Archive for the ‘nationalism’ Category

မမြရင်အသံသည် ပီလည်းပီ၏၊ ကြည်လည်းကြည်၏။ မြည်လည်းမြည်၏ ဆိုတဲ့စာသားတွေ ကျောင်းသင်ရိုးမှာ ဖတ်ရတုန်းက ဒီစာအုပ်ကမှန်း စာရေးသူ မြေးတွေ မသိခဲ့ကြဘူး။….. ပြည်သူချစ်သော အနုပညာသည်များ စာအုပ် ရွှေရတု ချိန်တိုင်တော့ မြန်မာပညာရှိ ရွှေပြည် ဦးဘတင်သား ဦးဝင်းဖေ ဘီဘီစီ မြန်မာပိုင်းမှာ ပြောခဲ့တဲ့ စကားတခွန်း သတိရ ပါတယ်။ မြန်မာတွေဟာ တိုင်းပြည် စီးပွားရေး လျှောကျ လာပီးနောက် ကိုယ့်ကိုယ်ကိုယ် မြန်မာလို့ပြောရ ဂုဏ်ယူရမှာ ရှက်ပီး မြန်မာယဉ်ကျေးမှု ဂီတ ဆိုတာတွေ မက်မက်စက်စက် မရှိတော့ကြောင်း အလားတူစကား ထုတ်လွှင့်သွားတာပါ။ မန္တလေး မင်းမျိုးစိုးမျိုး မကင်းသူ ထဲက ပြောတာကတော့ ထိုင်းမှာ နန်းဆက် မပျက်တော့ ဝတ်ပုံစားပုံ တီးမှုတ်ပုံ ကစလို့ အတော် စနစ်တကျ […]


မြန်မာ စစ်တပ်နဲ့ ဘာသာရေးက အရပ်သား နိုင်ငံရေးသမားများ လိုပါပဲ အပြန်အလှန် ဆရာဒကာ အသုံးချကြတယ် ပြောရမလား။ မြန်မာမှာ စစ်ပီးစ ခေါင်းဆောင်တဲ့ လူကြီးပိုင်းမှာ ဘာသာရေး သမားတွေ ပါလာတယ်။ ဒီးဒုတ်ချိုသေတော့ ဘုရားဒကာကြီး သခင်နုရဲ့ အနာထပိဏ် ဆာဦးသွင်၊ နောက် ဖိနပ် သိမ်းမောင် အမည်တွင်ခဲ့တဲ့ ရွှေတိဂုံမှာ နိုင်ငံခြားသား ဖိနပ်ချွတ်ဖို့ အမိန့် ထွက်အောင် ဦးဆောင်တဲ့ တရား ဝန်ကြီးချုပ် ဦးသိမ်းမောင် တို့ဟာ ဘာသာရေးသမားကြီး များပေါ့။ သာသနာ့ နုဂ္ဂဟ ကောင်စီ၊ ပါဠိ တက္ကသိုလ် အက်ဥပဒေ စတဲ့ ဘာသာရေး သြဇာတွေ လွတ်လပ် ပီး ခေတ်မှာ တက်လာတာ ဘုန်းကြီးတွေနဲ့ သြဇာခံ နိုင်ငံရေး ဒကာတွေ […]


မြန်မာပြည် ပြောင်းလဲလာပီ စစ်ဗိုလ်ချုပ်တွေ ဝန်ကြီးတွေက လူထုနဲ့ အင်တာနက်က ထိတွေ့နေပီ စသဖြင့် အားရဝမ်းသာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေကိုတွေ့တိုင်း တုံးသကွယ်လို့ ဆိုချင်တာပါပဲ။ မောင်ရင်တို့ ဆိုက်ဝါးဆိုတာ သိလားလို့လဲမေးလိုက်မိပါတယ်။ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဆိုပီး ဌာနကြီးဖွင့်ပီး လည်ပတ်ခဲ့တာ နှစ် ၆ဝ လောက်ဆိုတော့ လူအများမေ့ကြပီပေါ့။ တကယ်က နိုင်ငံရေးနဲ့ သံယောဇဉ်မပြတ်တဲ့ တပ်တွေတိုင်းမှာ ဆိုက်ဝါးက ရှိရပါတယ်။ ဗမာစစ်တပ်ထက် စောတဲ့ ထိုင်းစစ်တပ်ဟာ ဘုရင်စနစ် ပြောင်းလဲရေးမှာ အဓိကခန်းက ပါခဲ့ပီးနောက် ဘုရင်စနစ် အသွင်ပြောင်းပီး ထိုင်းအထက်လွှာရဲ့ အကျိုးစီးပွား ကာကွယ်ရေးမှာ အရေးကြီးတဲ့ အခန်းက ပါခဲ့တာမျိုး ဗမာစစ်တပ်ဟာလဲ လွတ်လပ်ရေး အရယူပီး ဆိုရှယ်လစ် စနစ်ချီတက်ချိန်မှာ အာဏာရလူတန်းစားရဲ့ အဓိက ယန္တရားကြီး ဖြစ်ခဲ့တာပါပဲ။


