Atumashi

လူ့ဘောင်သစ် ဂျာနယ်မှ

ကျောင်းတော်နှင့် နိုင်ငံရေး

မြန်မာပြည် ရန်ကုန်မြို့ထုတ် မြန်မာသမိုင်းသုတေသန စာစောင် ဒီဇင်ဘာ ၂ဝ၁၃ တွင် စိတ်ဝင်စားစရာ စာတမ်းတစောင် ပါလေသည်။ မန္တလေးမြို့ အရှေ့ပြင် မဟာအတုလဝေယန် အတုမရှိကျောင်းကြီး တည်ဆောက်မှုနှင့် ထိုကျောင်းပေါ်တွင် သံဃာတချို့၏ သီးခြားသင်္ဂါယနာ တင်ပွဲ အကြောင်း ဖြစ်ပါသည်။ မြို့တည် ၇ ဌာန အဝင် ဤကျောင်းတော်ကြီးမှာ မြန်မာ ရှင်ဘုရင်များ လက်ထက် တည်ဆောက်သမျှ ဘုန်းကြီးကျောင်းများထဲတွင် အကြီးဆုံး ကျောင်းကြီးဟု ဆိုနိုင်ပါသည်။ ၁၈ နှစ်ကြာ တည်ဆောက်ချိန် ကြာမြင့်ပြီး မင်းတုန်းမင်း နတ်ရွာစံခါနီးမှ ကျောင်းရေစက်ချနိုင်သည်ဟု သိရပါသည်။ ထိုထက် ဤကျောင်းမှာ မူလ ပန္နက်ပုံစံ များအရ အဆောင် ၄ ဆောင် ထည့်သွင်း ဆောက်လုပ်ရန် ရှိသော်လည်း ဆောင်မကြီးနှင့်သာ ပြီးခဲ့ရသည်ကို မန္တလေးပြတိုက်ရှိ ပုရပိုက်မူ အရ သိရကြောင်း စာတမ်းရှင် ဒေါက်တာ တင်မိုးလတ်၊ မန္တလေး တက္ကသိုလ်က ရေးသားသည်။ ပတ်ပတ်လည် ပေ ၃ဝဝ ဝန်းကျင်ခန့် တဘက်စီ ရှိသော ဤကျောင်းကြီးကို မင်းတုန်းမင်း၏ ပိဋကတ် ကျမ်းစာများ သိုမှီးရာ အဖြစ် သုံးသည်ဟုလည်း သိရပြီး သေနတ်ကိုင် ၁ဝ ယောက်အပါ အစောင့် အမှုထမ်း ၆ဝ ထားရှိသည် ဟု ဆိုသည်။ Continue reading ‘မှတ်ပါရစ်စေ’


U Hla and President Win Maung in Maymyo Karen New Year with other writers

U Hla and President Win Maung in Maymyo Karen New Year with other writers

ကနေ့ရှိရင် လူထုဦးလှ ၁ဝ၅ နှစ်ပြည့်ပါ။ သေသောသူကတော့ သွားရှာပေါ့။ သက်ဆိုင်သူများမှာ သတိတရ ရှိကြပါတယ်။ အထူးတလည် သတိရစရာ ရှိရင် ထုတ်ပြောမိကြမြဲပေါ့။ ဒီခေတ် ဒီခါမှာ သူ့ကို ဘာသတိရစရာ ရှိမလဲ။ ခုလို တိုင်းပြည်တံခါးပွင့်ပြီး လူငယ်တွေ အတွက် အခွင့်အခါတွေ ပေါ်စပြုလာတာကို သူတို့ သေချာ ဟုတ်အောင် ယူစေချင်တာ ပြောမိကြမလား။ စာပေ စာနယ်ဇင်း တံခါးတွေ ပြန်ပွင့်၊ နိုင်ငံရေးပြန်ပွင့် ဒီအချိန်မှာပဲ ဘာသာရေး၊ နိုင်ငံရေး ဖိနှိပ်မှု ပုံစံသစ်တွေ ပေါ်လာတာ၊ ဥပဒေနဲ့ အညီ ညှဉ်းပန်းချုပ်ခြယ်တဲ့ ဖဆပလ ကိုလိုနီခေတ်တွေ ပြန်ပေါ်လာတာတွေ … ဒါတွေ ဒါတွေ။ Continue reading ‘ဦးလှခေတ်’


