Archive for July, 2012

လတိုင်း အုတ်ဂူသွား ပန်းစည်းချသော ဒေါ်မမလေးကဲ့သို့ အစွဲအလမ်းကြီးစွာပင် အဖွားသည်လည်း လစဉ် ဆွမ်းဝတ်ပြုခဲ့သည်။ အဖိုး ဆုံးပီး အနှစ် ၂ဝ ကျော် ကျန်းမာရေး အတော်ကောင်းနေစဉ်က အောက်ထပ် ဧည့်ခန်းတွင် သံဃာ ၁ဝ ပါး ဆွမ်း ၂ ဝိုင်း အလှည့်ကျ တိုက်တွေပင့်၍ ကပ်ပါသည်။ နှစ်လည်တွင် ၃ ဝိုင်း ဆရာတော်များ စုံအောင် ပင့်ပါသည်။ လူကြီး ဆွမ်းကျွေးနှင့် မတိုက်လျှင် ဆရာတော်များ ကလဲ ကြွဖြစ်အောင် ချီးမြှင့်ကြပါသည်။ အသက်ရာကျော် ရှည် ရွှေကျင် သာသာနာပိုင် ကြေးမြင် ဆရာတော်ကြီး အကြောင်း ရေးစဉ်က ဆရာတော်ကြီး နေကောင်းရင် ဦးလှ လလည် ဆွမ်းကျွေးဖိတ်မယ်ဘုရားဟု အဖွားက ဆရာတော်ကြီးစိတ်ကို စမ်းပါသည်။ […]


‘ကိုအေးမောင် (ဦးအေးမောင် ဘီအက်စ်စီ-ဘီအယ်လ်) တယောက်ကဖြင့် တရားသူကြီးရှေ့မှာ ခေါင်းပေါင်းကြီး တကားကားနဲ့ ဘာတွေလုပ်နေ ပြောနေသလဲ မသိပါဘူး။ ၀တ်လုံလို ၀တ်စားထားတော့ ကိုအေးမောင် ဟာ တော်တော်လေးခန့်တယ်။ အိနြေ္ဒရတယ်။ အမှုနဲ့ပါတ်သက်ပြီး ထုံးစံအတိုင်း ပြောစရာတွေ ပြောနေတာ ပေါ့လေ။ ‘တခြားမိတ်ဆွေဝတ်လုံတွေလဲ လာကြတယ်။ သူတို့လိုက်ပါ ဆောင်ရွက်ပေးဘို့ အသင့်ပါဘဲလို့လဲ ကိုယ့်ကို ပြောကြတယ်။ အမှုက တယ်လဲ မကြီးကျယ်လှပါဘူး။ အားလုံးဝိုင်းမလိုက် လောက်ပါဘူး။ ကိုအေးမောင်ကိုဘဲ တာဝန်ပေးပါရစေတော့လို့ ပြောပြတောင်းပန် ရပါတယ်။ ဒါကြောင့် အမှုကို ကိုအေးမောင်ဘဲ လိုက်လိမ့်မယ်။ သူကတော့ ညီအစ်ကိုအရင်းနဲ့ မထူးဘူး။ အစွမ်းကုန် ကြိုးစားမှာဘဲ။ သူ့ဆိုတော့ အားလဲ မနာရဘူး။ အစ်ကိုကြီးဦးကျော်မြင့် (တရားလွှတ်တော် ချုပ် တရားဝန်ကြီးဟောင်း၊ ၀တ်လုံဦးကျော်မြင့်) တို့ဆိုတော့ […]


An op/ed of the late essayist Maung Wa (an I.C.S in colonial administarion) reprint from the World of Book (Gandha-lawka), 1939, on development of vernecular press in Burma


သတင်းစာ နာရေးကြော်ငြာ အင်တာနက်မှာ ပါလာတော့ ထင်ရှားသူ ဘယ်သူဘယ်ဝါ ဆုံးတယ်ဆိုတာ တန်းသိလာကြရပီ။ ဗိုလ်ချုပ်နေဝင်း ခယ်မဆုံးတော့ လူမသိတဲ့ အတွင်းရေးတွေ အများကြီး ပါသွားတာပေါ့။ ဦးသက်ထွန်းနဲ့ အေဒါ တရက်ထဲ တဆေးရုံထဲ ဆုံးတော့ ၁၉၅ဝ ကျော် အင်္ဂလိပ် စာရေးဆရာမ တယောက် ဝတ္ထုရေးဘို့ ရန်ကုန် လာတော့ ဂါးဒီးယန်း တိုက်မှာ ပညာတတ် အင်္ဂလိပ် စာရေးဆရာ အုပ်စု ဧည့်ခံပွဲ သတိရတယ်။ လန်ဒန် စိန်ပေါ ဘုရားကျောင်းမှာ ဦးသက်ထွန်း၊ တိုက်စိုးနဲ့ ရူပဗေဒ ပညာရှင် ဦးလှညွန့်တို့ ဂျာမန် ကျောင်းသူ တွေနဲ့ အပေါ်ထပ်က အသံကြားတဲ့ နံရံတွေ တက်ကြည့်တယ် ဆိုတာ အဲဒိဘက် ရောက်ရင် သတိရ နေမှာပဲ။ […]