Archive for March, 2011

လွတ်လပ်တဲ့အာရှအသံ ကြာသပတေး မနက် ဒီတပတ်မှာတော့ နမူနာအနေနဲ့ ကျနော်တို့ အရှေ့တိုင်းနဲ့အာဖရိကကျောင်းမှာ သင်တဲ့ မြန်မာသမိုင်းသင်ရိုးတွေအကြောင်း ပြောပါ့မယ်။ ဒီလို နယ်မြေဒေသလေ့လာရေးကျောင်းတွေကို ကိုလိုနီနိုင်ငံတွေက သူတို့အုပ်ချုပ်ရေးဝန်ထမ်းတွေ ဘာသာစကားနဲ့ ဒေသအကြောင်းလေ့လာဘို့ နောက် ကိုလိုနီအုပ်ချုပ်ရေးမှာ အကျိုးပြုဘို့ သုတေသနဌာနတွေအနေနဲ့ စတင်ခဲ့ကြတာပါ။ ပြင်သစ် ဂျာမနီ နယ်သာလန် အမေရိကန် ရုရှစတဲ့နိုင်ငံကြီးတွေမှာ ဒီလိုဌာနတွေ ရှိပါတယ်။ မြန်မာစာ မြန်မာမှုကိုလေ့လာတာတွေလဲ ဒီနိုင်ငံ ဒီဌာနတွေမှာ ရှိဆဲပါ။ အထူးသဖြင့် လန်ဒန်အရှေ့တိုင်းကျောင်းနဲ့ ယေးလ်တက္ကသိုလ်ဟာ မြန်မာဘာသာကို စနစ်တကျ သဒ္ဒဗေဒနည်းစနစ်ကို လေ့လာရာမှာ ကနဦးကျပါတယ်။ သမိုင်းဘာသာမှာလဲ လန်ဒန်ကျောင်းရဲ့အရှိန်ဟာ ဒေါက်တာသန်းထွန်းသြဇာကြီးတဲ့ မြန်မာပြည်သမိုင်းလောကမှာ ကျန်နေဆဲပါ။ ဒါကြောင့် မြန်မာပြည်နဲ့ ပဌာန်းဆက်များတဲ့သူတို့သင်ရိုးကို လေ့လာပီး ကျနော်တို့ဆီနဲ့ နှိုင်းယှဉ်ကြည့်ကြဘို့ ကောင်းပါတယ်။ ကျနော်တို့ဆီမှာ ဆရာကြီးတွေ […]


စာပေစိစစ်ရေးမူသစ်ကြောင့် အထွေထွေစာအုပ်တွေ ရိုက်ပီးမှ တင်ရတော့မယ်ဆိုတဲ့သတင်းထွက်လာတော့ ဒါ မဆလခေတ်ဦးပုံစံပဲ၊ ၁၉၇၀ နှစ်လယ်ပိုင်းကမှစပီး စာအုပ်တွေအကုန် စိစစ်ရေးတင်ရတာ၊ စာပေစိစစ်ရေးရယ်လို့ ဖြစ်လာတာလဲ ဒီတုန်းက ပြန်ကြားရေးက အမ်ဒီ ဗိုလ်တက် (ဆရာတက်တိုး)လက်ချက်မကင်းဘူးလို့ ကြားဘူးတာတွေ ပြန်သတိရတယ်။ ဘယ်သူတွေ သောက်မြင်ကပ်ပုဒ်မထိကြအုံးမယ်တော့မသိဘူး။ မောင်ဖေငယ် စဥ့်ကူးမင်းနဲ့ သေဒဏ်ကျတာလဲ စိစစ်ရေးတင်စရာမလိုထုတ်ပီးမှ ဂိတာပဲ။ သတိတော့ အတော်ကို ကြီးကြီးထားရမယ်။ ဖဆပလလက်ထက် နှိပ်ကွပ်တာထက်ဆိုးတာတွေ လာအုံးမှာကတော့ သေချာနေတယ်။ အကြောင်းရှာဖမ်းတာ၊ အမျိုးစုံယုတ်မာပီး ညှဉ်းတာညှစ်တာတွေပေါ့။ ရွှေဥဒေါင်းကို လေဆိပ်မှာ ဘိန်းရှာခံရအောင် သူ့သားလောက်ရှိတဲ့ ခင်မောင်ကလေးက ပြည်ထဲရေးကိုင်တုန်းနှိပ်စက်သွားတာ သူ့တသက်တာမှတ်တမ်းမှာ တွေ့ကြမပေါ့။ ပျူစောထီးခေါင်းကြီးနဲ့ အဖိုးကြီး ကဆုန်လကြီး ထောင်ထဲတိုက်ပိတ်ခံရသေး။ ဒီလိုညစ်ကျယ်ကျယ်ရူးကြောင်ကြောင် ဖဆပလတွေထက် ဆိုးတာတွေ ခုခေတ်မှာပေါလှပေါ့။ မျိုးချစ်ဆိုတိုင်း နိုင်ငံရေးသမားပညာတတ်ဆိုတိုင်း စိတ်နေမမြင့်တာတော့ […]


