Archive for May, 2014

မမြရင်အသံသည် ပီလည်းပီ၏၊ ကြည်လည်းကြည်၏။ မြည်လည်းမြည်၏ ဆိုတဲ့စာသားတွေ ကျောင်းသင်ရိုးမှာ ဖတ်ရတုန်းက ဒီစာအုပ်ကမှန်း စာရေးသူ မြေးတွေ မသိခဲ့ကြဘူး။….. ပြည်သူချစ်သော အနုပညာသည်များ စာအုပ် ရွှေရတု ချိန်တိုင်တော့ မြန်မာပညာရှိ ရွှေပြည် ဦးဘတင်သား ဦးဝင်းဖေ ဘီဘီစီ မြန်မာပိုင်းမှာ ပြောခဲ့တဲ့ စကားတခွန်း သတိရ ပါတယ်။ မြန်မာတွေဟာ တိုင်းပြည် စီးပွားရေး လျှောကျ လာပီးနောက် ကိုယ့်ကိုယ်ကိုယ် မြန်မာလို့ပြောရ ဂုဏ်ယူရမှာ ရှက်ပီး မြန်မာယဉ်ကျေးမှု ဂီတ ဆိုတာတွေ မက်မက်စက်စက် မရှိတော့ကြောင်း အလားတူစကား ထုတ်လွှင့်သွားတာပါ။ မန္တလေး မင်းမျိုးစိုးမျိုး မကင်းသူ ထဲက ပြောတာကတော့ ထိုင်းမှာ နန်းဆက် မပျက်တော့ ဝတ်ပုံစားပုံ တီးမှုတ်ပုံ ကစလို့ အတော် စနစ်တကျ […]


Excerpt From Myanmar Gazette, Los Angeles လူထုဦးလှ+ဒေါ်အမာ နဲ့ပတ်သက်ပြီး အမှတ်တရတခုခုပြောပြပါဦး။ ဒီနေ့က အဘွားဆုံးတာ ၆နှစ်ပြည့်ဗျာ။ (US မှာ ဧပြီ၇ရက်။ ၂၀၁၄။) တောင်လေးလုံးမှာ မနေ့ကဆွမ်းကျွေးတယ်လေ။ Online မှာ ပုံတွေ တက်နေတယ် ။ ကျနော်ကတခါပြောဘူးတယ်။ အဘွားလို့။ အဘွားလိုအရွယ်တွေဆိုရင် တခြားနိုင်ငံမှာ သမ္မတတွေဘာတွေဖြစ်မှာလို့။ သူကပြန်ပြောတယ်။ ” ဘာလဲ။ မင်းက သမ္မတမြေးဖြစ်ချင်လို့လား” တဲ့။ အဲဒါလေးပြန်သတိရတယ်။ ခုချိန်မှာ သမ္မတတွေသိပ်ခေတ်စား နေလို့။ (ရီလျက်။) အဘိုးကတော့ ကျနော်၂နှစ်မှာ ဆုံးတော့ သိပ်မမှီလိုက်ဘူးပြောရမယ်။ – မြန်မာ့သမိုင်းမှာ လူထုသတင်းစာနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်မိလဲ။ ခုနေခါ သတင်းစာလုပ်နေသူတွေကိုရော ဘာပြောချင်လဲ။