ဆရာ ဆရာမအပေါင်းတို့ ခင်ဗျား

မကြာမီက ကျနော့ ဘွားအေကြီး၏ မွေးနေ့ အမှတ်တရ စာပေအခမ်းအနားများကို ရန်ကုန် မန္တလေးမြို့များတွင် သိုက်သိုက်ဝန်းဝန်း တင့်တင့်တယ်တယ် ဆောင်ရွက်ပေးကြသဖြင့် ဆရာ ဆရာမတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ ထိုထက် နောက်နှစ် ရာပြည့်ပွဲ ကျင်းပမည် ဆိုသည်နှင့်အတူ ကျွန်ုပ်တို့ စာပေတွင် ဘာဆက်လုပ်ကြမည်နည်း ဆိုသည့် ကိစ္စတရပ်ကို ပြောပြ လိုပါသည်။

ယခုအခါ ဗမာပြည်ကြီးလည်း ပွင့်လင်းလာပီဟု ဆိုကြပါသည်။ တိုင်းပြည် တံခါးပွင့်လျှင် ကျွန်ုပ်တို့ စိတ်တံခါး အသိဥာဏ်တံခါးများလည်း ပွင့်လင်းလာကြဖို့ သင့်ပါသည်။ လူထုလူအများစုကို စာပေနှင့် တင်ဆက် ထင်ဟပ်ရသည့် စာလုပ်သားများသည် ခံစားချက်ကို လိုက်၍ ရေးသား စီကုံးသည် ဆိုသော်ငြား လူထုကို ကိုယ့်စာကြောင့် အသိခံယူချက် ချွတ်ယွင်းတိမ်းပါးမှု ရှိခဲ့လျှင် ကျွန်ုပ်တို့ အပြစ်များစွာ ရှိပါလိမ့်မည်။ ကိုယ်ရေးသည့် အဘယ်စာသည် လူထု အသိပညာကို တိမ်းမှောက်စေသနည်း ဆိုသည်မှာ အမြင်ရှုဒေါင့် ကွဲပြားပါလိမ့်မည်။ အကြမ်းအားဖြင့် ဆိုမူ လူနှင့် လူ့အသိုက်အမြုံ ကြီးပွားတိုးတက်ကြောင်း အေးချမ်းသာယာ ဝပြောကြောင်းကို ဇောင်းမပေးဘဲ လူအချင်းချင်း အကြား စိတ်သွေးကွဲပြား မယုံကြည် တိမ်းစောင်းမှု ပဋိပက္ခ အကြမ်းပတမ်းမှု တို့ကို အားပေးသည့် စာမျိုး၊ ချို့ယွင်း နိမ့်ကျသည့် လူတမျိုး လူတစုကို လူများစု၏ ဖယ်ကြဉ် ဥပါဒ်ဘေးပြုမှုကို အားပေးသည့် သင်းခွဲစာမျိုးတော့ ကိုယ့်ကလောင်စက်မှ မထွက်စေလိုသည်မှာ များစွာသော စာပြုသူတို့ စိတ်ထဲတွင် ခံယူပြီး ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် နိုင်ငံရေး အနုပညာ ဘဝသိမှု စာပြုသူတို့ အမြင်မည်မျှ ကွဲပြား ကြစေကာမူ တိုင်းပြည်နှင့် လူ့အသိုက်အမြုံ အဖွဲ့အစည်း ကောင်းကျိုးကို ရှေးရှုသည့် စာမျိုးသည် စာပေ၏ အမတေ ပတ္တမြားခဲတို့ပင် ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ ဂန္ထဝင်ဟု ဆိုသော စာပေါင်းစု တို့တွင် လူ့အတွေးအခေါ် ရသစာစုတို့၏ အဆီအဖူး အကောင်းအညွန့်တို့ကို သိုမှီး ထိန်းသိမ်းထားသည် တို့ကို ကြည့်ပါလျှင်လည်း အရေးအသား ချွတ်ယွင်း တိမ်ငုပ်သော၊ လောကပသာဒ မှားယွင်းနိမ့်ကျသည့် စာလှေးစာမှိုက်တို့ ပါလေ့မရှိသည်ကို စာဆရာတို့ ကောင်းစွာ သိကြပါသည်။

