Archive for June, 2012

Hate Speech

14Jun12

စကားလုံးများဟာ လူတွေရဲ့ အတွေးတွေ နဲ့ စိတ်ဓာတ်တွေကိုလွှမ်းမိုးနိုင်ပါတယ်။ အခုဖြစ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းများမှာ သုံးလိုက်တဲ့ စကားလုံးတိုင်းမှာ အစွမ်းတွေရှိပါတယ်။ အခုလို သွေးဆူနေတုန်းဆို လူကိုသေတောင် သေလောက်စေ နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ပြောလိုက်တဲ့ စကားလုံးတိုင်းရဲ့ အဓိပ္ပာယ်ဟာ နားထောင်သူများကို ကိုယ်မရည်ရွယ်ဘဲနဲ့ဖြစ်ဖြစ် တမင်တကာဘဲ ဖြစ်ဖြစ် အဓိကရုဏ်းကြီးထွားလာစေရေး ကိုသာ ရောက်စေလို့ပါပဲ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။


အမျိုးသား စည်းလုံးရေး ဒီမိုကရေစီရေး စားဝတ်နေရေး ဗမာပြည်မှာ လူမျိုးစုံ ဘာသာစုံ ဆွေးနွေးပွဲ ဝပ်ရှော့ ဆိုတာတွေ တက်ခဲ့ဖူးပါတယ်။ တိုင်းရင်းသား အဖွဲ့တွေ ကြီးမှူးလုပ်တာပါ။ အဲဒီမှာ တိုင်းရင်းသားစုံ ဘာသာစုံက လူငယ် လူကြီး အစုံအလင် သိရ ပြောဆိုရဖူးပါတယ်။ အဲဒိကတခါ နိုင်ငံခြားမှာ ဒီလိုမျိုး ငြိမ်းချမ်းရေး စခန်းသွင်းပွဲတွေ သွားတက်ရပါတယ်။ အဲဒိတိုင်းပြည်မှာ လူမျိုး ဘာသာက ဗမာပြည်လိုပဲ များပြားတော့ အဓိကရုဏ်းတွေ ဖိနှိပ်မှုတွေ ဖြစ်ခဲ့လေတော့ ဘေးဆီးရန်ကာ လူထု လှုပ်ရှားမှုတွေ အဖွဲ့အစည်းတွေလဲ တော်တော်စုံနေပါပီ။ သူတို့ဆီက ပညာတတ် လူငယ် အမျိုးသမီးတွေကလဲ ဒီအရေးကို အတော် ထက်ထက်သန်သန် ပြောနိုင်ကြတာ တွေ့ရပါတယ်။ အစိုးရ အုပ်ချုပ်ပုံပြောင်းပီး နိုင်ငံတကာနဲ့ အထိအတွေ့ ဆိုတာတွေ […]