Archive for December, 2011

ဗိုလ်ချုပ်ကိုသတိရပါ 1-act play


၁၃၇၃ စာဆိုတော်ရာသီက လန်ဒန်တောင်ဘက်ကမ်းတက္ကသိုလ်ကျောင်းတိုက်တွင် ကျင်းပသော စာဆိုတော်နေ့၌ မြန်မာသတင်းမီဒီယာသမိုင်းအကြောင်း သဘင်ဂီတမှ အင်တာနက်သို့ ဟောပြောချက်ကို ဆီလျော်အောင် ပြန်ရေးသည်။ မြန်မာမီဒီယာရေစီး မီဒီယာဆိုဒါ စကားလုံးကြီးမို့ ဘာမှတော့မဟုတ်ပါဘူး။ လူတွေကြား ပြန့်ပွားစေလိုတာကို ရောက်အောင်ဖြန့်ချိဒါပါဘဲ။ ရှေးကတော့ ဗမာပြည်မှာ ဇာတ်အငြိမ့်တွေပဲရှိတော့ သူတို့ကနေ အထက်ပုဂ္ဂိုလ်များဆီရောက်စေလိုဒါ၊ ပြည်သူကြား အာဏာပိုင်တွေသိစေထင်စေချင်ဒါတွေကို ဝင်သွားအောင် ဖြန့်ပေးကြရတယ်။ နေပြည်တော်က ဟစ်တိုင်ဆိုဒါတွေ လူတိုင်းမရောက်နိုင်ယင် ရှင်ဘုရင်ဆီ ရွှေနားတော်ကြားအောင် လူပြက်တွေက ပြက်ပေးရတယ်။ အစိမ်းအုပ်နဲ့ ထွန်းပေါ်တစ်လစ်တွေဟာ ထင်လျားတဲ့သာဓကတွေဘဲ။ ဒီလိုပဲ ဘုရင်မိဘုရားကို မီဒီယာသမား သဘင်သယ်များက ရွှေဘဝင်စိမ့်အောင် အမွှန်းတင် မြှောက်ပင့်ပေးပီး အသပြာထောင်ထုပ်ကို မျှော်စားကြရဒါလဲ ရှိတာဘဲ။ သီပေါခေတ်က စုဘုရားလတ်ကို ဖားတဲ့ပြက်လုံးတခုကတော့ ဆိုင်းမှာဘယ်ဒင်း အခရာကျဆုံးလဲ၊ ပတ်မကြီးပါဘုရားဆိုဒါဘဲ။ မိဘုရားကလဲ ဒါမျိုးဆို […]


တို့ဗမာဝါဒနဲ့ တိုင်းရင်းသားအရေးကို အရင်ပတ်က တင်ဆက်ခဲ့ရာမှာ တိုင်းရင်းသားများရဲ့ နိုးကြားလာတဲ့ အမျိုးသားစိတ်ကို မြန်မာအများစုကြီးက သတိမမူမိကြဘူးလို့ တင်ဆက်ခဲ့ပါတယ်။ ဒီမှာ တွေ့ရတဲ့ ဥပမာတခုကတော့ ၁၉၄၁ ဇန်နဝါရီမှာ ကျင်းပတဲ့ ဗမာပြည်လုံးဆိုင်ရာ ဗမာတိုင်းရင်းသားများ ပြေးခုန်ကစားပွဲကြီးမှာ တို့ကရင်လို့ အားပေးသံကို တိုင်းရင်းသားသွေးခွဲစကားလို့ တို့ဗမာအာဘော်တပိုင်းဖြစ်တဲ့ သခင်နုတို့ ဦးစီးတဲ့ စနေ နဂါးနီဂျာနယ်ဆောင်းပါးက စွပ်စွဲပါတယ်။


ရှင်ဂွမ်းဂွိ ၀စီပိတ် တရားကျင့်နေတာလဲကြာပါပြီ။ ဒါပေမဲ့ ဆွတဲ့သူက ဆွလာတော့ ရင်ထဲမှာ ကျလိကျလိ ဖြစ်နေတာလေးတွေ ပြောလိုက်ဦးမယ်။ ပထမဆုံး အမြင်ကတ် ပုဒ်မ နဲ တရားစွဲ ချင်နေတဲ့လူ က အိမ်ဦးနတ်။ တခါထဲမှပဲတော် ပြောလိုက်ရင်တော့ နင်တို့ မိန်းမတွေ ဘယ်လောက်သိလို့ လဲ ပိန်းလိုက်တာလေး ဘာလေးနဲ့ ။ ဟွန့်  ရှင်ဂွိ တို့ က ဒင်းတို့ လို ပိုက်ဆံအကုန်ခံပြီး အရေမရ ဂျာနယ်တွေ ၀ယ်ဖတ်နေပြီး သိချင်ယောင် တတ်ချင်ယောင် ဆောင်နေတာမဟုတ်ဖူး။ လက်တွေ့ ကျကျ ၀င်ငွေနဲ့ ထွက်ငွေ မျှတအောင် စီးတဲ့ရေ ဆယ်တဲ့ကန်သင်းဖြစ်အောင် လုပ်နေရတာ။ ကျုပ်တို့ မိန်းမတွေ မရှိမှပဲနေကြည့်ပါလား။ အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာဆိုသလို […]


