Archive for the ‘guest column’ Category

စာမွေ့သူတဦး ကျေးဇူးပြုသည် .. လူထုခေါင်းကြီးနှင့် ဝေဘန်ချက်များ ဒီမိုကရေစီ ဆိတ်သုဉ်းပြီ ဒီမိုကရေစီ၏ အခြေခံသည် ပြည်သူ့ဆန္ဒမဲဖြင့်တက်သည့် အစိုးရဆိုပါလျှင်လည်း မဲဆန္ဒရှင်တို့၏ အဝေဖန်ကိုခံကြရသည်။ပြည်သူ့ဘဏ္ဍာဖြင့်လခပေး၍ ထားရသောအရာထမ်းအမှုထမ်းများအားလည်း အခွန်ထမ်းပြည်သူတို့က လွတ်လပ်စွာဝေဖန်ပြောဆိုရေးညွှန်ပြနိုင်ပေသည်။ယခုသော်ကား”အားလုံးကောင်းပါသည်ခင်ဗျား” ဟူ၍ထောက်ခံမှုကလွဲ၍ ဘာဝေဖန်ချက်ကိုမှ လက်မခံဟုဆိုပါလျှင် ဒီမိုကရေစီနိုင်ငံ ဟူ၍ အဓိပ္ပာယ်မရှိတော့ ဖက်ဆစ်နိုင်ငံဖြစ်သည်ဟူ၍ ကြေညာရန်ရှိတော့သည်။ လူထုသတင်းစာခေါင်းကြီး။၂၃-၈-၁၉၅၄ ။မှ ဒီမိုကရေစီ ဥပဒေများ ဒီမိုကရေစီအမည်ခံတိုင်းပြည်များ၌ ရေးဆွဲထားသော ဥပဒေများသည် ကြွယ်ဝသူများအဖို့ချည်းဖြစ်၏။ကြွယ်ဝသူဖြစ်ခဲ့လျှင် တရားရုံးတခုတွင် ရှုံးသော်လည်း အထက်ရုံးသို့တက်၍ တဆင့်မှတဆင့် အမြင့်ဆုံးသောရုံးသို့တက်နိုင်၏။ ထိုကဲ့သို့တက်နိုင်သည့်အတွက်ကြောင့် အနိုင်ရသောအမှုသည်များလည်း မြောက်များစွာရှိ၏။လူမွဲဖြစ်ခဲ့လျှင် တရုံးတွင်ရှုံးကာမျှနှင့် တခါတည်းရှုံးရချေတော့မည်။ သို့ဖြစ်၍ ဒီမိုကရေစီတိုင်းပြည်များတွင် ဥပဒေများသည် ကြွယ်ဝသူများအတွကိဖြစ်နေ၍ ထိုကဲ့သို့ဖြစ်စေနိုင်ရန် တမင်တကာရေးဆွဲထားခြင်းဖြစ်သည်ဟူ၍ ကျွန်ုပ်တို့ကဆိုလိုက်ရပေသည်။ အကြောင်းမူကား ၎င်းဥပဒေများမှာ လူဆင်းရဲများရေးဆွဲနိုင်ခွင့် ရှိကြသည်မဟုတ်ဘဲ ကြွယ်ဝသူများအတွက် ကိုယ်စားလှယ်ပြုသောလူများက […]


Hate Speech

14Jun12

စကားလုံးများဟာ လူတွေရဲ့ အတွေးတွေ နဲ့ စိတ်ဓာတ်တွေကိုလွှမ်းမိုးနိုင်ပါတယ်။ အခုဖြစ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းများမှာ သုံးလိုက်တဲ့ စကားလုံးတိုင်းမှာ အစွမ်းတွေရှိပါတယ်။ အခုလို သွေးဆူနေတုန်းဆို လူကိုသေတောင် သေလောက်စေ နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ပြောလိုက်တဲ့ စကားလုံးတိုင်းရဲ့ အဓိပ္ပာယ်ဟာ နားထောင်သူများကို ကိုယ်မရည်ရွယ်ဘဲနဲ့ဖြစ်ဖြစ် တမင်တကာဘဲ ဖြစ်ဖြစ် အဓိကရုဏ်းကြီးထွားလာစေရေး ကိုသာ ရောက်စေလို့ပါပဲ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။


