Archive for the ‘education’ Category

လာမည့်နှစ် ဇန်နဝါရီတွင် အဘေးဆုံးတာ နှစ် ၃ဝ ပြည့်တော့မည်မို့ ကျန်ရစ်သော သားမြေးမြစ်များ က အမှတ်တရ စာလေးတအုပ်လောက် ထုတ်ဖို့ကောင်းကြောင်း ပြောနေစဉ် ရန်ကုန်က သူ့တူမ ဗိုလ်မှူးကြီး လှအောင် (ဟင်နရီစမိုက်၊ ခြေလျင်တောင်တက်)၏ ဇနီး ဆုံးပါသည်။ အမျိုးတအုပ်တွင် တူတယောက် ၉ဝ ကျော်သာ ဝါအရင့်ဆုံး ရှိနေပီး ထိုပုဂ္ဂိုလ်မှာ ရန်ကုန် တက္ကသိုလ် စိန်ရတုတွင် အသက် အငယ်ဆုံး ကန်တော့ခံ ကျောင်းသားဟောင်း လည်း ဖြစ်ပါသည်။ ထိုသူ့ဖခင် ဦးဖူးညို မှာ ရွှေဥဒေါင်း တသက်တာ မှတ်တမ်း ထဲက ကျောင်းနေဘက် ကိုဖူးညို (ဂျပ်ဆင် ကောလိပ်) ဖြစ်ပီး ရန်ကုန် ကောလိပ် ဘက်က ကိုထွန်းရှိန် (ဖေပုရှိန်) ကိုကွန်း […]


ပန်းများမပွင့်သေးသော အမေရိကနွေဦး တမနက် ချီကာဂိုတောပိုင်းတက္ကသိုလ်တခု ပိဋကတ်တိုက်မှ ရှေးဗမာ လက်ဝဲစာတအုပ် နောက်ကျောဖုံးတွင် မအုန်း ပြန်ဆိုသော ဆိုဗီယက် အမျိုးသမီးလောက စာအုပ်ကြော်ငြာကို မြင်မိသည်။ အမ်အေမအုန်းပါလားဟု ဗီဇသိက ဖျတ်ခနဲ ပေါ်လာသည်။ မအုန်းသည် အဘယ်ကြောင့် လက်ဝဲစာအုပ်တိုက်မှ စာအုပ် လက်ရွေးစင် တွေထဲ ဝင်ရေးရသနည်း။ မေးစရာ မလိုပေ။ မအုန်းသည် တက္ကသိုလ် ဆရာမကြီး ဖြစ်သော်လည်း နိုင်ငံရေးကျောင်းသူမှ လာသူဖြစ်သည်။ အစ်မကြီးတို့ တိုင်းပြည် ထူထောင်ရေးအတွက် လုပ်ကြရအုံးမယ် ခဏရှောင်နေကြပါအုံးဟု ဂျပန်တော်လှန်ခါနီး အာရှလူငယ်တွေ လူစုခွဲချိန်တွင် ဗိုလ်အောင်ကြီးက ဒေါ်ရီကြိန်၊ ဒေါ်သင်းကြည်၊ ဒေါ်အုန်း စသည့် မိန်းမတသိုက်ကို အဘယ်ကြောင့် မှာလိုက်သနည်း။ အဆက်အစပ်တို့က ပေါ်လာသည်။


Hate Speech

14Jun12

စကားလုံးများဟာ လူတွေရဲ့ အတွေးတွေ နဲ့ စိတ်ဓာတ်တွေကိုလွှမ်းမိုးနိုင်ပါတယ်။ အခုဖြစ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းများမှာ သုံးလိုက်တဲ့ စကားလုံးတိုင်းမှာ အစွမ်းတွေရှိပါတယ်။ အခုလို သွေးဆူနေတုန်းဆို လူကိုသေတောင် သေလောက်စေ နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ပြောလိုက်တဲ့ စကားလုံးတိုင်းရဲ့ အဓိပ္ပာယ်ဟာ နားထောင်သူများကို ကိုယ်မရည်ရွယ်ဘဲနဲ့ဖြစ်ဖြစ် တမင်တကာဘဲ ဖြစ်ဖြစ် အဓိကရုဏ်းကြီးထွားလာစေရေး ကိုသာ ရောက်စေလို့ပါပဲ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။