ထို့ကြောင့် ကျနော် ကျွန်ုပ်တို့ ဘာဆက်လုပ်သင့်ကြပါသနည်း။ ကျနော်တို့သည် ရှေးဝိပါက ဝဋ်မကင်းပါ၍ မြန်မာပြည်တွင် ဆင်းဆင်းရဲရဲ လူလာဖြစ်ကြရသည့် အထဲ စာရေး စာဖတ် ဆိုသည့် လူချမ်းသာမဟုတ်မည့် လမ်းကို ကျေကျေနပ်နပ်ကြီး ခံယူကြသူများဖြစ်ရကား အများတကာ ဆင်းရဲသည်နှင့် တန်းတူ ဆင်းရဲကြသလို ပြည်သူအများ ဆင်းရဲကြုံလျှင်လည်း ကျွန်ုပ်တို့ အနုစာပေသမား အင်တီလီဂျန်းဆား ဆိုသည့် ပညာတတ် တပိုင်းပုဂ္ဂိုလ်များပါ ကြီးစွာ စိတ်ခံစားချက် ပြင်းရပါသည်။ တိုင်းပြည် လူအများ ဘဝအခြေကို လူချင်းအတူ သူချင်းအမျှ ဖြစ်စေလိုသည်မှာ တိုင်းပြည် လူအများနှင့် ကျွန်ုပ်တို့ ထပ်တူဟု ဆိုရပါမည်။ ကျွန်ုပ်တို့တွင် ဘာကြီးဖြစ်ကရော့ ဆိုသည့် ရည်မှန်းချက် လုပ်ခွင့် အာဏာကို မှန်းသူအချို့ ရှိပါလိမ့်မည်။ မှန်းသည်က အထူးမဟုတ်ပါ။ မိမိ၏ စာတကြောင်း လုပ်ရပ်တခုကြောင့် တိုင်းပြည် လူအများတွင် ကောင်းကျိုးချမ်းသာ ရသည် ဆိုသည့် ဂုဏ်ပုဒ်ကသာ ရာထူး ဂုဏ်သိန် အခွင့်အာဏာ မျက်နှာစာ တို့ထက် ကျွန်ုပ်တို့ ဘဝတွင် ကျန်ရစ်မည့် အနှစ်အသားများ ဖြစ်ပါသည်။ ကျွန်ုပ်တို့ မြဝတီ ဝန်ကြီး၊ ပဒေသရာဇာ စသော ပုဂ္ဂိုလ်ကြီးများကို သူတို့ အာဏာတန်စိုး မင်းကြီးစိုးကျယ် အဖြစ်တို့ကြောင့် သိမှတ်ကြသည် မဟုတ်ဘဲ သူတို့ပြုသည့် စာပေဂီတ အနုလက်ရာ၊ တိုင်းကျိုးပြည်ဆောင် လုပ်ငန်းတို့ကို စွဲသိမှတ်၍သာ အနှစ် ရာချီ လေးစားကြည်ညိုကြသည် ဖြစ်ကြပါသည်။

