Archive for July, 2013

8888

30Jul13

၈လေးလုံးအကြောင်းရေးဖို့ ပြောလာသူ ရှိလာသောအခါ လူတရုံးရုံးနှင့် ရှိခဲ့သော တလကို ပြန်စဉ်းစား ရသည်။ နယ်မြို့တချို့တွင် အုပ်ချုပ်ရေး ပျက်၍ ဝန်ထမ်းများ လုံခြုံရာ ဇာတိ ရပ်ရွာ ပြန်ရသည် ကိုလည်းကောင်း၊ လမ်းတလျှောက် စစ်ဆေးရေး ဆိုသော ပုဂ္ဂိုလ် တချို့၏ အာဏာစက် ပြင်းပုံ ကိုလည်းကောင်း၊ ထိုထက် ထောင်ထောင် ထောင်ထောင် လုပ်သည့် ပါတီကောင်စီ အာဏာပိုင် တချို့ လက်လွန် ခြေကျွံတွင် ပျောက်ပျက်ကုန် သည်ကိုလည်း မြင်ပါ၏။ ထိုထက် စစ်ကိုင်း၊ ရန်ကုန် စသည့် မြို့များတွင် သွေးထွက် သံယို ကြီးစွာ ဖြစ်ရသော အမှုတို့မှာ လူ့သမိုင်း၏ အမည်းစက် ကြီးများ ဖြစ်ပါသည်။ နောက်ဆုံး အာဏာသိမ်း သည့်ရက် နှင့် […]


လူထု ကြီးပွားရေး အကြောင်းဆို၍ ရေးရလျှင် အင်္ဂလိပ်လို အန္နာ အယ်လော့ ၊ မြန်မာလို ဝင်းတင့် စသူတို့ အခိုင်အမာ ရေးပီးရှိနေပီ ဖြစ်သည်။ လူထုဒေါ်အမာ၊ ဦးလှနှင့် မိတ်ဆွေ များ၏ ကိုယ်တွေ့ မှတ်တမ်းများ၊ ပြန်လည် တသချက်များကလည်း စစ်ရှေ့နှင့် စစ်ပီးခေတ် လက်ဝဲ စာပေလောက သမိုင်းကို တထောင့် တနေရာက မှတ်တမ်းပြုနေမည်ဟု ယုံကြည်ပါသည်။ ဖတ်လိုသည်က လူထု၏ ပရိသတ်များ ဆီက ဖြစ်ပါသည်။ နှစ်ပေါင်း ၇ဝ ကျော်အတွင်း လူထုနှင့် အလားတူ စာပေတိုက်များက တင်ဆက်သည့် လက်ရာ တို့ကို ဖတ်ရှု လူလား မြောက်ကြသူများ ရေးသားချက် ထင်မြင် တွေးတော ချက် များကို သိလိုလှသည်။ နမူနာအဖြစ် […]


လာချေပြီ ပျိုတို့မောင်လည်း သူလည်းပါလေပြီ… သမ္မာကျမ်းလာ အဲဂုတ္တပြည်ကြီးမှာ နောက်တချီ သိမ်းပြန်ပဗျ ။ သိမ်းတာနဲ့ မသိမ်းတာ ဘာကွာလဲ ဆိုရင် သိမ်းတာက တိုက်ရိုက် စွက်ဖက်တာ မသိမ်းတာက နောက်ကွယ်က ဖိအားပေးတာ အဲလောက် တော့ ကွာမှာပေါ့။ ခုဟာက လူထု ဖိအားနဲ့ သိမ်းတာ ဆိုတော့ စကထဲက အကြိတ်အနယ် တက်လာရတဲ့ မွတ်ဆလင် သမ္မတကို ဖယ်ရှားတာ အများ သဘောကျ ပါတယ် ဆိုတာမျိုး ဖြစ်သွား တာပေါ့။ ဘာသွား သတိရလဲ ဆိုတော့ ၁၉၅၈ ဝင်ဒါမီယာ အာဏာသိမ်းမှုဟာ ကမ္ဘာမှာ ဘယ်ကမှ မရှိတဲ့နည်းကို မြန်မာက အစပြုတာလို့ ဒေါက်တာဘမော် ပြောစမှတ် ပြုသလိုပဲ ခုလည်း အီဂျစ်က ထွင်စမှတ် […]