Archive for July, 2011

သောတရှင်များခင်ဗျာ၊ ဒီတပတ်မှာတော့ လွတ်လပ်ပီးခေတ် မြန်မာသမိုင်းစာအုပ်တွေအကြောင်း ဆက်ပါ့မယ်။ အထူးပြောလိုတာကတော့ နိုင်ငံတော်ရာဇဝင်ဆရာများရဲ့ ရေးသားချက်များပါ။ အာဏာရ ဖဆပလ အစိုးရကျောင်းသုံးသမိုင်းစာအုပ်များနဲ့ အာဏာပိုင်အသိုင်းအဝိုင်းက ပညာရှင်များရဲ့ အရေးအသားတွေပါပဲ။ သိကြတဲ့အတိုင်း စစ်ပီးခေတ် မြန်မာအစိုးရအာဏာပိုင်များဟာ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် တက္ကသိုလ်သပိတ်မှောက်ခေါင်းဆောင်တွေကနေ နိုင်ငံရေးနယ်ထဲ ကူးလာကြသူများပါတယ်။ နိုင်ငံရေးသမား၊ စစ်ဗိုလ်၊ အုပ်ချုပ်ရေးအရာရှိ၊ တက္ကသိုလ်ဆရာတွေအထိ ၁၉၅၀ ကျော်က အရေးပါခဲ့သူတွေဟာ ၁၉၃၀ ခေတ်တွေမှာ ကျောင်းနေဘက်၊ သပိတ်မှောက်ဘက်၊ ဆွေးနွေးဘက်တွေ ဖြစ်ခဲ့ကြပါတယ်။ စစ်အတွင်း ဂျပန်ခေတ်မှာလဲ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြတ်သန်းလာခဲ့ကြသူတွေပါ။ တခါ အုပ်ချုပ်ရေးအမှုထမ်းတွေနဲ့ ပညာရှင်တွေဟာ နိုင်ငံရေး ကိုယ်တိုင်ကိုယ်ကျ မလုပ်ပေမယ့် နိုင်ငံရေးစိတ်ရှိကြသူတွေ အမျိုးသားရေးစိတ်သန်သူတွေ များပါတယ်။ အဲဒိခေတ်တက္ကသိုလ်ကျောင်းဆောင်မှာ ကိုအောင်ဆန်းနဲ့ တစားပွဲထဲစားတဲ့သူတွေက အဲဒီတုန်းက ဆရာဖြစ်ခါစ ဇော်ဂျီ၊ မင်းသုဝဏ်တို့နဲ့အတူ […]


မြန်မာပြည်နှင့်စပ်လျဉ်း၍ မီဒီယာ ပညာရှင်များ၏ ရေးသားဖော်ပြချက်များမှာ ဖောက်သည်သတင်းပေးများထံမှ ကြားချင်သည်များကို ပြန်ဖော်ပြသလို ခေါက်ရိုးကျိုးနေကြသည်မှာ ကြာလေပီ။ ဘယ်သူ့ဆီက ဘယ်စကားကြားရမည်မှာ နောကျေနေကြပီဖြစ်ရကား အလွှာစုံကို ထိတွေ့အကဲဖြတ်နိုင်သူမှာ ရှာ၍ရှိနိုင်ခဲပါဘိ။ ယခုကူးယူဖော်ပြသည့် မင်းအိုချမ်းသာ၏ အမြင်မှာ အများမီဒီယာတွင် ကြားလေ့မရှိသော အမြင်သစ်များနှင့် လက်ခံနိုင်ဖွယ် သုံးသပ်ချက်များပါရှိနေ၍ ကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှုနိုင်ကြရန် မျှဝေပေးရကြောင်း။ The Blinks အပြောင်းအလဲကြီးတွေဆိုတာ အပြောင်းအလဲလေးတွေက လာသတဲ့။ အပြောင်းအလဲလေးတွေဆိုတာကလည်း မျက်တောင်တစ်ခတ်လေးတွေ စုထားတာတဲ့။ အဲလို မျက်တောင်တစ်ခတ်လေးတွေကို သတိမပြုမိတဲ့အခါမှာ နောင်ဖြစ်ပေါ်လာမယ့် အပြောင်းအလဲကြီးတွေကို သတိမထားမိလေတော့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ဖြစ်ကြဘူးတဲ့။ ဒါနဲ့ပဲ မျက်တောင်လေးတွေ ဘယ်နှယ့်ခတ်တယ် သတိထားကြည့်မိတယ်။ ကျွန်တော်တို့နိုင်ငံမယ် ဒီမိုကရေစီအစိုးရ အရပ်သားအစိုးရလို့ ကိုယ့်ဘာသာနာမည်ပေး ကြွေးကြော်လာတဲ့ အစိုးရတစ်ရပ် တက်လာခဲ့တယ်။ အဲဒီမှာ မျက်တောင်လေးတွေ တဖြတ်ဖြတ် […]


