Archive for September, 2011

တခါက ရန်ကုန်ရုံးတရုံးတွင် အသိအမကြီးတယောက်က သတင်းစာကိုင်ကာ ဝင်လာပီး ဘိုဘိုတို့အမျိုးတွေအကြောင်း ပါလာတယ်ဟေ့ဟု အော်ပြောပါသည်။ ကြည့်လိုက်တော့ သတင်းစာခွဖောင်အလယ်ဆောင်းပါးကြီးတွင် ကွန်မြူနစ်တွေ ဖြုတ်ထုတ်သတ်ဇာတ်ကိုပြန်ခင်းလျက် ကျနော့ဦးကြီး ကိုစိုးဝင်းပုံကြီးနှင့် ဦးလေးဖိုးသံချောင်းကို တုံ့ပြန်ထားခြင်းဖြစ်သည်။ တန်တော့ သူ ရေဒီယိုတခုကနေ စစ်အစိုးရကို တခုခုဝေဘန်လိုက်ဟန်တူသည်။ ဒီကမိသားစုများထဲတွင် အဖွားနှင့် ဦးလေးအငယ်လောက်သာ ရေဒီယိုနားထောင်တော့ ဘာပြောလိုက်မှန်း သတင်းစာဆောင်းပါးတွင် တအိမ်လုံးကို စော်ကားထားမှပဲသိတော့သည်။ ဖြစ်ရလေ။ ဟိုအမကြီးကတော့ ဆောင်းပါးကို အရေးတယူလုပ်ပြောမနေဘဲ ဘိုဘိုတို့အမျိုးတွေက တူတာဟယ်ဟုသာ ဦးကြီးနှင့် ကျနော် မျက်နှာကျ နှာခေါင်း နှုတ်ခမ်းဆင်ပုံကို ပြောနေသည်။


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျာ လွတ်လပ်ရေးနောက်ပိုင်း အစိုးရအသိအမှတ်ပြု မြန်မာ့လွတ်လပ်ရေးသမိုင်းမှတ်တမ်းတွေမှာ အာဏာရပါတီလူတန်းစားကို အဓိကမီးမောင်းထိုးပြလေ့ရှိတာကို အရင်အပတ်က တင်ဆက်ခဲ့ပါတယ်။ အာဏာရမြန်မာအမျိုးသားစစ်ဗိုလ်များ လက်ဝဲဆိုရှယ်လစ်အနွယ်နိုင်ငံရေးသမားများ နောက်ပိုင်း မဆလပါတီဝင်လူကြီးများက သမိုင်းဇာတ်လိုက်တွေဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်သမိုင်းကိုရေးမယ်ဆိုရင်လည်း ဗမာ့တပ်မတော်နဲ့ တော်လှန်ရေးပြောက်ကျားတွေ ပြည်သူနဲ့ ပူးပေါင်းဆင်နွှဲတဲ့ ဖက်ဆစ်တော်လှန်ရေးကြီးအဖြစ် အသားပေးရေးကြပါတယ်။


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျာ ဒီတပတ် တော်လှန်ရေးနဲ့ လွတ်လပ်ရေးမော်ကွန်းတင်မှတ်တမ်းတွေအကြောင်း ဆွေးနွေးပါ့မယ်။ ဒီမှတ်တမ်းတွေရဲ့ မူလအစကတော့ စစ်ကြီးမဖြစ်ခင် အမျိုးသားအောင်ပွဲနေ့နှစ်လည်တွေမှာပါဝင်ခဲ့ကြ တဲ့ ပထမ တက္ကသိုလ်သပိတ်မှောက် ကျောင်းသားဟောင်းကြီးတွေရဲ့ အမှတ်တရဆောင်းပါးတွေနဲ့ တက်ဘုန်းကြီးသိန်းဖေရဲ့ ဆရာလွန်း အတ္ထုပ္ပတ္တိက စမယ်ထင်ပါတယ်။ အစောပိုင်း နယ်ချဲ့ ဆန့်ကျင် ရေး လက်နက်ကိုင် အုံကြွမှုတွေအကြောင်းကိုတော့ ကိုလိုနီဝန်ထမ်းပညာရှင်တွေ နှိမ်ချရေးခဲ့တာတွေ က လွဲရင် တိုင်းရင်းသားစာပေတွေမှာ အတိအလင်းချီးကျူးရေးသားခွင့် မရှိခဲ့ဘူးလို့ ယူဆရပါတယ်။


