Archive for February, 2011

လွတ်လပ်တဲ့ အာရှအသံ မင်္ဂလာပါခင်ဗျာ။ ကနေ့ ကျနော်ပြောချင်တာက ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ အရိပ်သြဇာပါ။ ဆရာကြီးကို ကျနော် လူချင်းစတွေ့ဖူးတာက ၁၉၉၂ ကျနော့အဖိုး ကွယ်လွန်တာ ဆယ်နှစ်ပြည့်အမှတ်တရ သစ်ပင်စိုက်ပွဲမှာပါ။ ဒီပွဲကလဲ သူ့ရဲ့အကြံအစည်ကို အကောင်အထည်ဖော်ကြတာပါ။ သူ ဂျပန်မှာ ဧည့်ပါမောက္ခဘဝ တွေ့ခဲ့ရတဲ့ တက္ကသိုလ်ဝင်းထဲမှာ ထင်ရှားသူများ အမှတ်တရ ကျောက်တုံးနဲ့ သစ်ပင်ထားရှိတာကို အတုယူပီး မန္တလေး မြတောင်ကျောင်းဝင်းထဲမှာ လူထုဦးလှနဲ့ ရွှေကိုင်းသားဆိုတဲ့ သူ့ရဲ့ သုတေသနမိတ်ဆွေကြီး ၂ ယောက်အတွက် စိုက်ပေးခဲ့တာပါ။ ဒီမတိုင်ခင်ကတော့ သူ့စာကို စဖတ်ဖူးတာ အသစ်မြင် ဗမာ့သမိုင်းပါ။ ၁၉၈၈ ကျနော် တတိယတန်းမှာ ဖတ်ခဲ့ဖူးချိန်မှာ အရင်ဖတ်ဖူးထားတဲ့ ဦးဘသန်းကျောင်းသုံးရာဇဝင်၊ ဇာတ်ကြီးဆယ်ဘွဲ့နဲ့ ရွှေသွေးစာစောင်ထဲက သမိုင်းရုပ်ပြတွေနဲ့ တော်တော်ကွာခြားတာကို သတိထားမိပါတယ်။


ဖေဖော်ဝါရီ ၂၅ ၂၆ ရက်များမှာ ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်ကြီး ၇၅ နှစ် ပြည့်တော့မှာပါ။ သပိတ်မှောက်ဘွိုင်းကောက်တားများထဲမှာ သက်ရှိထင်ရှားအတော်ရှားနေပါပီ။ အထက်တန်းကသပိတ်မှောက်ပီး သပိတ်အပီး ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ) ဖွဲ့တဲ့ကျောင်းသားညီလာခံကို တက်ခဲ့တဲ့ ဒဂုန်တာရာတို့လောက်ပဲ ရှိပါတော့မယ်။ ဒီသပိတ်ဟာ အမျိုးသားနေ့ပထမသပိတ် ၁၃၀၀ပြည့်အရေးတော်ပုံတွေလောက် မကြီးကျယ်ခဲ့ပေမယ့် လွတ်လပ်ရေးတကယ်အရယူပေးခဲ့တဲ့ မျိုးဆက်ကိုမွေးထုတ်ပေးနိုင်တာက သူ့ဂုဏ်ထူးဝိသေသပါ။ ပီးတော့ စစ်ပီးခေတ်က ခုခေတ်ထိ မြန်မာပြည်ပညာရေးစနစ်ကို အဓိကပုံဖော်ခဲ့တဲ့ဖြစ်ရပ်ကြီးပါ။ လွတ်လပ်ရေးမျိုးဆက်ခေါင်းဆောင်တွေထဲမှာ လူရှုပ်လူလည်တွေပါလာသလိုပဲ ဒီမျိုးဆက်ရဲ့ ပညာရေးအိပ်မက်ဟာလဲ အမှန်တဝက် အမှားတဝက်ဆိုသလို အကျအပေါက်တွေနဲ့ တည်ဆောက်ခဲ့ရတာပါ။ ပညာရေးဘက်က ရည်မှန်းခဲ့တဲ့ တိုင်းရင်းဘာသာအခြေခံတဲ့ အသက်မွေးပညာရေးစနစ်လဲ မပီပြင်ခဲ့သလို ရှိရင်း ဝိဇ္ဇာသိပ္ပံပညာရေးလဲ ကျဆုံးခဲ့ပါတယ်။ ကျွန်စိတ်မွေးတဲ့တက္ကသိုလ်မှာ မနေလိုလို့ထွက်ခဲ့တဲ့ ကိုကြီးနုလက်ထက်ကစပီး ကျောင်းသားအရေးအခင်းတွေ ဆက်တိုက်ပေါ် ပညာရေးမကျေနပ်ချက်တွေထွက်လာခဲ့ပါတယ်။ သပိတ်ကျောင်းသားဟောင်း ဗိုလ်ခင်မောင်ကလေး ပြည်ထဲရေးဝန်ကြီးဖြစ်ချိန်မှာ […]