ဆရာဇေယျ၏ စာတပုဒ်ကိုသာ ပြန်လည် ကိုးကားလိုပါသည်။ စာပေဆရာသည် စာပေဖြင့် လူ့ကောင်းကျိုးကို မဆောင်ကြဉ်း နိုင်ပါက မုန့်ဟင်းခါးဆိုင်းထမ်း၍ ရောင်းခြင်းကသာ သာလွန်ကောင်းမြတ်ပါသည်။ ကျွန်ုပ်တို့သည် တိုင်းပြည်၏ ပစ္စက္ခ အခြေကို သူနာပြု သမား၏ အမြင်ဟာဒယ ဖြင့် အမြဲမပြတ် အကဲခတ်၍ ကောင်းရာ ကောင်းကျိုးကို ဆတပိုး ထမ်းရွက်ကြမှသာ စာပေ၏ ဂုဏ်ကို ဆောင်သော စာဝန်ဆောင်များ စစ်စစ် ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါ၏။

ကျန်းမာချမ်းသာစွာဖြင့် ပြည်သူအများ၏ စိတ်ဟာဒယကောင်းကျိုးကို ဖြည့်စွမ်းနိုင်ကြပါစေသော်ဝ်။


မြန်မာ လွတ်လပ်ရေး မျိုးဆက် ခေါင်းဆောင် တွေရဲ့ ရာပြည့် အထိမ်းအမှတ်တွေ ခရစ် နှစ် ၂ဝဝဝ နောက်ပိုင်းတော်တော် ဆင်နွှဲ ခဲ့ပါပီ။ တိုင်းပြည်ကတော့ လွတ်လပ်ရေးနဲ့ တန်တဲ့ အနေအထား လွတ်လပ်ခွင့် ရောက်ပီလား မသိပါ။ လွတ်လပ်စွာ ဆင်ခြင် နိုင်ကြပါတယ်။ လွတ်လပ်ရေး ရာပြည့် ချိန် နောက် ၃၄ နှစ် တိုင်းပြည် ဘယ်အခြေရှိမလဲ သိချင်စရာပါ။ ဒီလိုပဲ ပွဲတွေ လမ်းတွေ အခမ်းအနားတွေနဲ့ ရသေ့စိတ်ဖြေ နေကြမလား။ ရှေ့ဆက်ရမယ့် လမ်းကို ရဲရဲဆက်လှမ်းနိုင်ဖို့ ဘာတွေ ပြင်ပီး ကြပီလဲ။

1950s Burma

နောက်နှစ်က နာမည်အကြီးဆုံး နိုင်ငံရေး ခေါင်းဆောင် ဗိုလ်အောင်ဆန်း ရာပြည့်ပါ။ ဦးနု၊ ဦးသိန်းဖေမြင့် ၊ ဗိုလ်နေဝင်း စတဲ့ တချိန်က သတင်းစာ ရှေ့ဖုံးက ပုဂ္ဂိုလ်တွေရဲ့ သက်တမ်း ရာကျော်ချိန်မှာတော့ သူတို့ နာမည်တွေ နေရာမှာ နောက်တခေတ် နာမည်ကျော် တွေက အစားထိုး ဝင်နေကြပါပီ။ အလားတူပါပဲ စာပေ ယဉ်ကျေးမှု စီးပွားရေး စတဲ့ ဘက်ပေါင်းစုံ က နေရာတွေမှာ ၅ဝ ကျော် ၆ဝ တန်း လူသစ် တွေက အစားထိုး နေကြပါပီ။ Continue reading ‘ခယောင်းလမ်းမှ’


Mandalay Artists

Mandalay Artists

မမြရင်အသံသည် ပီလည်းပီ၏၊ ကြည်လည်းကြည်၏။ မြည်လည်းမြည်၏ ဆိုတဲ့စာသားတွေ ကျောင်းသင်ရိုးမှာ ဖတ်ရတုန်းက ဒီစာအုပ်ကမှန်း စာရေးသူ မြေးတွေ မသိခဲ့ကြဘူး။…..

