Archive for January, 2011

တို့ဗမာကြေညာစာတမ်း အနှစ် ၈၀ ပြည့်အတွက် မဇ္ဈိမ မှာ ရေးခဲ့တာပါ။ ဘဝင်ကျဖို့ခက်တာတွေပါမယ်။ သို့သော် ရွေးကောက်ပွဲမှာ လူမျိုးစုဆိုင်းဘုတ်နဲ့ပါတီတွေ နေရာရလာတာ၊ တဖက်ကလဲ အာဏာရ စစ်တပ်နဲ့ လူမျိုးစုလက်နက်ကိုင်တွေ ထိပ်တိုက်တွေ့ကုန်တာ၊ “လက်နက်အသင့် ငြိမ်းချမ်းရေး” ဖြစ်နေတာ ဒါတွေကြောင့် ဒီစာကို ပြန်တင်ပါတယ်။ (၁) ခုတလော မြန်မာနဲ့ဗမာ ဘာကွာသလဲ၊ မြန်မာပြည်နဲ့ဘားမား ဘယ်စကားလုံးက လက်ရှိ ကျနော်တို့နိုင်ငံကို ကိုယ်စားပြုနိုင်မလဲဆိုတာ ပြောဖြစ်ကြသည်။ ပြောရင်းဆိုရင်း တို့ဗမာဝါဒတွင် နာဇီကဲ့သို့ လူမျိုးသန့်စင်ရေးနှင့် ပတ်သက်တာမျိုးတွေပါသလားဆိုတာ မေးသူကရှိလာသည်။ တို့ဗမာတွေ လက်ဝဲစော်မနံခဲ့ရင် ကုလားမျိုးဖြုတ်ရေး၊ အဓမ္မဗုဒ္ဓသာသနာပြုတာတွေ ပေါ်လာနိုင်မယ်ဟုသာ အတွေးပေါက်မိသည်။ ဤအမြင်ကို ဗမာပြည်သည် တို့ပြည် ဗမာစာသည် တို့စာ စသည့် ကျောင်းဖတ်စာအုပ်သမိုင်းနှင့် အမျိုးသားရေးဝါဒကို အထုံကူးလာခဲ့သည့် မြန်မာအများစု […]


မဇ္ဈိမ မှာ ရွေးကောက်ပွဲမတိုင်ခင် ရေးခဲ့တာပါ။ မဆလခေတ်လို ပေါ်တင်မဲခိုးတဲ့ “လုပ်ပွဲ”ထိ ဖြစ်မယ်မှန်းမထားမိပါဘူး။ အပစ်အခတ်ပျက်တာ ကျည်ပွင့်လောင်ချာထုတာတွေလဲ မဖြစ်သေးပါဘူး။ ရာစုတဝက် ခြစားယိုယွင်းနေတဲ့ စစ်နိုင်ငံတော်ကို ယုံပီး ဝင်ပြိုင်မိပါတယ်ဆိုသူများကိုတော့ ယုံရခက်ခက်ပါပဲ။ ဘုမသိဘမသိ ခွေးတောင် အမြီးဖြတ်ထဲ့လိုက်မယ်ဆိုပီး ပုတ်သင်ညိုတွေမကြိုက်လို့ ထဲ့လိုက်တဲ့မဲနဲ့ (အထက်စာစစ်ပုဂ္ဂိုလ်များရဲ့ မဟာဒုတ်ကံစမ်းမဲနဲ့) ကံစွတ်ပီး အမတ်လေးဖြစ်ဖူးသူများမှာလဲ စကြာဝတေးမန္ဓတ်မင်းအလား လေသံများက တယ်ကြီးကြသကိုး။ နှဖားကြိုးဆောင့်ဆွဲခံရတဲ့အခါများမှသာ နှာနုပွန်းပီး နွားမိုက်ကြီးနောင်တ ရပြပါလိမ့်အုံးမယ်။ ထိုဒီမိုကရက်ဆိုသူလက်ဟောင်းတချို့နဲ့ မျက်နှာသစ် တံမြက်စည်းနုကလေးများ တိုင်းရင်းသားဆိုသူကြီးတို့ တသိုက် အတိုင်အဖောက်ညီညီနဲ့ အန်တီဆန်ရှင် ရှေ့တော်ပြေးယိမ်းထွက်ပြနေတာမို့ ပလီပလာ ပါလီမန်သစ်အကြို ရှေးလူကြီးများရဲ့ ကဗျာတပုဒ်နဲ့ပဲ ဖွင့်လိုက်ပါတယ်။ နွယ်စိုးဆိုတဲ့ နာမည်နဲ့ ၉၁ဌာန အုပ်ချုပ်ရေးခေတ် မြန်မာ့အလင်း နှစ်သစ်မင်္ဂလာသတင်းစာမှာ စစ်ပီးခေတ် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ […]


