Archive for January, 2015

ကနေ့ရှိရင် လူထုဦးလှ ၁ဝ၅ နှစ်ပြည့်ပါ။ သေသောသူကတော့ သွားရှာပေါ့။ သက်ဆိုင်သူများမှာ သတိတရ ရှိကြပါတယ်။ အထူးတလည် သတိရစရာ ရှိရင် ထုတ်ပြောမိကြမြဲပေါ့။ ဒီခေတ် ဒီခါမှာ သူ့ကို ဘာသတိရစရာ ရှိမလဲ။ ခုလို တိုင်းပြည်တံခါးပွင့်ပြီး လူငယ်တွေ အတွက် အခွင့်အခါတွေ ပေါ်စပြုလာတာကို သူတို့ သေချာ ဟုတ်အောင် ယူစေချင်တာ ပြောမိကြမလား။ စာပေ စာနယ်ဇင်း တံခါးတွေ ပြန်ပွင့်၊ နိုင်ငံရေးပြန်ပွင့် ဒီအချိန်မှာပဲ ဘာသာရေး၊ နိုင်ငံရေး ဖိနှိပ်မှု ပုံစံသစ်တွေ ပေါ်လာတာ၊ ဥပဒေနဲ့ အညီ ညှဉ်းပန်းချုပ်ခြယ်တဲ့ ဖဆပလ ကိုလိုနီခေတ်တွေ ပြန်ပေါ်လာတာတွေ … ဒါတွေ ဒါတွေ။