ရှင်ဂွမ်းဂွိ ၀စီပိတ် တရားကျင့်နေတာလဲကြာပါပြီ။ ဒါပေမဲ့ ဆွတဲ့သူက ဆွလာတော့ ရင်ထဲမှာ ကျလိကျလိ ဖြစ်နေတာလေးတွေ ပြောလိုက်ဦးမယ်။ ပထမဆုံး အမြင်ကတ် ပုဒ်မ နဲ တရားစွဲ ချင်နေတဲ့လူ က အိမ်ဦးနတ်။ တခါထဲမှပဲတော် ပြောလိုက်ရင်တော့ နင်တို့ မိန်းမတွေ ဘယ်လောက်သိလို့ လဲ ပိန်းလိုက်တာလေး ဘာလေးနဲ့ ။ ဟွန့်  ရှင်ဂွိ တို့ က ဒင်းတို့ လို ပိုက်ဆံအကုန်ခံပြီး အရေမရ ဂျာနယ်တွေ ၀ယ်ဖတ်နေပြီး သိချင်ယောင် တတ်ချင်ယောင် ဆောင်နေတာမဟုတ်ဖူး။ လက်တွေ့ ကျကျ ၀င်ငွေနဲ့ ထွက်ငွေ မျှတအောင် စီးတဲ့ရေ ဆယ်တဲ့ကန်သင်းဖြစ်အောင် လုပ်နေရတာ။ ကျုပ်တို့ မိန်းမတွေ မရှိမှပဲနေကြည့်ပါလား။ အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာဆိုသလို […]


မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီး တော်တော်များများ နဲ့ ပြည်နယ် မြို့တော် အများအပြားမှာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေကို တည်ဆောက်ထားသလို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင် တက္ကသိုလ်တွေ တည်ဆောက်ထားတာက မရေမတွက်နိုင်အောင်လောက်ကို များပြားလှပါတယ်။ အဲဒီလို တက္ကသိုလ်တွေကို ဒေသအများအပြားမှာ တည်ဆောက်တယ်ဆိုတာက ပတ်ဝန်းကျင်မြို့ရွာမှာ နေတဲ့ကျောင်းသူကျောင်းသားတွေ လွယ်လင့်တကူ ပညာသင်နိုင်ရေးနဲ့ အဲဒီဒေသတွေ ဖွံ့ဖြိုးရေးအတွက် ဖြစ်တဲ့အကြောင်း အာဏာပိုင်တွေက ပြောကြပါတယ်။ တကယ်ဘဲ အဲဒီတက္ကသိုလ်တွေရဲ့ ပတ်ဝန်းကျင်မြို့ရွာတွေ ကနေ ကျောင်းလာတက်တဲ့ ကျောင်းသူကျောင်းသားတွေ အဆင်ပြေပြေနဲ့ ပညာသင်ကြားနိုင်ကြပီလားလို့ မေးလာရင်…။ အဲဒီတက္ကသိုလ်ရဲ့ ဘေးပတ်ဝန်းကျင် အရပ်ဒေသက လာတက်တဲ့ ကျောင်းသူကျောင်းသားတွေ နေနိုင်တဲ့ လူနေဆောင်တွေ မဆောက်ပေးတော့ ကျောင်းသူကျောင်းသားတွေရဲ့ နေရေးထိုင်ရေးမှာ အတော့်ကို ကသိကအောင့် […]


မြန်မာပြည်နှင့်စပ်လျဉ်း၍ မီဒီယာ ပညာရှင်များ၏ ရေးသားဖော်ပြချက်များမှာ ဖောက်သည်သတင်းပေးများထံမှ ကြားချင်သည်များကို ပြန်ဖော်ပြသလို ခေါက်ရိုးကျိုးနေကြသည်မှာ ကြာလေပီ။ ဘယ်သူ့ဆီက ဘယ်စကားကြားရမည်မှာ နောကျေနေကြပီဖြစ်ရကား အလွှာစုံကို ထိတွေ့အကဲဖြတ်နိုင်သူမှာ ရှာ၍ရှိနိုင်ခဲပါဘိ။ ယခုကူးယူဖော်ပြသည့် မင်းအိုချမ်းသာ၏ အမြင်မှာ အများမီဒီယာတွင် ကြားလေ့မရှိသော အမြင်သစ်များနှင့် လက်ခံနိုင်ဖွယ် သုံးသပ်ချက်များပါရှိနေ၍ ကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှုနိုင်ကြရန် မျှဝေပေးရကြောင်း။ The Blinks အပြောင်းအလဲကြီးတွေဆိုတာ အပြောင်းအလဲလေးတွေက လာသတဲ့။ အပြောင်းအလဲလေးတွေဆိုတာကလည်း မျက်တောင်တစ်ခတ်လေးတွေ စုထားတာတဲ့။ အဲလို မျက်တောင်တစ်ခတ်လေးတွေကို သတိမပြုမိတဲ့အခါမှာ နောင်ဖြစ်ပေါ်လာမယ့် အပြောင်းအလဲကြီးတွေကို သတိမထားမိလေတော့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ဖြစ်ကြဘူးတဲ့။ ဒါနဲ့ပဲ မျက်တောင်လေးတွေ ဘယ်နှယ့်ခတ်တယ် သတိထားကြည့်မိတယ်။ ကျွန်တော်တို့နိုင်ငံမယ် ဒီမိုကရေစီအစိုးရ အရပ်သားအစိုးရလို့ ကိုယ့်ဘာသာနာမည်ပေး ကြွေးကြော်လာတဲ့ အစိုးရတစ်ရပ် တက်လာခဲ့တယ်။ အဲဒီမှာ မျက်တောင်လေးတွေ တဖြတ်ဖြတ် […]


