Archive for April, 2012

မောင်ပုတို့ ချစ်ချစ်တို့ ရောက်ကြပီလား။ ဟုတ်ကဲ့ ကိုကို ကျမတို့ ခုပဲ မေမြို့ရောက်တယ်။ မန္တလေးမဝင်ပဲ မြစ်ငယ်လမ်းက တက်လာကြတာ။ မင်းတို့ဆီရော အပူ တော်တော်ပြင်းရောပေါ့။ ဒီမှာတောင် ပူနေပီ။ ရွှေဥဒေါင်းရေးခဲ့သလို ၁၉၅ဝနဲ့ ၁၉၆ဝတောင် မေမြို့ အပူချိန်က မတူတာ၊ ခုဆို ကွာသွားပီပေါ့။ ဖျော်ရည်သောက်ကြပါအုံး။ တင်တင်က ဖလ်ခွက်ရှည်များနှင့် ထည့်လာသော ရှာလဘတ်ရည်များ လာချသည်။ ဒီလို အခါတွင်းဆို လူကြီးတွေ ရေကတော့ရတဲ့ချိန်ပဲ။ ခုတော့ ကတော့စရာလဲ မကျန်တော့ သလောက်ပဲ ဟု ကိုကိုခေါ်သည့်သူက စကားဆက်သည်။ တခါများ တောင်ကြီးရောက်သွားတော့ အာဏာသိမ်းချိန်မှာ သီပေါစော်ဘွား ပျောက်မသွားခင် ထမင်းစားသွားတဲ့ အိမ်က အိမ်ရှင် ဖက်ဒရယ်ခေါင်းဆောင်ကြီးကို ရှမ်းရွာသားတွေ ထော်လာဂျီတွေနဲ့ လာကတော့ကြတာ မှတ်မိတယ်။ ဒီလူကြီးမှာ […]


ဘလောက်မကိုင်တာကြာပီ အဖွားနှစ်လည်လေး ရေးမှ စိတ်ကူးတုန်း အန်တီ ဝင်ဒီလောရုံကို သွားသတိရသည်။ မြောက်အီလီနွိုင်းက ဆရာစော ပြောဘူးသလို ဗမာပြည် ဘာသတိရဆုံးလဲဆို အပေါင်းအသင်းပါပဲ။ ကိုယ်နဲ့လေပေါက်တူတာ ချင်းမှ ပိုအလွန်းသင့်တာကလား။ သို့ကြောင့် ဗမာပြည် သတင်းစာလောက ရှေးဖြစ်ဟောင်း ပြောလို့ရသည့် နေးရှင်းနှင့် ဘိလပ်လာအဖွဲ့ကျသလို အင်တာနက်မှလည်း လူ့ပြည်မှာ (မရှိတော့သော)ဇဝန၏ ပေါက်စနှင့် တွေ့နေသည်။ တလောကတင် အန်တီ ဝင်ဒီနှင့်စပ်၍ အိုးဝေ ဦးညိုမြသမီး လွစ်လမ်းတွင် လက်ဘက်ရည်ဆိုင်ဖွင့်ထားကြောင်း သူတွေ့ခဲ့သည်ကိုပြောသည်။ အဲဒိ လက်ဘက်ရည်ဆိုင် ဆနွင်းမကင်းကောင်းတာ သိတယ်၊ မြနဲ့စတယ်၊ သူ့သမီးမှန်းမသိတာဟု ဖလှယ်မိသည်။ အဲဒါ သူ့အဖေမသာမှာ ဆေးပေါ့လိပ် အဖေနဲ့ တပုံစံထဲခဲတဲ့ အညာက သမီးဆိုဒါ နေမယ်ဟု တက္ကသိုလ်စိန်တင်ရေးတဲ့ သူ့ဆရာအကြောင်းကို ပြန်ဖောက်သည်ချခဲ့သည်။ အန်တီက […]