Archive for the ‘recycled’ Category

စကော့ပြည်သွား မှတ်တမ်း “ ဂရံပိယာသို့ မရောက်မီ၊ စာသင်ကျောင်းအနီး လမ်းက တောင်မျက်နှာ လက်ယာဘက်သို့ မျှော်တင်း ကြည့်ရှုလိုက်လျှင် အက်ဒင်ဗာရမြို့သစ်၊ ၄င်းမြို့ဟောင်း ခံမြို့နေရာ၊ အက္ခဏီက ဓာတ်တိုက်၊ ပရင်စစ် အာသာစိတောင်များကို ခင်းကျင်း၍ပြသကဲ့သို့ မြင်ရသည်။ အလွန်လှပတင့်တယ်ရှိသည်။ သိုးဆောင်းနိုင်ငံတွင် မြို့ကြီးလှမှာ ပါရစ်မြို့၊ မြို့ငယ်လှမှာ အက်ဒင်ဗာရမြို့ လှပတင့်တယ်ရှိကြောင်းများကို မှတ်သားပြောဆိုကြကြောင်း ကြားသိရသည်။…” (ကင်းဝန်မင်းကြီး လန်ဒန်မြို့သွားနေ့စဉ်မှတ်စာတမ်းမှ) ပြီးခဲ့သောရက်များအတွင်း အခွင့်ခံ၍ အထက်ပြည်မြို့ရွာများကို လှည့်ပတ်ကြည့်ရှုရာ စကော့သူဟောင်းတို့ အမွေတိုက်တာရေမြေကို နှောင်းလူတို့ အသိကြီးကြီးနှင့် မပျက်ယွင်းအောင် ထိန်းပုံကို အားကျခဲ့သည့်အပြင် ဤသို့ ဝေးလံခေါင်သီ ဥတုပြင်းထန်သည့် တောင်ပေါ်ပြည်မှ ကမ္ဘာချဉ်းအောင် ပညာ ဓနနှင့် သတ္တိဗျတ္တိစွမ်းများပြခဲ့ပုံကိုလည်း ဆင်ခြင်မိပါသည်။ တနည်း ဗြိတိန်၏ ပြည်ထောင်စု ယဉ်ကျေးမှုကို […]


မဆလလိုပဲ ဒီတခါလဲ ဒီမိုကရေစီစော်နံအောင် ဆိုင်ရာပိုင်ရာများ ကြိုးစားနေပါတယ်။ ထုံးစံအတိုင်း သာကူးနဲ့ လှေကြုံစီးများစာရင်းမှာ အရင် မဆလက ခတ်တိုင်းငန်တွေ ပြန်ပါလာတာ တွေ့ရတယ်။ အရေးအခင်းနဲ့ ပါတီထောင်တဲ့ခေတ်ကလဲ ဒီလူတွေပါပဲ။ မီဒီယာ၊ ပါတီ၊ အန်ဂျီအိုဆို ဝါးလုံးနင်းမိ ဝါးခြမ်းနင်းမိ ရှေ့ဆုံးကမောင်တွေပေါ့။ ပြည်သူ့ဘက်က အသံကောင်းဟစ်နေတဲ့ ဂျာနယ်ကြီးတစောင်ဆို ရွေးကောက်ပွဲကို ပေါ်တင်မဖားရဲတော့ စံချိန်မီ နိုင်ငံရေးသမားဆိုတာနဲ့ စဖွင့်ပါတယ်။ ပီးတော့မှ ရွေးကောက်ပွဲဂုဏ်ရည်တွေဆက်ပါတယ်။ မဆလလက်ကျန် ပါတီခေတ်ပါမီတဲ့ သတင်းအုပ်စုက ဦးစီးတာဆိုတော့ ကျီးအာသီးမှန်း ချက်ချင်းမသိဘူးပေါ့။ ခုတော့ ပြည်ပမျက်နှာဖြူများ တော်ကောက်တဲ့ ဈေးကွက်စဝင်နေပီကြားရတယ်။ ရှေ့လျှောက် ဖတ်စရာကောင်း ပေါင်မုန့်ထောပတ်သုတ်စာလေးတွေ ပိုပါအုံးမှာဘဲ။ အုတ်အရောရော ကျောက်အရောရောခေတ်မှာ ဖေ့စ်ဘွတ်၊ ဟစ်ဟော့ပ်တော်လှန်ရေးလဲဖြစ်ဖွယ်မမြင်ပါ။ ရှေ့မှာ သင်္ခန်းစာကောင်းတွေက အများကြီးရထားတော့ ဘေးဆီးရန်ကာ မင်းဘုရားများသနားတော်မူတဲ့ […]