မဇ္ဈိမ ဖဆပလက ဆရာမှိုင်းကို မလိုတမာရှိတော့ တက္ကသိုလ်က စာပြဆရာဟောင်း အဂ္ဂမဟာပဏ္ဍိတဆရာလင်းကို အမ်အေပေး ဒီလစ်ပေး တောလုပ်တောင်လုပ်လုပ်ကြတယ်။ မှိုင်းကို လင်းနဲ့ဖျောက်မယ်ဆိုတဲ့သဘော။ နောက် ခင်ညွန့်လက်ထက်မှာ ဒေါ်အမာကို မကြိုက်တဲ့အခါ ဗိုလ်ချုပ်တင်ဖေမိန်းမ ဝတ္ထုဆရာမ မမြတ်လေးကို ဘွဲ့တွေလျှောက်ပေးပြန်တယ်။ နန္ဒကျော်စွာ၊ ဗိုလ်ဉာဏ်ထွန်းဦး-ခင်စောဥမ္မာတို့အမေပေါ့။ ထိုက်ထိုက်တန်တန်အသိအမှတ်ပြုခံရဘို့ဆိုတာ ပေးတဲ့သူကိုယ်နှိုက်ကလဲ တိုင်းပြည်မှာ သြဇာညောင်းဘို့က လိုသေးတာ။ အာဏာရှိတိုင်းဖြစ်မှတ်လို့။ (၁) ဤနှစ်တွင် ဆရာကြီးမှိုင်း ၁၃၅ နှစ်တိုင်ပြီဆို၍ ၁၂ဝ ပြည့်စဉ်က စာပေဂျာနယ် ထုတ်ခဲ့ပုံကို ပြန်သတိရပါသည်။ ထိုစဉ်က ယခုကဲ့သို့ မီဒီယာဟု ကြီးကြီးကျယ်ကျယ် ပြည်တွင်းတွင် မထွန်းကားသေးပါ။ စာနယ်ဇင်း ဖိနှိပ်မှုကို ပြည်ပကနေ စောင့်ကြည့် ထောက်ပြမည့် အဖွဲ့ကြီးငယ်လည်း ယနေ့လောက်မများသေး။ သို့ကြောင့် သခင် ကိုယ်တော်မှိုင်းဆိုရင် ရမည်မဟုတ်ဟု […]