အန်ကယ် ဆုံးပီဆိုတော့ ပြန်တွေ့ရဖို့အခွင့်က ဆုံးပီလို့ စိတ်ထဲပေါ်လာပါတယ်။ အရင်ကထဲက ကျန်းမာရေးကြောင့် ဘိလပ်မလာနိုင်တော့ဘဲ စင်္ကာပူတင် ကျန်းမာရေးစစ်နေရတာလဲ သိရဲ့။ ဗမာပြည်က လူကြီးတွေလဲ တဖြုတ်ဖြုတ်နဲ့ အမှည့်ကြွေကြွေကုန်ကြတာလဲ တွေ့ရပါတယ်။ သူနဲ့မရှေးမနှောင်းမှာ သမ္မတစိန်တို့ ဆရာ သမိုင်းအဖွဲ့က ဗိုလ်မှူးကြီးလှရှိန် (အမေရိကန်ပြန် သမိုင်းမဟာဝိဇ္ဇာ)လဲ ဆုံးတယ်။ တပြုံးပြုံးနဲ့ အင်မတန်သဘောကောင်းတဲ့ အန်ကယ်ဦးလှရှိန် မေမြို့စစ်ကျောင်းမှာ ဌာနမှူးဘဝက အိမ်လာလည်ရင်း အိမ်မှာ လူကြီးတွေနဲ့ ရိုက်ထားတဲ့ပုံကို မျက်စိထဲ ပြန်ဖော်ကြည့်တယ်။ ဒီလိုပါပဲ ဟိုဆယ်နှစ်က ဆုံးသွားတဲ့ ဆရာတိုက်စိုး၊ နောက်ဆက်ပီး ကွယ်လွန်ကြလေပီဖြစ်တဲ့ ဒေါက်တာသန်းထွန်း၊ ဆရာမောင်ထင် စတဲ့ကော်မရှင် လူကြီးများကိုလဲ အခုလို သမိုင်း ရာဇဝင် နိုင်ငံရေးဆိုတဲ့ စကားတွေ ပွင့်ထွက်လာချိန်မှာ အင်မတန် အောက်မေ့မိပါတယ်။ ဆရာတိုးလှ ၊ […]


ဤ ဇွန်ဆိုလျှင် ကြီးပွားရေး လက်ရွေးစင် စာအုပ်များ စတင် ထုတ်ဝေတာ ၇၅ နှစ် ပြည့်ပါမည်။ ပထမ မူလ နံပါတ် ၁ စာစဉ်မှာ ဦးဘဂျမ်း၏ ကိုပြူး မပြုံး ကာတွန်းဖြစ်ပီး ပထမဆုံး မြန်မာ ဘာသာနှင့် ထုတ်ဝေသော ကလေး ကာတွန်းစာအုပ်ဖြစ်ပါသည်။ ကာတွန်းညီညီ၏ ကိုပူစီ စုန်းမကြီး ဒေါ်အိုဇာ ကာတွန်းလို ဒစ်စနေပုံစံ ကာတွန်းများလဲ မရှေးမနှောင်း ခေတ်စားလာပါသည်။