ဆရာပါရေးတဲ့အထဲမှာ ဦးသိန်းဖေမြင့်ဟာ အရေးခံပုဂ္ဂိုလ်ကို အားလုံးကောင်းပါသည်ခင်ဗျားလို့ ဘယ်တော့မှ မရေးခဲ့ဘူးတဲ့။ နောက် လူထုဒေါ်အမာနဲ့ပတ်သက်ပီး ဒေါက်တာသန်းထွန်းမှတ်ချက်ချရာမှာ သူမကြိုက်ရင်သူမရေး ရေးသင့်တယ်ထင်မှရေးတယ်ဆိုတာပါတယ်။ ဒေါ်အမာ ဘာကြောင့် ဗိုလ်အောင်ဆန်းအကြောင်း ရေးမသွားလဲတော့ ခုထိမတွေ့မိဘူး။ အသတ်ခံရခါစက ဆရာကြီးရာဇတ်အကြောင်းရေးတာပဲတွေ့မိတယ်။ သူငယ်ချင်းချင်းမို့ အထင်မကြီးတာလား၊ နိုင်ငံရေးမကြိုက်လို့ပဲလားမသိပါ။ ဒေါက်တာသန်းထွန်းကလဲ သခင်ကိုယ်တော်မှိုင်းနဲ့ပတ်သက်ပီး အထူးတလည်ရေးသားတာပဲတွေ့မိတယ်။ သေချာတာက ဗိုလ်အောင်ဆန်း နောက်ဆုံးပေါင်းသင်းသွားတဲ့ နိုင်ငံရေးအုပ်စုလက်ချက်နဲ့ တိုင်းပြည်ပျက်တာ ခုချိန်ထိ လက်တွေ့ခံစားနေရတာပဲ။ ဒီအုပ်စုက သူတို့ကိုယ်ကျိုးအတွက် ပေါ့ပေါ့လျော့လျော့နေလို့ သေတဲ့ ဗိုလ်အောင်ဆန်းတို့တသိုက်ကို အာဇာနည်ဖြစ်အောင် မြှောက်ပီး ညာစားနေကြတာပဲ။ နောက်မှ သမီးက သူတို့ကို ကဏ္ဋကောစလုပ်ခါမှပဲ။ အခုလဲ သမီးထမီစခိုနေတဲ့ အတိုက်အခံနဲ့ မီဒီယာဆိုတာတွေက ဒလိုင်လားမားလက်သစ်မွေးနေတာ အနှစ် ၂၀ ကျော်ပါပီ။ ချော်ပီးရင်းချော်နေကြတုန်း။ ပြောချင်တာက သိပ်အထင်ကြီးစရာမရှိတဲ့လူတွေအကြောင်းရေးရတာ တယ်မလွယ်တာပဲ။ […]