ကိုအားမာန်က ဝေငှသည်။ အမှာ ရွှေဥဒေါင်းက ၄၉ ခု မန္တလေးနှင့်ပတ်သက်၍ ရွှေမန်းဖြစ်ထွေဟု မရှေးမနှောင်းပင် ရှုမဝတွင်ရေးရာ မန္တလေးမြို့တွင်း ပြေးလွှား ပုန်းရှောင်ခဲ့ရပုံ၊ မိတ်ဆွေများက လက်မခံရဲပုံပါရှိသည်။ လူထုတိုက် ဗုံးခွဲသည့်ကိစ္စတွင် လက်နက်ကိုင်တစုဟုသာ သုံးနှုန်းသည်ဟု မှတ်မိသည်။ နောက် အခြေအနေတည်ငြိမ်ပီး ၁၉၆၁ တွင်မှ “ဗုံးခွဲပီးနောက် ဝင်းလိုက်ရုံထဲ ပုန်းနေသော ဦးလှကို ခေါ်ခိုင်းပုံ၊ မအမာနှင့်ညီမများက သူတို့မိဘကို ထည့်ဘို့သတိမရပဲ သူ့ကို နန်းတွင်းထဲလိုက်သွားခိုင်းပုံ (အမှန်တော့ ခြေလွန်လက်လွန်ဖြစ်မည်စိုး၍ စာရေးဆရာဝါကြီး လူကြီးသူမအနေနှင့် အားကိုးခြင်းဖြစ်သည်)၊ ခင်ဗျားတို့ရေးတာလွန်တယ်ဟု စစ်ဗိုလ်လေးတယောက်က ကြိမ်းပုံ၊ ဗိုလ်မှူးကြင်နှင့်တွေ့ပုံ”တို့ တသက်တာမှတ်တမ်းတွင် ထည့်ရေးသည်။ ဇေယျကျော်ထင် ဗိုလ်မှူးကြင်မှာ အင်္ဂလိပ် တပ်က ပါလာသူဖြစ်ပီး ဆိုရှယ်လစ်ပါတီဝင် စစ်ဗိုလ်မဟုတ်ပါ။ ကရင်ဝင်စဉ်က လူထုမိသားစုလည်း အခြားမန္တလေးမြို့ခံများနှင့်အတူ […]