Burmlish

21Jan11

မြို့သားကိုရင်၏ ကျေးဇူးပြုမှုကြောင့် ဤဆောင်းပါးသည် ဗမာပြည်ကွန်မြူနစ်ပါတီထုတ် အရေးတော်ပုံဂျာနယ် တွဲ ၁ မှတ် ၂ ဒီ ၂၀၁၀ မှဖြစ်ကြောင်း သိရသည်။ ဒီနေ့ဗမာပြည်ကစာပေလောကမှာ ထင်ထင်ရှားရှားတွေ့မြင်နေရတဲ့ ၀မ်းနည်းစရာကိစ္စတခုကတော့ ဗမာစာ စာမျက်နှာတွေပေါ်မှာ အင်္ဂလိပ်စာတွေ ဗရနှံ့ကျဲနေတာပါပဲ။ ဆွမ်းဆန်ထဲကြွက်ချေးရောတာလိုပဲ အကျည်းတန်လှပါတယ်။ ဒီလို ယိုသူမရှက်မြင်သူရှက် စာမျက်နှာတွေကိုကြည့်ရင်း ဒါတွေကို နိုင်ငံခြားသားတွေများမြင်ရင် ဘယ်လိုများပြောကြမှာပါလိမ့်ရယ်လို့ မကြာခဏ ခေါင်းထဲမှာ အတွေးပေါ်မိပါတယ်။ “ခင်ဗျားတို့ဗမာစကားဟာ ဒါလောက်ဆင်းရဲသလား၊ ဒီစကားလုံးလေးတွေလောက်ကိုတောင်မှ ကိုယ့်ဘာသာစကားနဲ့ မရှိဘူးလား” စသဖြင့်အမေးခံရမှာကို တွေးရှက်မိ ပါတယ်။ ဒီအထဲမှာ အင်္ဂလိပ်စာလုံးပေါင်း မှားတာတွေကလည်း မနည်းလှတော့ နှစ်ခါပြန်ရှက်ရတာပေါ့။


From Britain-Burma Society 2010 Burma/Myanmar: What Everyone Needs to Know by David I. Steinberg £9.99 paper back 256 pages from Oxford University Press ISBN-13: 978-0195390681


Based on An Academic Database of Doctoral & Other Postgraduate Research Done at UK Universities on India, Pakistan, Sri Lanka, Bangladesh and Other Asian Countries Over 100 Years got from burmaresearch googlegroups and soas website, Burmese names are bolded. 1922 BLitt Oxford The history of Burma to 1824 G E HARVEY 1930 BLitt Oxford Sir […]


From a long-time literary friend abroad, Dagmar Bečková – Myathida ‘s blog post (2008) at Burma Center Prague on my grandpa, the late Ludu U Hla. “He was born on January 19, 1910 in the village Puzunmyaun near the town of Nyaunlepin, and died on August 7,1982 in Mandalay……


(၁) စလင်းသူကောင်းနှင့် ပတ်သက်၍ သမိုင်းပါမောက္ခ ယခုမြန်မာသမိုင်းအဖွဲ့ဝင် ဒေါ်အုန်းကြည်လေး (အိုဂျီဦးစိုးမြင့်ကတော် သခင်ဗသိန်းတင် ခယ်မမှာ ပါမောက္ခအုန်းကြည်ကြီးဖြစ်ပါသည်) ရေးသားပီး ယခုထိ ပြင်ပတွင် မရိုက်နှိပ်ရသေးသော ဒေါက်တာသန်းထွန်း ပင်စင်ယူစဉ်က ထုတ်သည့် “သမိုင်းဟင်းလေး” ကျောက်ပုံနှိပ်စာအုပ်တွင် ပါရှိဘူးသည်။