လူထုစာအုပ်တိုက်က လူထုဦးလှ၏ သောင်းပြောင်းထွေလာရေးချင်ရာရာစာအုပ်ကို နောက်တကြိမ်ထပ်မံပုံနှိပ်သည်ဟု ကြားရသောအခါ ကျန်းမာရေး၊ စာပေယဉ်ကျေးမှု၊ ခရီးသွား၊ ဟာသ၊ ပညာရေး၊ လူမှုရေး၊ ပုံပြင်မှအစ ကြောင်းရပ်စုံကို စုတ်ချက်သွက်သွက်ဖြင့် ပြန်ပြန်ဖတ်ချင်အောင် နေ့စဉ်နီးပါး ရေးသွားခဲ့သော ဦးလှ၏ကလောင်စွမ်းကို အားကျမိပေသည်။ အိမ်စောင့်ခေတ်တွင် ချိတ်ပိတ်ခံရသော လူထုသတင်းစာကို ၁၉၆၀တွင် ပြန်လည်ထုတ်ဝေချိန်မှစ၍ ယခုခေတ် အင်္ဂလိပ်သတင်းစာဆိုက်ကြီးအရွယ် ဖတ်စရာကဏ္ဍစုံ သတင်းဓာတ်ပုံဝေဆာစွာဖြင့် တိုးချဲ့တင်ဆက်နိုင်လာသည်။ ခေါင်းကြီး ခေါင်းရံပိုင်းအပြင် စာအုပ်ဘာသာပြန်များ၊ ဒေါ်အမာ၏ လှုပ်ရှားနေသောကမ္ဘာ့ရေးရာများ၊ ရွှေဥဒေါင်း၏ တသက်တာမှတ်တမ်း၊ စာအုပ်ဝေဖန်ချက်စသည့် စုံလင်အားပြည့်သော ကဏ္ဍများတွင် လူမှုရေးနယ်ကျယ်ကျယ်လှုပ်ရှားသော ဦးလှ၏ ကလောင်ရွှင်ရွှင်နှင့် မှတ်စရာ စဉ်းစားစရာတွေပါသော သောင်းပြောင်းထွေလာကဏ္ဍကလည်း အထူးတလည်ကျော်ကြားခဲ့သည်။ လူထုသတင်းစာပါ ဆောင်းပါးများမှ ၃ တွဲအပြင် သတင်းစာပိတ်ခံရပီး ပြည်သူပိုင် ဟံသာဝတီတွင် ရေးသည့်ဆောင်းပါးများကို စုစည်းပီး […]


Alicia’s compilation for burma research google group List of Burma/Myanmar related papers and panels of the program from the Association for Asian Studies (AAS)-International Convention of Asia Scholars (ICAS) joint conference in Honolulu, March 31–April 3, 2011 THURSDAY SESSION 2. 8:00AM-10:00AM Room 315 Technologies of Travel in Defining a Buddhist Colonial Modernity: Buddhist Agents of […]


ဓာတ်ပုံ myanmarbookshop.com လွတ်လပ်တဲ့အာရှအသံ မင်္ဂလာပါခင်ဗျာ အခု ကျနော်ပြောပြမှာက အနောက်တိုင်းတက္ကသိုလ်တွေက မြန်မာသမိုင်းပို့ချပုံတွေပါ။ မြန်မာသမိုင်းလေ့လာမှုနဲ့ ပတ်သက်ပီး ကမ္ဘာမှာထင်ရှားတဲ့ တက္ကသိုလ်တွေထဲက လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့အာဖရိကပညာရပ်များကျောင်း၊ အမေရိကန်နိုင်ငံက ကော်နဲလ်တက္ကသိုလ်၊ မစ်ရှီဂန်ပြည်နယ်တက္ကသိုလ်၊ နောက် သြစတြေးလျအမျိုးသားတက္ကသိုလ်စတဲ့ တက္ကသိုလ်များဟာ အထူးကျော်ကြားသလို အခုဆိုရင် စင်္ကာပူအမျိုးသားတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနမှာလဲ မြန်မာသမိုင်းပညာရှင်တချို့ ပို့ချနေကြပါတယ်။ နောက် ဂျပန်တက္ကသိုလ်များဟာလဲ မြန်မာသမိုင်းလေ့လာမှုကို အလေးပေးပီး ယခုထက်တိုင် မြန်မာပညာရှင်များကို ပါရဂူဘွဲ့ရအောင် လေ့ကျင့်ပေးနေလို့ ရန်ကုန်တက္ကသိုလ်မှာ အမှုထမ်းနေတဲ့ ဂျပန်ပြန်ပါရဂူတွေ ရှိနေပါပီ။ ကျနော်တက်နေတဲ့ လန်ဒန်ကျောင်းမှာတော့ မြန်မာအမျိုးသမီးသမိုင်းပါရဂူ ၂ ဦး ဒီနှစ်ပိုင်းအတွင်း ပေါ်ထွက်လာသလို မြန်မာနဲ့ပတ်သက်ပီး သမိုင်းပါရဂူဘွဲ့ယူတဲ့ နိုင်ငံတကာကျောင်းသားတွေလဲ ရှိနေဆဲပါ။ ဒီခေတ်မှာ နာမည်ကြီးတဲ့ သမိုင်းစာအုပ်ရေးသူ သန့်မြင့်ဦးကတော့ လူမှုထောက်ပံ့အဖွဲ့တွေကိစ္စကို ပိုထက်သန်ပုံရပါတယ်။