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျာ အရင်အပတ်ကပြောခဲ့တဲ့ ကျေးလက်သုတေသီများရဲ့ ဒေသိယသမိုင်းတွေအကြောင်းဆက်ရရင် အထင်ရှားဆုံးတအုပ်က ကျောင်းဆရာကြီး ဦးကြာထွန်းရဲ့ယောဖြစ်ပါလိမ့်မယ်။ ၁၉၇၁ က မြန်မာ့ယဉ်ကျေးမှုနဲ့အနုပညာဆိုင်ရာစာပေဆုရတဲ့ စာအုပ်ပါ။ ယောနယ်က ပင်နီချောနဲ့ယောထမီ၊ ယောစကား၊ ပယောဂဆရာတွေအကြောင်းထိ စုံစုံလင်လင်ပြုစုထားပါတယ်။ ဒီစာပေဆုဟာ တော်လှန်ရေးအစိုးရလက်ထက် ၁၉၆၄ မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို အထောက်အကူပြုရမည်၊ မြန်မာ့ဟန်မြန်မာ့ယဉ်ကျေးမှုအစစ်အမှန်ထွန်းကားရေးရှေးရှုရမည်ဆိုတဲ့ အခြေခံမူတွေနဲ့ စပေးတဲ့ အနုပညာဆိုင်ရာစာပေဆုတခုပါ။


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား၊ ဒီတပတ်ကျနော်တင်ဆက်မှာက လွတ်လပ်ပီးခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ စာပေသုတေသီများရဲ့ လူမှု ယဉ်ကျေးမှုသမိုင်းတွေဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပီးစကထဲက မြန်မာစာပေပညာရှင်တွေဟာ စာပေနဲ့ယဉ်ကျေးမှုပြန်လည်ထူထောင်ရေးကို အဓိကထား အားထုတ်ခဲ့ကြပါတယ်။ စစ်တွင်း ၃ နှစ်မှာ မဟာမိတ်နဲ့ ဖက်ဆစ် ၂ ဖက်လုံးရဲ့ ရှေ့တန်းစစ်မျက်နှာ ၂ ကြိမ်ဖြစ်ခဲ့တာမို့ မြန်မာပြည်မြို့ရွာတွေ အတော်ကြေပျက်ခဲ့ပါတယ်။ ဒါကြောင့် ရှေးဟောင်းအနုပညာအဆောက်အအုံ၊ လက်ရာ၊ စာပေမှတ်တမ်းဆိုတာတွေလည်း အတော်ပျောက်ပျက်ကုန်ပါတယ်။ စစ်တွင်းပျက်စီးတဲ့ ယဉ်ကျေးမှုအမွေတွေထဲမှာ အထင်ရှားဆုံးက မန္တလေးနန်းတော်နဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွေပဲ ဖြစ်ပါမယ်။ ရန်ကုန်တက္ကသိုလ်က စုဆောင်းလာတဲ့ ရှေးဟောင်းစာစုတွေ တရုတ်နဲ့ပတ်သက်တဲ့အထောက်အထားမှတ်တမ်းတွေ စစ်မီးဒဏ်ခံရသလို စစ်ကြီးမဖြစ်ခင်က သခင်ကိုယ်တော်မှိုင်းစတဲ့ မြန်မာပညာရှိကြီးတွေ အားထားရာဖြစ်တဲ့ ဘားနတ်အခမဲ့ပိဋကတ်တိုက်ပိုင် စာစုတွေလည်း ဖရိုဖရဲပျောက်ပျက်ခဲ့ပါတယ်။ ဆရာဇော်ဂျီနဲ့ အခြားပညာရှင်တွေ ရနိုင်သမျှ စုစည်းသိမ်းဆည်းထားတဲ့ထဲက ပြန်ပီး အမျိုးသားစာကြည့်တိုက် တက္ကသိုလ်စာကြည့်တိုက်တွေကို […]


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား၊ ယနေ့တင်ဆက်မှာကတော့ ၁၉၆၂ စစ်အာဏာသိမ်းပီးနောက်ပိုင်း မြန်မာသမိုင်းသင်ကြားရေးနဲ့ ရေးသားမှုမှာ ဘာအပြောင်းအလဲတွေ ရှိလာတယ်ဆိုတာပါ။ သိတဲ့အတိုင်း စစ်အာဏာသိမ်းတော်လှန်ရေးကောင်စီဟာ ဆိုရှယ်လစ်တော်လှန်ရေး ပဒေသရာဇ်စနစ်ဖျက်သိမ်းရေး ဓနရှင်အဆောင်အယောင်နိုင်ငံရေးစီးပွားရေးစနစ်တွေကိုဖျက်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ အာဏာသိမ်းအစိုးရပါ။ တနည်းပြောရင် ယခင် ဦးနုအရပ်သားအစိုးရထက် ပိုပီး လက်ဝဲဆန်တဲ့နိုင်ငံရေးအမြင်ရှိပါတယ်။ အာဏာပိုင်လောကမှာ ဒီအမြင်တွေပြောင်းတာနဲ့အတူ စီးပွားရေး လူမှုရေးတွေမှာ နိုင်ငံနဲ့ချီတဲ့အပြောင်းအလဲတွေ ဖြစ်လာပါတယ်။