ပြည်သူချစ်သော အနုပညာသည်များ စာအုပ် ရွှေရတု ချိန်တိုင်တော့ မြန်မာပညာရှိ ရွှေပြည် ဦးဘတင်သား ဦးဝင်းဖေ ဘီဘီစီ မြန်မာပိုင်းမှာ ပြောခဲ့တဲ့ စကားတခွန်း သတိရ ပါတယ်။ မြန်မာတွေဟာ တိုင်းပြည် စီးပွားရေး လျှောကျ လာပီးနောက် ကိုယ့်ကိုယ်ကိုယ် မြန်မာလို့ပြောရ ဂုဏ်ယူရမှာ ရှက်ပီး မြန်မာယဉ်ကျေးမှု ဂီတ ဆိုတာတွေ မက်မက်စက်စက် မရှိတော့ကြောင်း အလားတူစကား ထုတ်လွှင့်သွားတာပါ။ မန္တလေး မင်းမျိုးစိုးမျိုး မကင်းသူ ထဲက ပြောတာကတော့ ထိုင်းမှာ နန်းဆက် မပျက်တော့ ဝတ်ပုံစားပုံ တီးမှုတ်ပုံ ကစလို့ အတော် စနစ်တကျ ကျန်တယ်လို့ ဆိုပါတယ်။ မြန်မာ ကတော့ ကျန်ကောင်းကျန်ရာ စနစ်မကျပါတဲ့။ ပဒေသရာဇ်မူကို ဖက်ထားတာ မဟုတ်ဘဲ လူတမျိုးရဲ့ သရုပ်၊ မတူကွဲပြားမှုကို ထိန်းသိမ်း ဖော်ထုတ်ပီး အစဉ်အလာကို လက်ဆင့် ကမ်းကြရင် ယဉ်ကျေးမှု မူသစ်ထွင်ရာမှာ အပုံကြီး အကျိုးပြု ပါလိမ့်မယ်။ Continue reading ‘Mandalay Artists’


Excerpt From Myanmar Gazette, Los Angeles

လူထုဦးလှ+ဒေါ်အမာ နဲ့ပတ်သက်ပြီး အမှတ်တရတခုခုပြောပြပါဦး။

ဒီနေ့က အဘွားဆုံးတာ ၆နှစ်ပြည့်ဗျာ။ (US မှာ ဧပြီ၇ရက်။ ၂၀၁၄။) တောင်လေးလုံးမှာ မနေ့ကဆွမ်းကျွေးတယ်လေ။ Online မှာ ပုံတွေ တက်နေတယ် ။ ကျနော်ကတခါပြောဘူးတယ်။ အဘွားလို့။ အဘွားလိုအရွယ်တွေဆိုရင် တခြားနိုင်ငံမှာ သမ္မတတွေဘာတွေဖြစ်မှာလို့။ သူကပြန်ပြောတယ်။ ” ဘာလဲ။ မင်းက သမ္မတမြေးဖြစ်ချင်လို့လား” တဲ့။ အဲဒါလေးပြန်သတိရတယ်။ ခုချိန်မှာ သမ္မတတွေသိပ်ခေတ်စား နေလို့။ (ရီလျက်။) အဘိုးကတော့ ကျနော်၂နှစ်မှာ ဆုံးတော့ သိပ်မမှီလိုက်ဘူးပြောရမယ်။

– မြန်မာ့သမိုင်းမှာ လူထုသတင်းစာနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်မိလဲ။ ခုနေခါ သတင်းစာလုပ်နေသူတွေကိုရော ဘာပြောချင်လဲ။ Continue reading ‘ဘိုဘိုလန်းစင်နဲ့တွေ့ဆုံခြင်း။ ညိုခက်ကျော်’


Ludu and I

13Mar14

From the Dissident Blog published by Swedish PEN

ludu

ludu

1946 saw the establishment of a regime-critical daily newspaper called Ludu. Today, it is a natural institution for dissident writers in Burma. Despite the constant pressure and threats it received over the years, Ludu has continued operating the daily newspaper, and over the years, it has expanded its operations and currently includes the publishing of books, as well as having created a resource library of hard-to-come-by Burmese books and magazines from the early 20th century. The following is a personal reflection offered by Bo Bo Lansin, the grandson of the newspaper’s founder, on Ludu’s significance to the country throughout the years. Continue reading ‘Ludu and I’




Follow

Get every new post delivered to your Inbox.

Join 66 other followers