ဒေါ်စုလွတ်ထဲက ရေးဘို့မှန်းထားတဲ့ အမျိုးသမီးရေးဆောင်းပါးပါ။ လောလောဆယ် ပြည်တွင်းမှာ မဂျူးနဲ့ ဒေါ်မြနှောင်း(ညို)၊ ဆွေဇင်ထိုက်စတဲ့ အနည်းစုကပဲ အမျိုးသမီးရေး ပြောဘော်ရေးဘော်ရတာရယ်၊ ပြည်တွင်းပြည်ပ အမျိုးသမီးခေါင်းဆောင်ဆိုရမယ့် မိန်းမကြီး မိန်းမကလေးတချို့လုပ်ပေါက်က စားပေါက်ပိုဆန်နေတာကို အားမရတာရယ်၊ မိန်းမသတင်းထောက် ဘလောက်ဂါဆိုတာတွေအများစုရဲ့ အရေးအသားအတွေးအခေါ်က အတော်ကို “အရပ်ဆန်”နေတာရယ် အထွေထွေပေါ့လေ။ ဒေါ်စုတယောက်ထဲ ထီးထီးကြီးဖြစ်ပီး ကျန်တဲ့သူများက “ကျမတို့ယိမ်းက ခြောက်ပြားတန်.. သောက်စားတန်တာ တိုင်းသိပါရဲ့” ဖြစ်နေတာက ဒုက္ခ။ ၈၈ ပီးစက အမျိုးသမီးတွေရဲ့ ဆိုရှယ်လစ်လွန် ဒီမိုကရေစီမျှော်တဲ့ စပွန်ဆာမဲ့ နိုးကြားမှုကိုပဲ အောက်မေ့ပါတယ်။ နားနဲ့မနာ ဖဝါးနဲ့နား) (၁) “ပညာပါရမီ ပြည့်ဝစုံလင်သည် ကမ္ဘာတွင်စေမည် မိန်းမအာဇာနည် တိုင်းပြည်တွင်းမှာ လင်းပေသည်..” (မေသန်း-ပျို့လက်ရုံးသီချင်း၊ ၁၉၄၀၊ ဇန်နဝါရီ၊ ကိုလံဘီယာဓာတ်ပြား) နိုင်ငံတကာအမျိုးသမီးများနေ့ရာပြည့်ချိန်တွင် […]


By convening the new ‘Hluttaw’, Burma enters a new era of ‘democratic terror’, which will see many errors in implementation as well as the manipulation of power. The new cabinet is appraised as a coalition in US federal government style in some news journals from Rangoon. For me, it is handpicked bunch of managers for […]