မဇ္ဈိမမှာ ပျို့ကျေးရွာ ဆိုပီး ပါတော်မူနေ့အမှတ်တရ ကိုလိုနီခေတ် ဗမာအများစုဘဝကို ထင်ဟပ်တဲ့စာတပုဒ်တင်ခဲ့တယ်။ ခုခေတ် အောင်ထွန်းသက်လို ပညာရှိတချို့က ကိုလိုနီနယ်ချဲ့ကျေးဇူးနဲ့ ဗမာလယ်ရှင်တွေ ဘယ်လိုအကျိုးရှိခဲ့တယ်၊ မြစ်ဝကျွန်းပေါ်ဆန်လုပ်ငန်း ဘယ့်နှယ်ဖွံ့ဖြိုးခဲ့တယ်ဆိုတဲ့ ဝမ်းပါးစကားတွေပြောနေတော့ တကယ့်တကယ်မှာ အဆီအသား ဘယ်သူဝါးပီး ဗမာလူလည်တချို့ ရိုးကပ်ရင်းကပ်စားရတာကို ထိန်ချန်ထားသလို ဖြစ်နေတယ်။ အများစုက တကယ်မပြေလည်တဲ့အတွက် သူပုန်ထလဲ ရှေ့က၊ ကွန်မြူနစ်ဖြစ်လဲရှေ့ဆုံးဆိုတာလို လူ့အောက်ဆုံးကသစ်တုံးဘဝက လွတ်အောင်ရုန်းခဲ့ကြတာပဲ။ သေခဲ့တာလဲ အရိုးတောင်လိုပုံပါပဲ။ စစ်ပီးစ လယ်မလုပ်နိုင်ပဲ ငတ်ကြတဲ့အခါ ထန်းတပင်မှာ ဆန်လုတာ သေနတ်နဲ့ပစ်လို့ သေကြတော့ ကွန်မြူနစ်မြှောက်ပေးတာလို့ စွပ်စွဲကြတယ်။ ငတ်တဲ့သူတွေ ငတ်နေတာကို သတင်းစာဖတ်နိုင် နိုင်ငံရေးမှာ အသံထွက်နိုင်တဲ့ ရပ်ကွက်တွေက ချက်ချင်းရွှေနားတော်ကြားဘို့ကတော့ တယ်လွယ်တဲ့အမှုမဟုတ်ဘူး။ လူဆိုတာ ကိုယ့်အကျိုးစီးပွားက ရှေ့ဆုံးထားစဉ်းစားရတာကိုး။ နောက်နှစ် ဗမာစပါးအထွက် တဝက်ထိလျော့နိုင်တယ်လို့ […]