ဇီးဗနီ ဆရာတော် ၂ ရာပြည့် ၁၃၇၃ ပြာသိုဆုတ် ၁ (၂၀၁၂ ဇန် ၉) မှာ ကျမယ်လို့ လှသမိန်ရဲ့ ဂန္ထဝင်စာပြုစာဆိုတော်များအတ္ထုပ္ပတ္တိ၊ နန်းညွန့်ဆွေဆောင်းပါးနဲ့ စွယ်စုံကျမ်း အစရှိသည်များမှာ ဘော်ပြကြတဲ့အတွက် ဒီသက္ကရာဇ်ကိုပဲ ယာယီ အတည်ယူထားလိုက်ပါတယ်။ ဆရာတော်ကို ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏။… ကဗျာစာဆိုရှင်အနေနဲ့ နှောင်းလူများက မြတ်နိုးကော်ရော် ပြုကြပေတယ်။ ဆရာတော် နဲ့ ကင်းဝန်မင်းကြီး၊ မဟာဒါန်ဝန် ဦးကြွယ်ဝစတဲ့ မှူးဟောင်းမတ်ဟောင်းအရာကျများ အပြန်အလှန်စာချိုးကြတယ်ဆိုတဲ့ ကိစ္စကို ပြန်စဉ်းစားယင် ဆရာတော်ဟာ ကျောင်းဒကာ ဆွမ်းဒကာ မျက်နှာကြီးတွေကို ဖီလာအံတုပြုဝံ့တဲ့ ဘုန်းကြီးသူပုန်လို့ ပြောသင့်ပါရဲ့။


Radio Free Asia သောတရှင်များခင်ဗျား အရင်ပတ်က တင်ဆက်ခဲ့သလိုပဲ ဒုတိယကမ္ဘာစစ်ကြီးမတိုင်ခင်က မြန်မာအမျိုးသားရေးလှုပ်ရှားမှုမှာ နိုင်ငံခြားသားဆန့်ကျင်ရေးနဲ့ တိုင်းရင်းသားချင်း နှိမ့်ချတဲ့အမြင်အတွေးတွေ ပါနေခဲ့ပါတယ်။ ရှေးပဒေသရာဇ်ခေတ်နောက်ခံ ထိုးဇာတ်တွေဖြစ်တဲ့ ချင်းဖဝေး နန်းရွှေကျင် စောမွန်လှလို ဇာတ်သီချင်း ဓာတ်ပြားတွေကလည်း မြန်မာနဲ့ တောင်ပေါ်မြေပြန့်မှာ လူကြိုက်များ ကျော်ကြားခဲ့တာပါ။ အဲဒိခေတ်ပေါ်ယဉ်ကျေးမှုတွေရဲ့ သြဇာက စစ်ပီး အနှစ် ၂၀ ၃၀ ကျော်ထိ မြန်မာလူထုရဲ့ စိတ်ယဉ်ကျေးမှုထဲမှာ ထိုးဖောက်တင်ကျန်ဆဲဖြစ်သလို တိုင်းရင်းသားတွေဘက်ကလည်း သူတို့ကို တောသူတောင်သားလူရိုးလူအတွေအဖြစ် သရုပ်ဖော်တာကို အောင့်သက်သက်နဲ့ လက်ခံနေရပါတယ်။ လမ်းစဉ်ပါတီခေတ်မှာ ဟောင်းနွမ်းခေတ်မမီတော့တဲ့ ဒီပဒေသရာဇ်တွေးတွေကို တိုက်ဖျက်ရမယ်ဆိုပီး ဝါဒဖြန့်စာပေတွေနဲ့တိုက်ဖျက်ခဲ့ပေမယ့်လည်း ခြားနားမှုတွေကို ဆွဲမစေ့နိုင်ခဲ့ပါဘူး။ အကြောင်းကတော့