ဦးဝင်းတင် ၈၁ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာနှင့်ပြည့်စုံသော သတင်းမျိုးဆက်သစ်ပေါ်ထွန်းရေးသို့ (၁) မနှစ်နွေက ဘိလပ်တွင် ဦးလေးဝမ်းကွဲတယောက်၏ ဇနီးဆုံး၍ ရက်လည်သွားရာတွင် ဦးလေး ယောက္ခမကြီးနှင့် တွေ့ပါသည်။ ဒီဘဘကို တွေ့ဖူးပါတယ်ဟု စဉ်းစားရင်း ငါက ကိုဝင်းတင်သူငယ်ချင်း တမြို့ထဲသား အတူတူနေကြတာဆိုမှ ဆူးလေနားတွင် ဆုံနေကျ လူကြီးအုပ်စုတွင် တွေ့ဖူးကြောင်း မှတ်မိတော့သည်။ အန်ကယ်ဦးဝင်းတင်ကိုထောင်ဝင်စာပို့နေကျ ဘဘဦးမောင်မောင်ခင် အဘ လူထုဦးစိန်ဝင်းဆီ စာအုပ်လာလာယူတာလဲ သတိရမိသည်။ ယခုလဲ အန်ကယ် ၈၀ပြည့်ပီဆိုပေမင့် စိတ်ထဲတွင် သူ့အသက် ၆၀လောက်ရှိသေးသည်ဟု အမှတ်မှားနေမိသည်။ ပြည်သူတို့၏ စကားပြန်ကောင်းကို အနှစ် ၂၀လောက် ကျနော်တို့ ဆုံးရှုံးခဲ့သည်ကိုး။ ထိုနှစ်များအတွင်း ဘဘဝတီ၊ ပေါ်သစ်စသည့် အနွတ္တများဖြင့်သာ သူ့ကိုရည်ညွှန်းခဲ့ကြရသည်။ လူချင်းမတွေ့နိုင်သဖြင့် စာနှင့်သာ သူ့ကိုရင်းနှီးခဲ့ရသည်။ […]


လွတ်လပ်တဲ့အာရှအသံ မင်္ဂလာပါခင်ဗျာ။ ဒီတပတ်မှာတော့ သမိုင်းပညာသင်ဖို့ အခွင့်ဖန်လာခဲ့ပုံကို ပြောပရစေ။ အရင်က ကျနော်ဟာ ဆေးပညာဘွဲ့ရထားသော်လဲ သတင်းပညာကို အမေရိကလိုတိုင်းပြည်မျိုးမှာ သွားရောက်ဆည်းပူးဘို့ ကြိုးစားနေခဲ့တာပါ။ ပညာသင်ဆုတွေ လျှောက်နေဆဲမှာပဲ တရက်မှာ ဆရာမောင်ဇေယျာက ခင်ဗျား SOAS လန်ဒန်ကျောင်း သွားပါလားဗျလို့ ပြောပါတယ်။ အရှေ့တိုင်းနဲ့အာဖရိကလေ့လာရေးကျောင်းကို ဆရာကြီးဒေါက်တာသန်းထွန်း၊ ဒေါက်တာလှဘေတို့ ကျောင်းအဖြစ် မြန်မာပြည်မှာ လူသိများပေမယ့် ကျနော့စိတ်ထဲမှာ လျှောက်ဖို့ မဝံ့မရဲဖြစ်နေပါတယ်။ ဒါပေမဲ့ ကိုဇေယျာရဲ့ စိတ်ပါလက်ပါတိုက်တွန်းအားပေးမှုကြောင့် ကျနော်လျှောက်ဖို့ စီစဉ်ခဲ့ပါတယ်။ အင်တာနက်မှာ SOAS လို့ ရှာကြည့်တော့ အလွယ်ပဲ တွေ့ပါတယ်။ လျှောက်ထားတဲ့နည်းနာနဲ့ အဆင့်တွေလဲ တယ်မရှုပ်လှတာမို့ လျှောက်ဖြစ်သွားပါတယ်။ အမေရိကန်ကျောင်းတွေလို GRE ခေါ် ဘွဲ့လွန် အရည်အချင်းစစ်စာမေးပွဲထပ်ဖြေစရာမလိုပဲ IELTS, TOEFL တို့လို အင်္ဂလိပ်စာစစ်စာမေးပွဲတွေ […]