လွတ်လပ်တဲ့အာရှအသံ မင်္ဂလာပါခင်ဗျာ။ ဒီတပတ်မှာ လွတ်လပ်ပီးခေတ် မြန်မာသမိုင်းစာအုပ်တွေအကြောင်း ပြောမလို့ အစက ရည်ရွယ်ပါတယ်။ ဒါပေမဲ့ ဒီတပတ်ဟာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့ ၆၄ နှစ်ပြည့် အာဇာနည်နေ့ကျရောက်နေတဲ့အတွက် အာဇာနည်နေ့အကြောင်းပဲ တင်ဆက်ပရစေ။ အာဇာနည်ရဲ့ အနက်အဓိပ္ပာယ်ဖွင့်ပုံတွေကိုတော့ သောတရှင်များကို အထူးရှင်းပြစရာလိုမယ်မထင်ပါဘူး။ ဒီ ပါဠိ သက္ကတစကားလုံးကို မြန်မာရာဇဝင်မှာ ဘယ်လိုရည်ညွှန်းသုံးစွဲခဲ့ကြပါသလဲ။ အာဇာနည် ယောက်ျားထူးယောက်ျားမြတ်ပါတကားဆိုပီး ပဒေသရာဇ်တွေရဲ့ အမှုတော်ကို ဦးလည်မသုန်ထမ်းရွက်တဲ့ အမှုတော်ထမ်းစစ်သည်သူရဲတွေကို ရည်ညွှန်းသုံးစွဲလေ့ရှိတဲ့ စကားပါ။ ဒီတော့ မိန်းမအာဇာနည်ဆိုတဲ့စကားဟာ မြန်မာစာပေ ရာဇဝင်မှာ မြင်ရခဲပါတယ်။ မြန်မာရာဇဝင်မှာ လက်ရုံးစွမ်းပြခဲ့တဲ့ အမျိုးသမီးများကလည်း ပထမ အင်္ဂလိပ် မြန်မာစစ်မှာ ပါတဲ့ မယ်ဘယက်တို့လောက်ပဲ ထင်ထင်ရှားရှားရှိပါတယ်။ ကိုလိုနီခေတ် နေမဝင်အင်ပါယာအောက်မှာ လွတ်လပ်ရေးကြိုးပမ်းခဲ့ချိန်မှာတော့ အာဇာနည်ဆိုတဲ့စကားက အသုံးဝင်လာပါတယ်။ အင်အားကြီးခေတ်မီတဲ့ ကမ္ဘာတခြမ်းလောက် […]


အောက်ပြည် အင်္ဂလိပ်သိမ်းပီးသည်မှ ယနေ့တိုင် ၁) ၁၈၅၃- ရန်ကုန်မြို့ကို အင်္ဂလိပ်တို့ အသစ်တည်ထောင်ခြင်း အကျိုးဆက်- မြန်မာမင်းအရိပ်အငွေ့မှလွတ်သည့် ကိုလိုနီအခြေခံစခန်းတခု ပေါ်လာခြင်း၊ ထိုမြို့ကို အခြေပြု၍ စီးပွားရေး၊ ပညာရေး၊ လူမှုခေတ်မီရေး၊ နိုင်ငံရေးပြောင်းလဲမှုများ ဝင်ရောက်လာခြင်း ၂) ၁၈၆၉- စူးအက်တူးမြောင်းဖွင့်ပီး စပါးဈေးတက်လာခြင်း (အမေရိကန်ပြည်တွင်းစစ်အပီး တောင်ပိုင်းက စပါးထွက်လျော့သွားခြင်း) အကျိုးဆက်- မြစ်ဝကျွန်းပေါ် ဈေးကွက်ပေါ်လာခြင်း၊ မြန်မာလယ်ရှင်လူတန်းစားပေါ်လာခြင်း၊ အိန္ဒိယမှ လယ်ကူလီနှင့် ချတ္တီးယားများဝင်လာခြင်း


လွတ်လပ်တဲ့အာရှအသံ မင်္ဂလာပါခင်ဗျား အစဉ်အဆက် ရေးလာခဲ့တဲ့ မြန်မာရာဇဝင်တွေမှာ နယ်ပယ်အလိုက် ပဒေသရာဇ် သစ္စာခံမှုကလွဲရင် တိုင်းရင်းသားချစ်ကြည်ရေး နိုင်ငံပေါ် သစ္စာရှိရေးသဘောတရားမျိုး တွေ့ရနဲတဲ့အကြောင်း အရင်အပတ်က ပြောခဲ့ပါတယ်။ဒါပေမဲ့လည်း မြန်မာနိုင်ငံ မြန်မာပြည်ထောင်စုလို့ ဗြိတိသျှလက်အောက်က လွတ်မြောက်လာတဲ့အခါ အုပ်စိုးသူလူတန်းစားအနေနဲ့ ပေါ်လစီသမိုင်းသစ်ရေးဘို့ တာဝန်ရှိလာပါတယ်။ ပဒေသရာဇ်ဝါဒဖြန့် နယ်ချဲ့ဆန့်ကျင်ရေး၊ အင်ပါယာစွဲ နယ်ချဲ့အမွှမ်းတင်သမိုင်းတွေက ခေတ်နဲ့ မဆီလျော်တော့ပါဘူး။ ဒီတော့ ဘယ်လိုနိုင်ငံရေးအမြင်တွေနဲ့ နိုင်ငံသမိုင်းသစ်ကို ရေးကြပါသလဲ။ သမိုင်းရေးမယ့် အာဏာရနယ်ချဲ့ဆန့်ကျင်သူသခင်ဟောင်းတွေရဲ့ နိုင်ငံရေးအမြင်က ဘယ်လိုရှိပါလဲ။