မဇ္ဈိမမှာ ပျို့ကျေးရွာ ဆိုပီး ပါတော်မူနေ့အမှတ်တရ ကိုလိုနီခေတ် ဗမာအများစုဘဝကို ထင်ဟပ်တဲ့စာတပုဒ်တင်ခဲ့တယ်။ ခုခေတ် အောင်ထွန်းသက်လို ပညာရှိတချို့က ကိုလိုနီနယ်ချဲ့ကျေးဇူးနဲ့ ဗမာလယ်ရှင်တွေ ဘယ်လိုအကျိုးရှိခဲ့တယ်၊ မြစ်ဝကျွန်းပေါ်ဆန်လုပ်ငန်း ဘယ့်နှယ်ဖွံ့ဖြိုးခဲ့တယ်ဆိုတဲ့ ဝမ်းပါးစကားတွေပြောနေတော့ တကယ့်တကယ်မှာ အဆီအသား ဘယ်သူဝါးပီး ဗမာလူလည်တချို့ ရိုးကပ်ရင်းကပ်စားရတာကို ထိန်ချန်ထားသလို ဖြစ်နေတယ်။ အများစုက တကယ်မပြေလည်တဲ့အတွက် သူပုန်ထလဲ ရှေ့က၊ ကွန်မြူနစ်ဖြစ်လဲရှေ့ဆုံးဆိုတာလို လူ့အောက်ဆုံးကသစ်တုံးဘဝက လွတ်အောင်ရုန်းခဲ့ကြတာပဲ။ သေခဲ့တာလဲ အရိုးတောင်လိုပုံပါပဲ။ စစ်ပီးစ လယ်မလုပ်နိုင်ပဲ ငတ်ကြတဲ့အခါ ထန်းတပင်မှာ ဆန်လုတာ သေနတ်နဲ့ပစ်လို့ သေကြတော့ ကွန်မြူနစ်မြှောက်ပေးတာလို့ စွပ်စွဲကြတယ်။ ငတ်တဲ့သူတွေ ငတ်နေတာကို သတင်းစာဖတ်နိုင် နိုင်ငံရေးမှာ အသံထွက်နိုင်တဲ့ ရပ်ကွက်တွေက ချက်ချင်းရွှေနားတော်ကြားဘို့ကတော့ တယ်လွယ်တဲ့အမှုမဟုတ်ဘူး။ လူဆိုတာ ကိုယ့်အကျိုးစီးပွားက ရှေ့ဆုံးထားစဉ်းစားရတာကိုး။ နောက်နှစ် ဗမာစပါးအထွက် တဝက်ထိလျော့နိုင်တယ်လို့ […]


Burmlish

21Jan11

မြို့သားကိုရင်၏ ကျေးဇူးပြုမှုကြောင့် ဤဆောင်းပါးသည် ဗမာပြည်ကွန်မြူနစ်ပါတီထုတ် အရေးတော်ပုံဂျာနယ် တွဲ ၁ မှတ် ၂ ဒီ ၂၀၁၀ မှဖြစ်ကြောင်း သိရသည်။ ဒီနေ့ဗမာပြည်ကစာပေလောကမှာ ထင်ထင်ရှားရှားတွေ့မြင်နေရတဲ့ ၀မ်းနည်းစရာကိစ္စတခုကတော့ ဗမာစာ စာမျက်နှာတွေပေါ်မှာ အင်္ဂလိပ်စာတွေ ဗရနှံ့ကျဲနေတာပါပဲ။ ဆွမ်းဆန်ထဲကြွက်ချေးရောတာလိုပဲ အကျည်းတန်လှပါတယ်။ ဒီလို ယိုသူမရှက်မြင်သူရှက် စာမျက်နှာတွေကိုကြည့်ရင်း ဒါတွေကို နိုင်ငံခြားသားတွေများမြင်ရင် ဘယ်လိုများပြောကြမှာပါလိမ့်ရယ်လို့ မကြာခဏ ခေါင်းထဲမှာ အတွေးပေါ်မိပါတယ်။ “ခင်ဗျားတို့ဗမာစကားဟာ ဒါလောက်ဆင်းရဲသလား၊ ဒီစကားလုံးလေးတွေလောက်ကိုတောင်မှ ကိုယ့်ဘာသာစကားနဲ့ မရှိဘူးလား” စသဖြင့်အမေးခံရမှာကို တွေးရှက်မိ ပါတယ်။ ဒီအထဲမှာ အင်္ဂလိပ်စာလုံးပေါင်း မှားတာတွေကလည်း မနည်းလှတော့ နှစ်ခါပြန်ရှက်ရတာပေါ့။


ဗမာပြည်ပညာရေးလောကတွင် အရေးပါသည့်ဆရာတစ်ဆူကြွေလွင့်လေပြီ။ ၂၀၁၁ ခု ဇန်နဝါရီလ ၉ ရက် နံနက်တွင် ဒဿနိကဗေဒ ပါမောက္ခဆရာကြီး ဒေါက်တာခင်မောင်ဝင်း ကွယ်လွန်ရှာလေပြီ။ ဆရာကြီးသည် ကျနော့်ဆရာရင်းတစ်ယောက်ဖြစ်သည်။ ကျနော်နှင့် ဆရာကြီးစတင်သိကျွမ်းသည်မှာ ၂၀၀၉ ခုနှစ်ကဖြစ်သည်။ ထိုစဉ်ကတည်းက ဆရာကြီးခမျာ ဇရာ၏ထုနှက်ခြင်းကို ခံစားနေရရှာလေပြီ။ သို့ပင်တကား ကျနော်တို့သူငယ်ချင်းများနှင့် ပြောဆိုဆွေးနွေးဖို့ရာကား အမြဲလိုလိုအသင့်ဖြစ်နေတတ်ပေ၏။