လူထုစိန်ဝင်း ကြည်မင်းစသည့် စာရေးဆရာကြီးများက မြန်မာရသစာ နိမ့်ကျတိမ်ကောလာမှုကို သတိပေးပေါင်းများပီ။ ဖေတော့မောင်တော့ ဆူလွယ်နပ်လွယ်နှင့် မော်ဒန် အမည်ခံ စာယောင်စူးများ တိုင်းပြည်တွင် ထွန်းကားနေသည်မှာ အနှစ် ၂ဝ ချဉ်းတော့မည်။ တိုင်းပြည်၏ ပစ္စက္ခအခြေကို အမြင်ယွင်းမှားပီး လူမှု အဆောက်အအုံ ပြိုကွဲမှုကို အများအာရုံမစိုက်နိုင်အောင် မယ်ဘွဲ့ မောင်ဘွဲ့ စိတ္တဇ တကိုယ်တော် ဝါဒဘက် ယိုင်အောင် ညှပ်ပီး ပုံသွင်းသလို ရှိနေခဲ့သည်။ စာပေ စိစစ်ရေး မရှိသည့်နောက် တောနယ် မြို့ပြ မြန်မာနှင့် လူမျိုးပေါင်းစုံတို့ လူမှုသရုပ်မှန်ကို ဖော်ကျူးမည့် စာကြေးမုံမျိုး ပြန်မှ ထွက်လာပါ့မလား သံသယပင် ကြီးရသည်။ ထိုထက် သုတ စာပေ ချွတ်ချော်မှုကို ထောက်ပြသူ နည်းသူ ထင်ပါသည်။ ဗမာကဲ့သို့ ယဉ်ကျေးမှုကြီးတို့၏ […]



ကမ္ပည်းကျောက်စာဝန်နေရာရွှေ့သွားသော ပြင်သစ်လူမျိုး ဒူရွိုင်ဇယ်၏ ရန်ကုန်ကောလိပ် ပါဠိပရိုဖက်ဆာဆရာကြီးနေရာတွင် ရန်ကုန်ဟိုက်စကူးကျောင်းဆရာကြီး ၂၄ နှစ်ရွယ်သူ မန္တလေးတောင်ခွင်သာသနာပိုင်မြေး မြန်မာခရစ်ယာန် မောင်တင် (အမ်အေ၊ ကာလကတ္တား)ကို ဟိုနှစ်တရာက ခန့်ထားသည်။ ဘားနတ်ပိဋကတ်တိုက်အုပ်၊ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် အယ်ဒီတာချုပ်၊ လန်ဒန်ပါဠိအသင်း အရှေ့တိုင်းကိုယ်စားလှယ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲစစ်အရာရှိတာဝန်များလည်းယူရသည်။ ၁၉၂၀ တွင် မောင်တင်ကို အောက်စဖို့ဒ်ပို့၍ ဘီလစ် စာပေဘွဲ့ယူစေရာ အဋ္ဌသာလိနီခေါ် အဘိဓမ္မာ အဋ္ဌကထာကျမ်းနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းများကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ဘွဲ့ယူခဲ့သည်။ ထိုဘွဲ့ရဘူးသူ သူ့နောက်တွင် ဒေါ်မြစိန်၊ ဒေါက်တာထင်အောင်နှင့် မင်းသုဝဏ်တို့ဖြစ်သည်။ ဘိလပ်တွင် အင်္ဂလိပ်စာပေနှင့် မြန်မာစာပေ သဘောကို ဆင်ခြင်မိရာမှ ရှေးဟောင်းစာပေကို ပြန်လည်ဖော်ထုတ်ရန် စိတ်ကူးပေါက်သည်။ ခေတ်မီမြန်မာစာပေသစ်ကို ဖန်တီးရန်လည်း အကြံရသည်။ အောက်စဖို့ဒ် ဗော့ဒလီယန်စာကြည့်တိုက်၊ လန်ဒန် ဗြိတိသျှစာကြည့်တိုက်၊ အိန္ဒိယပြတိုက်၊ အိန္ဒိယရုံးစာကြည့်တိုက်တို့တွင်ရှိ […]