ဒိုင်အာခီပူးတွဲအုပ်ချုပ်ရေးကိုလက်ခံ၍ ပြုပြင်ပြောင်းလဲရေးလိုလားသော ၂၁ ဦး အုပ်စုမှာ မြန်မာပညာတတ်လူလတ်တန်းစားဓနရှင်လက်တဆုပ်ပေါ်တွင် သြဇာညောင်းလှရာ ၂၁ ဦးအသံ သူရိယမှာ ရန်ကုန်ကောလိပ်ကျောင်းထွက် ကျနော့အဘေး မှာယူဖတ်ရှုစရာဖြစ်သည်။ သူရိယကို စထွက်ကထဲက မှာယူသူ၊ ရှယ်ယာဝင်သူများတွင် မောင်ထင်၊ ဦးသန့်စသည့် ခေတ်စမ်းနှင့် လွတ်လပ်ရေးခေတ်မြန်မာပညာတတ်သတင်းသမား အရာရှိကြီးများ၏ ဖခင်များ တောမြို့လေးများက စာဝါသနာအိုး လူရည်တတ်များပါဝင်သည်။…. သူရိယမှာ ဦးဘဘေတို့ ၂ ယောက် ငွေအစိတ်ဆီ စုထည့်မတည်ကာ မိတ်ဆွေများထံမှ ၁၅ ကျပ်စီ အေးဓမြတိုက်၍ ငါးထောင်အရင်းတည်စခဲ့ရသော်လည်း တနှစ်အတွင်း ငါးသောင်းတန် လီမိတက်ထိ တိုးတက်လာခဲ့သည်။ တိုးတက်အောင်လည်း မြန်မာမျက်နှာဖုံးပွဲစားကြီးများနှင့် ပညာတတ်ဝတ်လုံများက ဖေးမခဲ့ကြသည်။ သူရိယဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌမှာ (ဆာ)ဦးသွင်ဖြစ်၍ ဥပဒေအကြံပေးမှာ ဘေပုရှိန်အဖွဲ့ခေါင်းဆောင်နှင့် နန်းရင်းဝန်ဖြစ်လာသည့် ဝတ်လုံဦးပုဖြစ်သည်။ သူရိယကို မြန်မာကြီးများဝိုင်းဝန်းကြသည်မှာ တိုင်းပြည်တွင် လူမျိုးအားဖြင့် […]


Radio Free Asia သောတရှင်များခင်ဗျာ အရင်တပတ်က ပတ်ဝန်းကျင်အရှေ့တောင်အာရှမှာ အမျိုးသားနိုင်ငံသစ်တွေ စစ်ပီးခေတ်လွတ်လပ်ရေးရချိန်မှာ အလျှိုအလျှိုပေါ်လာတာကို ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ဆိုရင် ရိုးရာကျေးလက်အုပ်ချုပ်ရေးအဆင့်ကနေ စပိန်ယဉ်ကျေးမှုနဲ့ အမေရိကန်ပုံစံ သမ္မတနိုင်ငံဖြစ်လာခဲ့ပီး ခုချိန်ထိ အမေရိကန်နဲ့ ဆက်ဆံရေးနီးကပ်ဆဲဖြစ်ပါတယ်။ တရုတ်ပြည်ကြီးကကော မန်ချူးအုပ်ချုပ်ရေးပျက်တဲ့ချိန်မှာ တပြည်လုံးမှာ အစိတ်စိတ်ကွဲနေတဲ့ စစ်မင်းတွေ ဘုရင်ခံတွေက ယူနိုက်တက်စတိတ်စ်အော့ဖ်ချိုင်းနား တရုတ်ပြည်ထောင်စု ထောင်ပီး လွတ်လွတ်လပ်လပ် ဖက်ဒရယ်ပုံစံအုပ်ချုပ်ဖို့ ကြံခဲ့သေးတယ်လို့ တရုတ်သမိုင်းဆရာတယောက် ပြောသွားတာကို ကြားလိုက်ပါသေးတယ်။ နောက်ပိုင်း ချန်ကေရှိတ် ဂျာမန် ရပ်ရှားစတဲ့ နိုင်ငံကြီးတွေအကူအညီနဲ့ တိုက်ခိုက်သိမ်းသွင်းပီး သမ္မတအာဏာရှင်စနစ်ကို ထူထောင်ခဲ့တာပါ။ အိန္ဒိယကရော မဂိုအုပ်ချုပ်ရေးနောက်ပိုင်းမှာ ဗြိတိသျှပိုင် အိန္ဒိယအင်ပါယာထဲက စော်ဘွားနယ်တွေ တိုက်ရိုက်အုပ်ချုပ်ရာနယ်တွေ နောက် အင်္ဂလိပ်သိမ်းယူထားတဲ့ အာသံ မဏိပူရလိုနယ်တွေပါ ထပ်ပေါင်းပီး ပေါ်ထွန်းလာတဲ့ နိုင်ငံကြီးပါ။ စစ်ပီးမှာတော့ […]


ပုံ http://historicalleys.blogspot.com/ Radio Free Asia သောတရှင်များခင်ဗျား ပဒေသရာဇ်ခေတ်တွေမှာ လူလုံးလူရင်းက စစ်တိုက် လယ်စိုက်ဖို့ကိစ္စမှာ အရေးကြီးတဲ့အတွက် နယ်ချဲ့ပီး အင်အားနည်းတဲ့ဒေသတွေဆီက လူသူစုဆောင်းရတဲ့အကြောင်း အရင်ပတ်က တင်ဆက်ခဲ့ပါတယ်။ ဒီတပတ်မှာတော့ အဲဒိလူအင်အားကို ကျွန်ဈေးကွက်အဖြစ် အသုံးချစီးပွားရှာတဲ့အကြောင်း ဆက်ပြောပါ့မယ်။