ကမ္ပည်းကျောက်စာဝန်နေရာရွှေ့သွားသော ပြင်သစ်လူမျိုး ဒူရွိုင်ဇယ်၏ ရန်ကုန်ကောလိပ် ပါဠိပရိုဖက်ဆာဆရာကြီးနေရာတွင် ရန်ကုန်ဟိုက်စကူးကျောင်းဆရာကြီး ၂၄ နှစ်ရွယ်သူ မန္တလေးတောင်ခွင်သာသနာပိုင်မြေး မြန်မာခရစ်ယာန် မောင်တင် (အမ်အေ၊ ကာလကတ္တား)ကို ဟိုနှစ်တရာက ခန့်ထားသည်။ ဘားနတ်ပိဋကတ်တိုက်အုပ်၊ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် အယ်ဒီတာချုပ်၊ လန်ဒန်ပါဠိအသင်း အရှေ့တိုင်းကိုယ်စားလှယ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲစစ်အရာရှိတာဝန်များလည်းယူရသည်။ ၁၉၂၀ တွင် မောင်တင်ကို အောက်စဖို့ဒ်ပို့၍ ဘီလစ် စာပေဘွဲ့ယူစေရာ အဋ္ဌသာလိနီခေါ် အဘိဓမ္မာ အဋ္ဌကထာကျမ်းနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းများကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ဘွဲ့ယူခဲ့သည်။ ထိုဘွဲ့ရဘူးသူ သူ့နောက်တွင် ဒေါ်မြစိန်၊ ဒေါက်တာထင်အောင်နှင့် မင်းသုဝဏ်တို့ဖြစ်သည်။ ဘိလပ်တွင် အင်္ဂလိပ်စာပေနှင့် မြန်မာစာပေ သဘောကို ဆင်ခြင်မိရာမှ ရှေးဟောင်းစာပေကို ပြန်လည်ဖော်ထုတ်ရန် စိတ်ကူးပေါက်သည်။ ခေတ်မီမြန်မာစာပေသစ်ကို ဖန်တီးရန်လည်း အကြံရသည်။ အောက်စဖို့ဒ် ဗော့ဒလီယန်စာကြည့်တိုက်၊ လန်ဒန် ဗြိတိသျှစာကြည့်တိုက်၊ အိန္ဒိယပြတိုက်၊ အိန္ဒိယရုံးစာကြည့်တိုက်တို့တွင်ရှိ […]


၁၃၇၃ စာဆိုတော်ရာသီက လန်ဒန်တောင်ဘက်ကမ်းတက္ကသိုလ်ကျောင်းတိုက်တွင် ကျင်းပသော စာဆိုတော်နေ့၌ မြန်မာသတင်းမီဒီယာသမိုင်းအကြောင်း သဘင်ဂီတမှ အင်တာနက်သို့ ဟောပြောချက်ကို ဆီလျော်အောင် ပြန်ရေးသည်။ မြန်မာမီဒီယာရေစီး မီဒီယာဆိုဒါ စကားလုံးကြီးမို့ ဘာမှတော့မဟုတ်ပါဘူး။ လူတွေကြား ပြန့်ပွားစေလိုတာကို ရောက်အောင်ဖြန့်ချိဒါပါဘဲ။ ရှေးကတော့ ဗမာပြည်မှာ ဇာတ်အငြိမ့်တွေပဲရှိတော့ သူတို့ကနေ အထက်ပုဂ္ဂိုလ်များဆီရောက်စေလိုဒါ၊ ပြည်သူကြား အာဏာပိုင်တွေသိစေထင်စေချင်ဒါတွေကို ဝင်သွားအောင် ဖြန့်ပေးကြရတယ်။ နေပြည်တော်က ဟစ်တိုင်ဆိုဒါတွေ လူတိုင်းမရောက်နိုင်ယင် ရှင်ဘုရင်ဆီ ရွှေနားတော်ကြားအောင် လူပြက်တွေက ပြက်ပေးရတယ်။ အစိမ်းအုပ်နဲ့ ထွန်းပေါ်တစ်လစ်တွေဟာ ထင်လျားတဲ့သာဓကတွေဘဲ။ ဒီလိုပဲ ဘုရင်မိဘုရားကို မီဒီယာသမား သဘင်သယ်များက ရွှေဘဝင်စိမ့်အောင် အမွှန်းတင် မြှောက်ပင့်ပေးပီး အသပြာထောင်ထုပ်ကို မျှော်စားကြရဒါလဲ ရှိတာဘဲ။ သီပေါခေတ်က စုဘုရားလတ်ကို ဖားတဲ့ပြက်လုံးတခုကတော့ ဆိုင်းမှာဘယ်ဒင်း အခရာကျဆုံးလဲ၊ ပတ်မကြီးပါဘုရားဆိုဒါဘဲ။ မိဘုရားကလဲ ဒါမျိုးဆို […]