ပါမောက္ခ မဟာသရေစည်သူ ဒေါက်တာဘဟန် (၁၈၉၀-၁၉၆၉) ဒေါက်တာထွန်းရှင် ရှေ့နေချုပ်ဖြစ်တော့ သူ့ဘဒွေးရဲ့ ယောက္ခမ သန့်ရှင်း ၃ လခံအစိုးရ ရှေ့နေချုပ်ဒေါက်တာဘဟန်ကို ပြန်သတိရလို့ပါ။ သူတို့ဟာ ကုန်းဘောင်ခေတ်မင်းမှုထမ်းမျိုးရိုးကဆင်းတဲ့ မြန်မာခရစ်ယာန်ပညာတတ်တွေ ခေတ်အဆက်ဆက် ထိပ်တန်းမှာ နေရာရသူတွေပါ။ ဒေါက်တာရှင်ဟာ မြဝတီမင်းကြီးဦးစရဲ့ တီ၊ စတုဘုမ္မိကဂိုဏ်းထောင် ငှက်တွင်းဆရာတော်ကြီးရဲ့ မြေးတော်စပ်တယ်၊ သူ့အဖွားရင်းက နန်းတွင်းအပျိုတော် ကောလိပ်ကထိကကတော်၊ သူ့အဖိုး ပါဠိဦးထွန်းဖေ MBE က အင်္ဂလိပ်ခေတ်တလျှောက်လုံး တက္ကသိုလ်အမတ်ပါ။ သံတမန်လမ်းညွှန်စာအုပ်ရေးတဲ့ သံအမတ်ကြီး ဦးဖေသိန်းတင်ဟာ ဒေါက်တာရှင်နဲ့ ဝမ်းကွဲပါ။ ဒါပေမဲ့ ဆရာရှင်ပြောဆိုလုပ်ကိုင်နေရတာက ဒေါက်တာဘဟန်တို့လို တည်တည်တံ့တံ့မရှိပဲ ရာဇဝလ္လဘက ကြီးလွန်းတော့ နာမည်ဂုဏ်သတင်းပါ ထိနေတာကို တွေ့ရတယ်။ ဧရာဝတီမှာပါခဲ့တဲ့ ဒေါက်တာဘဟန်ဆောင်းပါး ကော်မန့်တခုမှာပါသလိုပဲ နိုင်ငံခြားက ဘွဲ့လွန်ရတိုင်း မြန်မာ့ရေးရာ မကျွမ်းပါဘူး။ […]


သင်္ကြန်နားနီးတော့ ဒီချိန်ဆို နဂါးတိုက်ကြီးပေါ် ဆိုင်းတခြိမ့်ခြိမ့်နဲ့ အကတိုက်ရောပေါ့၊ သီချင်းသစ်တွေတက်ကြရောပေါ့လို့ပဲ စိတ်ထဲအောက်မေ့နေပါတယ်။ သင်္ကြန်ဆိုတာ ပျော်စရာမဟုတ်တာတော့ ကြာခဲ့ပါပီ။ သူများနိုင်ငံက ကာနီဗယ်ပွဲတွေနဲ့မခြား ရိုင်းစိုင်းတဲ့ စတိတ်ရှိုးရေပက်ပွဲဖြစ်ခဲ့ပီပဲ။ သီချင်းအဟောင်းတွေပဲ ပြန်ဖွင့်ကြတာပေါ့။ 1980 Myo-ma Thagyan ဒီတပုဒ်မှာတော့ ပျောက်နေပီဖြစ်တဲ့ မြန်မာအမျိုးသမီးတွေရဲ့ လွတ်လပ်ယဉ်ကျေးတဲ့ပျော်မှုအလေ့ကိုလဲ ပြန်ပြောချင်တာပါရဲ့။ ဒေါ်ဦးဆိုတာ ကျော်ဟိန်းစတိတ်ရှိုး တိုက်အောက်ထပ် တံခါးပိတ်ဆိုခိုင်းခဲ့တဲ့သူပဲ။ (၁) ကျနော့စိတ်ထဲတွင် စွဲကျန်နေသော မေမေဦး၏ ပုံရိပ်သွင်မှာ ဆရာဦးငွေကိုင်ဆွဲသည့် ဆီဆေးကားလေးထဲမှ စပို့ရှပ် စိမ်းပြာရောင်ဝတ် ဆံလှိုင်းတွန့် အမောက်ဖွာထားသော ၁၉၅၀ကျော်ဖက်ရှင်နှင့် ပြုံးလဲ့လဲ့အမျိုးသမီး တယောက်သာ ဖြစ်သည် ။ ထိုရုပ်ပုံရှင် ဖွားကြီးတော်ဟု မြေးတသိုက်က ခေါ်စမှတ် ပြုသည့် အမေဦးရာပြည့်ချိန် ရောက်လာပီဆိုတော့ အဘေးဖိုးထင် နှစ်တရာပြည့်ပြက္ခဒိန်အဟောင်းလေး နောက်ကျောတွင် မှတ်ထားခဲ့သော […]