ကာလပေါ် စာဆို မအေးခင် (၁၈၉၁-၁၉၇၅) ဣန္ဓာဝံသနဲ့ ဝိဇယကာရီ နန်းတွင်းဝတ္ထုကြီးများရေးသူ လှိုင်ထိပ်ခေါင်တင်နောက်မှာ ပထမဆုံးဗမာဝတ္ထုရေးဆရာမလို့ ဆိုရမယ့် မအေးခင်ရဲ့ ဝတ္ထုတွေ ၂၀၀၉ကပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နှစ် တရာပြည့်သွားတယ်။ တိတ်ဆို အနှစ် ၄၀ အတွင်း ဘတ်ဖူးတဲ့သူ မရှိလောက်တဲ့ ဝတ္ထုတွေမို့ပါပဲ။ ချစ်ရိုးအမှန် (True Love by Ma E Khin)နဲ့ ဟဒယမျက်ရှင် Vitthu တွေကို ပထမနှိပ်ပီးနောက် တခါမှ ပြန်မရိုက်ဖြစ်ပါ။ စစ်မဖြစ်ခင်ကပဲ ဒီဝတ္ထုတွေကို လူတွေမေ့နေပီ မှတ်ပါတယ်။


“မြန်မာအစိုးရဟာ ဘာပဲဖြစ်ဖြစ် အပြည်ပြည်ဆိုင်ရာ ရှုထောင့်ကို ပိုကျယ်ဝန်းအောင် လုပ်ဖို့လိုတယ်။ အိုင်ထဲကဖားဘဝက မလွတ်မြောက်သေးသမျှ တိုင်းပြည်အခြေအနေဟာ ရှုပ်ထွေးပီး ကောင်းလာမှာ မဟုတ်ဘူး။ အချိန်ကြာမလားတော့မသိဘူး၊ ဒါပေမဲ့ ကျုပ်အနေနဲ့ တနေ့မှာ မြန်မာပြည်ဟာ နိုးကြားလာမယ်၊ ကမ္ဘာမှာ မျက်စိပွင့်တဲ့အချိန်ရောက်လာမယ်လို့ ယုံကြည်တယ်။ လက်ရှိနိုင်ငံရေးအခြေအနေကို မခံနိုင်လို့ နိုင်ငံခြားထွက်သွားကြတဲ့လူငယ်တွေဟာ အခုရောက်နေတဲ့ တိုင်းပြည်အသီးသီးကို လေ့လာကြည့်ရှု၊ မြန်မာပြည်မှာ လိုအပ်နေတာတွေကို ကောင်းကောင်းမှတ်သား သင်ကြားလာစေချင်တယ်။ နောက်ပီးတော့ တချိန်ချိန်မှာ အမြန်ပြန်လာပီး မိခင်နိုင်ငံကြီးပြန်လည်ထူထောင်ရေးမှာ အားစိုက်ဆောင်ရွက်ကြစေချင်တယ်။” မောင်ထင် ၁၉၉၃၊သြဂုတ် နဲမိုတို ယူရိခေါ-စစ်မြေပြင်ဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံမှ တိုးတိုးပြောသံများ ဝဏ္ဏကျော်ထင်ဦးသက်ထွန်း ပြန်- စာရေးဆရာအို၏ အတိတ်အတွေး ၊ အတွေးအမြင် ၂၀၀၉ ဒီ


မဇ္ဈိမကပါ ပညာရွှေအိုး ဇန်နဝါရီ ၂၀ ၂၀၀၉ (၁) ဦးသန့်ကြီး ရာပြည့်ပြီဆိုတော့ ပြည်တွင်းပြည်ပ စာပေနဲ့ နိုင်ငံရေးလောကမှာ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးကတောင် မလုပ်စဖူး တံဆိပ်ခေါင်းထုတ်မယ်လို့ ဆိုလာပါတယ်။ ဂျာနယ်တခုမှာ ဦးသန့် ကိုယ်ရေးအတ္ထုပ္ပတ္တိထဲက ကောက်နုတ်ဘာသာပြန်နေတာ တွေ့ရပါတယ်။ နောက်ပြီး အတွေးအမြင်စာစောင်မှာ သံအမတ်ဟောင်း ဦးသက်ထွန်းက ဦးသန့်နဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေကို ရေးလာပါတယ်။ ဦးသန့်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ကြားက ဆက်ဆံရေးအကြောင်းကိုလဲ ပိုပြီး သိလာရပါတယ်။