Hall Scholarship D.G.E. Hall Scholarship Deadline: 31 January 2012 There is one D.G.E Hall Scholarship for applicants who are proposing to register full-time for taught Masters programmes at SOAS in the academic session 2012/13. The scholarship is shared with International Student House (ISH). The minimum value of the scholarship provided by SOAS will be £12,000 […]


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား၊ ယခင်အပတ်က ဒေါက်တာသန်းထွန်းရဲ့ ရာဇဝင်ဝေဖန်မှုအကြောင်းပြောခဲ့ပါတယ်။ အဲဒိ ခေတ်ဟောင်းမြန်မာရာဇဝင် စာအုပ်နိဒါန်းမှာပဲ ဒေါက်တာသန်းထွန်းက ရာဇဝင်ကိုအသုံးချပီး ဝါဒဖြန့် လူထုအမြင်ကို လွှမ်းမိုးတဲ့အလေ့အထတွေအကြောင်း ရှင်းပြပါတယ်။ ကိုလိုနီအစိုးရက မြန်မာပြည်ကို တိုက်ခိုက်သိမ်းရတဲ့အကြောင်းနဲ့ပတ်သက်ပီး အင်္ဂလိပ်ကိုလိုနီဝါဒီတွေရေးတဲ့ ရာဇဝင်စာအုပ်တွေမှာ ပေးလေ့ရှိတဲ့အကြောင်းပြချက်က မြန်မာမင်းဟာ ရက်စက်ကြမ်းကြုတ်တယ် တရားသဖြင့်အုပ်ချုပ်တဲ့ အင်္ဂလိပ်တွေကြောင့် မြန်မာတွေ ကြီးပွားတိုးတက်အေးချမ်းလာပါသတဲ့။ အင်္ဂလိပ်ခေတ်မှာလူဖြစ်တဲ့ မြန်မာကြီးများရဲ့ အပြောအဆိုတွေမှာ ဒီအမြင်မျိုးပါလာတတ်တယ်လို့ ဒေါက်တာသန်းထွန်းက သုံးသပ်ပါတယ်။ လူထုဒေါ်အမာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ရေးခဲ့တဲ့ တို့ပယောဂဆိုတဲ့ဆောင်းပါးတပုဒ်မှာ ကောလိပ်ကျောင်းသူ တဦးနှင့် မြန်မာပြည်၏ လွတ်လပ်ရေးစကားစမိကြရာ၊ ထိုမိန်းကလေးက “လွတ်လပ်ရေး ဘာလုပ်ဘို့လဲရှင့် အင်္ဂလိပ် အုပ်စိုးနေတာ အကောင်းသားဘဲ။ ကျွန်မတို့ လက်နက်လဲ ဘာမရှိ၊ ညာမရှိနဲ့ ကိုယ့်ဘာသာ အုပ်စိုးနေရင် တရုပ်တွေ ဂျပန်တွေက ဝိုင်းတိုက်ကုန်မှာပေါ့။ […]