on Ne Win’s 100th We have a truckload of Ne Wins in most Burma field, don’t we? 😛 “… ကျုံးဘေးမှာ လမ်းလျှောက်နေတုန်း နန်းတော်ထဲက ယာဉ်တန်းထွက်လာပီး ဗိုလ်ချုပ်နေဝင်းက ကားပေါ်ကနေ လက်ပြသွားတယ်။ ကိုလှကို နောက်ကျောက မြင်တာတောင် မှတ်မိပုံထောက်တော့ ဟိုတခါ မေမြို့အိမ်တော်မှာ ခေါ်တွေ့တုန်းကပြောဖူးတဲ့ သားကိစ္စကိုလဲ မမေ့လောက်ဘူးထင်ပါရဲ့။…” လူထုဒေါ်အမာ၏ ကိုယ်ရေးမှတ်တမ်းတစောင်မှ (၁၉၇၂ခန့်) ဗိုလ်ချုပ်ကြီး အဂ္ဂမဟာသီရိသုဓမ္မနေဝင်း၏ မှတ်ဥာဏ်နှင့် စပ်လျဉ်း၍ မိတ်ဆွေများလဲ ကြားဖူးပီး ဖြစ်ပါမည်။ လူတယောက်ကို ပြန်တွေ့တိုင်း သူကမှတ်မိနှုတ်ဆက်တတ်သောဝသီကြောင့် “မင်း ဒီမှာပဲလား..” အမေးခံရသူကို သူ့ “အနားပြာ”များက အလိုက်သိလွန်ပီး ဖြုတ်ပစ်လိုက်၍ […]


Refiguring Women, Colonialism, and Modernity in Burma by Chie Ikeya January 2011, University of Hawai`i Press. ရှမ်း-ဂျပန်အမျိုးသမီး မချိအဲစာအုပ်က စစ်ကြီးမဖြစ်ခင် မြန်မာအမျိုးသမီးလေ့လာမှုမှာ ဒေါ်မီမီခိုင်ရဲ့ The World of Burmese Women (1984) နောက်မှာ ပထမဆုံး ပြည့်ပြည့်စုံစုံ ပေါ်ထွက်လာတာပါ။ မြန်မာခေတ်ပြိုင်စာအုပ်စာတမ်းများကိုလဲ လှိုင်လှိုင်ကြီး ကိုးကားလို့ပါ။ ဗမာလို တက္ကသိုလ်ကြည်မာ၊ စောမုံညင်းတို့ အရေးအသားများလောက်ပဲ ဖတ်စရာရှိရာကနေ အခုကိုးကားညွှန်ပြစရာ တအုပ်ထွက်လာပါပီ။


မင်္ဂလာပါခင်ဗျာ။ အရင်ပတ်က ပြောခဲ့တဲ့အတိုင်း ကနေ့ကျနော်ပြောမှာကတော့ သမိုင်းနယ်ပယ်ကို ကျနော်ဘာကြောင့် စိတ်ဝင်စားလာတယ်။ သမိုင်းကို ရှာဖွေတွေ့ရှိလာခြင်းပေါ့။ ပြောရရင်တော့ သမိုင်းနားနီးသမိုင်းလို့ပဲ ပြောပရစေ။ ကျနော့အမေဘက်က အဖွားအိမ်မှာ စာအုပ်စာတမ်းပေါတာ၊ သူကိုယ်တိုင်ကလဲ ရေးသားနေတာ၊ ပီးတော့ ဝင်ထွက်နေတဲ့မိတ်ဆွေများကလဲ သမိုင်းဝါသနာထုံတာ၊ သူတို့ကိုယ်တိုင် သမိုင်းထဲကဇာတ်လိုက်တွေ ဖြစ်နေတာကြောင့်ပါပဲ။ မြင်နေပါတယ်။ ကျနော့အဖွား လူထုဒေါ်အမာဆီကို ရွှေဘိုမိမိကြီးစတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတွေလာပီး ပေထုပ်တွေဖွင့် ဖတ်ပြုနေကြတာမျိုး၊ ဇာတ်မင်းသားဟောင်း၊ နိုင်ငံရေးသမားကြီးစသူတွေဆီက သိလိုတာများ မေးမြန်းရေးသားနေတဲ့ အဖွားကို သူ့စာရေးစားပွဲမှာ တွေ့နေရတာ ဒါတွေက ကလေးထဲက ယဉ်ပါးနေတဲ့ မြင်ကွင်းတွေပါ။ နေ့ခင်း ကော်ဖီသောက်ချိန်များမှာ ဧည့်သည်များနဲ့ ပြောလေ့ရှိတဲ့စကားများကလဲ လွတ်လပ်ရေးကြိုးပမ်းတဲ့ခေတ် ကျနော့အဘေးအဘီများလက်ထက်နေ မျက်မှောက်ခေတ် ၈ လေးလုံးလွန်အချိန်အထိ နိုင်ငံရေး စီးပွားရေး စာပေ ယဉ်ကျေးမှုဆိုတာတွေကို မရိုးရအောင် […]