လွတ်လပ်တဲ့အာရှအသံမှ သောတရှင်များခင်ဗျာ။ ဒီတပတ် ကျနော်တင်ဆက်မှာကတော့ လွတ်လပ်ရေးရပီးခေတ်မှာ မြန်မာသမိုင်းရေးပုံ နိုင်ငံသမိုင်းအသစ်ဖော်ထုတ်လာပုံတွေဖြစ်ပါတယ်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံအရ မြန်မာပြည်မနဲ့ တောင်တန်းနယ်များကို ပြည်ထောင်စုဖွဲ့စည်းဘို့ ဆုံးဖြတ်ခဲ့တဲ့အတွက် လွတ်လပ်တဲ့မြန်မာပြည်ဟာ နိုင်ငံရေးအရ ပြည်ထောင်စုအသွင်ပေါ်ထွက်လာပါတယ်။ နိုင်ငံရေးအာဏာပုံစံအသစ်နဲ့ လိုက်အောင် သမိုင်းအသစ် စာပေအသစ်များလဲ ဖန်တီးရေးသားကြရပါတယ်။ မြန်မာသမိုင်းဟာ အင်းဝခေတ် ညောင်ရမ်းခေတ်ကစလို့ ကုန်းဘောင်ခေတ်ပျက်ပီး ကိုလိုနီခေတ်လယ်ထိ ရေးခဲ့ကြတဲ့ပုံစံက တမ္ပဒီပ သုနာပရန္တကနေ ကမ္ဗောဇ ရာမညတိုင်း မွန် ၃ ရပ် ဓညဝတီ ဇင်းမယ် လင်းဇင်းစတဲ့ မြန်မာဘုရင်တွေ ဘုန်းလက်ရုံးဆန့်တန်းရာ နယ်ပယ်ဒေသတွေကို ချဲ့ထွင်သိမ်းပိုက် စိုးစံပုံကို အကြောင်းခံရေးကြတာပါ။ တိုင်းရင်းသားနယ်မြေတွေထက် မြို့ရွာနယ်ပယ်တွေရဲ့ သစ္စာခံမှုကို အခြေခံရေးတာပါ။ ဟို အနှစ် ၄-၅၀၀ က အနောက်နိုင်ငံသားတွေဆွဲတဲ့ မြေပုံတွေမှာလဲ မြန်မာပြည် မွန်ပြည်ဆိုတာထက် […]


လွတ်လပ်တဲ့အာရှအသံမှ ခရီးယာယီများနေပါ၍ ယခုမှ တင်ဆက်နိုင်သည်ကို ခွင့်လွှတ်ကြပါကုန်။ ဘာသာပြန်စာပေတွေက ဖန်တီးတဲ့ ကမ္ဘာ့အမြင် မင်္ဂလာပါခင်ဗျာ။ ကျနော် အခု ထိုင်းနိုင်ငံကို ခဏရောက်နေတဲ့အခါ စာအုပ်ဆိုင်တွေကို လှည့်ကြည့်ဖြစ်ပါတယ်။ ဘာသတိပြုမိလဲဆိုတော့ ထိုင်းနိုင်ငံမှာ တရုတ်နွယ်ဖွားတွေများပြားကြီးစိုးတဲ့အတွက် တရုတ်ဘာသာနဲ့ စာအုပ်စာတမ်းတွေအပြင် တရုတ်နိုင်ငံနဲ့ တရုတ်ခေါင်းဆောင်တွေအကြောင်း စာအုပ်တွေ၊ နောက် တခြား ကမ္ဘာ့နိုင်ငံစုံက နိုင်ငံရေး စာပေနဲ့ ယဉ်ကျေးမှု သိပ္ပံနယ်က လူကျော်လူတော်တွေအကြောင်း စာအုပ်တွေ ဘာသာပြန်ထားတာ တော်တော်စုံစုံတွေ့ရပါတယ်။ တရုတ်ကွန်မြူနစ်ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ မော်စီတုန်း ချူအင်လိုင်းတို့အကြောင်းတွေလဲပါပါတယ်။ ဘာသွားသတိပြုမိလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ အနောက်နိုင်ငံတွေ ဗဟိုပြု နိုင်ငံရေး စီးပွားရေး အာဏာစက်ဖြန့်မှုအကြောင်း အာရုံစိုက်ပြန်တဲ့ စာအုပ်တွေကလွဲရင် ကမ္ဘာ့နိုင်ငံရေး လူမှုရေးနဲ့ပတ်သက်ပီး ပြန်ဆိုရေးသားတဲ့စာပေတွေ အတွေ့ရနဲလာ လူဖတ်နဲလာလို့ပါ။