရှေ့တန်းက နေရာယူထားတဲ့ လှုပ်ရှားသူများ၊ လူမျိုးစု နိုင်ငံရေး အင်အားများထက် အဓိက ဘာသာရေး ခေါင်းဆောင် များရဲ့ နောက်လိုက်နဲ့ ထောက်ခံမှုက ပိုသည် သာသည် မပြောနိုင်ရင် မတိမ်းမယိမ်း ရှိပါမယ်။ အစဉ်အဆက် […]