ဒေါ်အောင်ဆန်းစုကြည် အပြင်ထွက်လျှင် ဦးနီ၊ ဦးဝင်းထိန်၏ လူငယ်ကိုယ်ရံတော်များ၊ အမျိုးသမီးအဖွဲ့များနှင့်အတူ နီးနီးကပ်ကပ်လိုက်ပါလေ့ရှိသည့် မြန်မာပီပီသသ အမျိုးသားအမျိုးသမီးကြီးစုံတွဲကို သတိထားမိကြပါမည်။ ထိုဓာတ်ပုံများမြင်တိုင်း ပင်းယဟောတွင် ကိုအောင်ဆန်း၊ ကိုညိုမြတို့နှင့် ထမင်းအတူစားနေကျ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်ကို ပြေးသတိရသည်။ လူမှုရေးရာဇဝင်မှ နိုင်ငံရေးတွင် သက်ရောက်ပုံကို ဤသို့စာတပုဒ်ရေးဖြစ်ခဲ့သည်။ အဖွားတို့လူကြီးများ စကားဝိုင်းတွင် လွင်ဂလေးဆိုသည့် စကား ပါလာတတ်သည်။ မဆလကက်ဘိနက်တွင် လွင်က ၃ လွင်ရှိသကိုး။ သခင်သန်းထွန်း ကိုယ်ရံတော်ဟောင်း အမ်အိုင်အကြီးအကဲ နှုတ်ခမ်းမွေးလွင် (ဒုဝန်ကြီးချုပ်)၊ ဗိုလ်မှူးဗထူးတပ်က ဆေးမှူး ဒေါက်တာလွင် (နိုင်ငံခြားရေး၊ ကျန်းမာရေး) နှင့် လွင်ကလေး (ဒုဝန်ကြီးချုပ်)။ (မှတ်ချက် ဒေါက်တာလွင်သားတယောက်နှင့် ကျနော့အမဝမ်းကွဲတယောက် အိမ်ထောင်ကျဘူးသည်၊ ဒေါက်လွင်ယောက်ဖ ဒေါက်တာတောင်ကြီးမှာ သိကြသည့်အတိုင်း ဒေါ်ခင်မေသန်း၏ ပထမယောက်ျားဖြစ်သည်၊ ကြုံမှ ဆေးကောလိပ်ထွက် […]


သုတေသနအသင်းကြီးရာပြည့်က ရေးခဲ့တဲ့တပုဒ်ပါ။ ခု မြန်မာပြည်သုတေသနဂျာနယ်ပြန်စဖို့ အပြင်ကဆရာတွေ ဆော်သြနေတာမို့ သတိရတာနဲ့ ပြန်တင်လိုက်ပါတယ်။ ဘယ်လိုဂျာနယ်မျိုးလဲဆိုတာသိဖို့ သူ့ထဲက စာတမ်းတွေ ဆောင်းပါးတွေ ပြန်ရိုက်ထုတ်ကြစေချင်ပါတယ်။ ဆရာကြီးဦးဘဟန်မိသားစုကတော့ သူတို့အဖိုးစာတမ်းတွေ ထုတ်ဖို့ပြင်နေပါတယ်။ သုတေသနဂျာနယ်၊ စာတမ်း၊ ပညာရှင်၊ ပညာရပ်အရေးအသားဆိုတာ အရပ်ထဲ လမ်းဘေးက ယောင်ယောင်အိုးတွေ တောပြောတောင်ရေး လုပ်တာနဲ့ ဘာကွာလဲသိချင်ရင် ဝီကီပီးဒီးယား၊ ဂူဂဲလောက် မြန်မာစာနယ်ဇင်း စာအုပ်လောက်နဲ့ အချိုမကုန်သင့်ကြတော့ဘူး။ (၁) လန်ဒန်ရှိ မြန်မာမိတ်ဆွေတဦးအိမ်တွင် မြန်မာနိုင်ငံ သုတေသနအသင်း ရွှေရတုအထူး စာစောင်တအုပ် ကောက်လှန်ရာမှ စာရွက်တိုလေးတစ ထွက်ကျလာပါသည်။