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား။ ဖဆပလခေတ် သမိုင်းပညာရှင်တွေအကြောင်း ပြန်ဆက်ရရင် ဒီ ၁၉၅၀ ကျော်ကာလ ကိုရီးယားစစ်အတွင်း ဆန်ဈေးကောင်းခဲ့ရာက မြန်မာအစိုးရမှာ ပြည်ပငွေပိုလျှံပီး အနောက်နိုင်ငံတွေကို ပညာတော်သင်တွေ စေလွှတ်ခဲ့ပါတယ်။ စေလွှတ်ရာမှာလည်း တိုင်းပြည် ထူထောင်ရေးမှာ အသုံးကျမယ့် ဘာသာရပ်ပေါင်းစုံပါဝင်ပါတယ်။ တိုင်းပြည်တခုရဲ့ လမ်းကြောင်း အနာဂတ်ကိုပဲ့ပြင်ရာမှာ အရေးကြီးတဲ့ သမိုင်းပညာရပ်အတွက်လည်း အင်္ဂလန် အမေရိက တက္ကသိုလ်ကြီးတွေကို စေလွှတ်သင်ကြားစေခဲ့တာပါ။ အဲဒီထဲမှာ မြန်မာသမိုင်းလေ့လာရေးအတွက် အစဉ်အလာ ကြီးတဲ့ လန်ဒန်တက္ကသိုလ်နဲ့ စစ်အေးခေတ်သြဇာချဲ့ထွင်ရေးမှာ အရေးကြီးတဲ့ အရှေ့တိုင်းနိုင်ငံများ လေ့လာရေးကို စောက်ချလုပ်ကိုင်နေတဲ့ အမေရိကန်တက္ကသိုလ်တွေဆီ လွှတ်တာဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်တွေမှာ ပညာသင်ခဲ့တဲ့ မြန်မာသမိုင်းပညာရှာတွေထဲက နောင်မှာ သမိုင်းဌာနတွေကို ဦးစီးလုပ်ကိုင်ရတဲ့ ပညာရှင်ကောင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် ပြည်ပပြန်ထွက်သွားသူတွေရှိပေမယ့် မြန်မာပြည်မှာအခြေချပီး သမိုင်း သုတေသန ကိုစူးစိုက် လေ့လာ […]


မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီး တော်တော်များများ နဲ့ ပြည်နယ် မြို့တော် အများအပြားမှာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေကို တည်ဆောက်ထားသလို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင် တက္ကသိုလ်တွေ တည်ဆောက်ထားတာက မရေမတွက်နိုင်အောင်လောက်ကို များပြားလှပါတယ်။ အဲဒီလို တက္ကသိုလ်တွေကို ဒေသအများအပြားမှာ တည်ဆောက်တယ်ဆိုတာက ပတ်ဝန်းကျင်မြို့ရွာမှာ နေတဲ့ကျောင်းသူကျောင်းသားတွေ လွယ်လင့်တကူ ပညာသင်နိုင်ရေးနဲ့ အဲဒီဒေသတွေ ဖွံ့ဖြိုးရေးအတွက် ဖြစ်တဲ့အကြောင်း အာဏာပိုင်တွေက ပြောကြပါတယ်။ တကယ်ဘဲ အဲဒီတက္ကသိုလ်တွေရဲ့ ပတ်ဝန်းကျင်မြို့ရွာတွေ ကနေ ကျောင်းလာတက်တဲ့ ကျောင်းသူကျောင်းသားတွေ အဆင်ပြေပြေနဲ့ ပညာသင်ကြားနိုင်ကြပီလားလို့ မေးလာရင်…။ အဲဒီတက္ကသိုလ်ရဲ့ ဘေးပတ်ဝန်းကျင် အရပ်ဒေသက လာတက်တဲ့ ကျောင်းသူကျောင်းသားတွေ နေနိုင်တဲ့ လူနေဆောင်တွေ မဆောက်ပေးတော့ ကျောင်းသူကျောင်းသားတွေရဲ့ နေရေးထိုင်ရေးမှာ အတော့်ကို ကသိကအောင့် […]