(၁) ဟိုတနေ့က အသားတုချက်စားကြပါသည်။ မစားရတာ အနှစ်ဆယ်နှင့်ချီနေပြီဖြစ်၍ တော်တော်ကောင်းပါသည်။ သို့သော် အသားတုမှာ အသားစစ်မဟုတ်သလို အာဟာရဓာတ်ပြည့်ဝသည်ဆိုစေကာမူ လတ်ဆတ်သော ခဲဘွယ်ကားမဟုတ်၊ ဓာတုဗေဒဖြင့် ပြုစီရင်ထား၍ စွဲမြဲသုံးဆောင်ရန်လည်းသင့်သည်ဟု မထင်။ သို့သော် ပဲတွေ ဟင်းရွက်ဟင်းသီးတွေ စားနေကျက အသားတု သက်သက်လွတ်ကို စားရသည့်အခါ ရသာပြောင်းဟု တပ်မက်မိကြမည်ပင်။ အတုတွေ အန္တရာယ်ကို တလောက လူထုဦးစိန်ဝင်း အလဲဗင်းဂျာနယ်တွင် သတိပေးသွားသည်ကို ဖတ်လိုက်ရသည်။ ဟုတ်ပ၊ မြန်မာပြည်တွင် ဆင်တူရိုးမှားအတုအပများက ခုထိ ဒုက္ခပေးလှသည်။ အတုမိသူတွေမှာလည်း အတုမှန်းမသိသည့်မောဟ၊ သိသည့်တိုင် အလိမ်မျက်နှာကြီးကိုကြောက်၍ ငြိမ်ကာ အချင်ယောင်ဆောင်ရသည့် ဘယာဘေးများက ကြီးသည်မဟုတ်လား။ ကျနော့စိတ်ထဲ အာဏာရ စစ်အာဏာပိုင်များသည် လူထုကို ရေထိုး၍ နွားနို့ရောင်းသလို အဖိုးတန်သမျှ ပေါချောင်ညံ့ဖြစ်အောင် လုပ်ရာ၌ အင်မတန် […]


အရင်းရှင်ယဉ်ကျေးမှုခေတ်ဦးစာပေပုံစံ (၁) မာယာအတွက် စာမူစဉ်းစားတော့ မာယာဟာ စာဟောင်းစာကောင်းတွေကို ခေတ်သစ်နဲ့ ပေါင်းကူးပေးနေသူဖြစ်တယ်။ သို့တွက် ခေတ်ဟောင်းစာနဲ့ ပတ်သက်တာက ဆီလျော်မယ်အောက်မေ့တယ်။ ယနေ့ လန်ဒန် အရှေ့တိုင်းနဲ့ အာဖရိကပညာသင်ကျောင်းမှာ “မောင်ရင်မောင် မမယ်မ ဝတ္ထု ” (၁၉၀၄) ထုတ်ထဲက ဓာတ်ပုံရိုက်လာတာကို မာယာပရိသတ်အတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။ စစ်မဖြစ်ခင် အရှေ့တိုင်းပညာသင်ကျောင်း ခေတ်ကထဲက ဒီမှာရောက်နေတဲ့စာအုပ်ပါ။ မြန်မာဝတ္ထုဝေဘန်ချက်တွေ သုတေသနအသင်းဂျာနယ်မှာ ရေးသွားတဲ့ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခဂျေအေစတီးဝပ် (ရန်ကုန်တက္ကသိုလ်သမိုင်းကထိက ဒေါက်တာဘာဘရာစတီးဝပ်အဖေ) လှူထားတာဖြစ်နိုင်တယ်။ မူလစာအုပ်မှာ ၁၂ပုံရှိတယ်လို့ လူထုဒေါ်အမာက ၁၉၅၉ ဒုတိယနှိပ်ခြင်းအမှာမှာ ရေးဘူးပေမယ့် ဒီစာအုပ်မှာတော့ ၁၁ ပုံပဲတွေ့ပါတယ်။ ဝတ္ထုမှာ ပန်းချီပုံထဲ့တာ၊ ဝတ္ထုခန်းဖွင့်တွေမှာ ပန်းစာလုံးနဲ့ အလှဆင်တာက အဲဒိခေတ်အင်္ဂလိပ်စာအုပ်တွေရဲ့ အဆင်အပြင်ပါ။ ဓာတ်ပုံထဲ့တာတော့ ခေတ်ပြိုင်လွှမ်းမိုးမှုရှိသလားမသိပါ။


A police state and the problem of a media ‘third force’ For Mizzima News If you were a Burmese soldier who died in action against the Communist guerrillas in the 1960s, and were born again in Rangoon at the dawn of the Naypyitaw-cracy, you would find it hard to notice any change in the socio-political […]


Update from Rangoon, Dear BB DTY confirmed that BNW didn’t say such things to him at CNW’s funeral. BTY and BNW belonged to the thirty comrades and they never lost contact. Saya Ta is impressed with your works and believes you’ll go far, the sentiment which I also share. Sincerely … ဒဂုန်တာရာဟာ ပရောဂျက်နဲ့ စာပေသစ်ခဲ့တာမဟုတ်ဖူး။ သူနဲ့ခေတ်ပြိုင်တချို့ […]