Archive for May, 2013

လာမည့်နှစ် ဇန်နဝါရီတွင် အဘေးဆုံးတာ နှစ် ၃ဝ ပြည့်တော့မည်မို့ ကျန်ရစ်သော သားမြေးမြစ်များ က အမှတ်တရ စာလေးတအုပ်လောက် ထုတ်ဖို့ကောင်းကြောင်း ပြောနေစဉ် ရန်ကုန်က သူ့တူမ ဗိုလ်မှူးကြီး လှအောင် (ဟင်နရီစမိုက်၊ ခြေလျင်တောင်တက်)၏ ဇနီး ဆုံးပါသည်။ အမျိုးတအုပ်တွင် တူတယောက် ၉ဝ ကျော်သာ ဝါအရင့်ဆုံး ရှိနေပီး ထိုပုဂ္ဂိုလ်မှာ ရန်ကုန် တက္ကသိုလ် စိန်ရတုတွင် အသက် အငယ်ဆုံး ကန်တော့ခံ ကျောင်းသားဟောင်း လည်း ဖြစ်ပါသည်။ ထိုသူ့ဖခင် ဦးဖူးညို မှာ ရွှေဥဒေါင်း တသက်တာ မှတ်တမ်း ထဲက ကျောင်းနေဘက် ကိုဖူးညို (ဂျပ်ဆင် ကောလိပ်) ဖြစ်ပီး ရန်ကုန် ကောလိပ် ဘက်က ကိုထွန်းရှိန် (ဖေပုရှိန်) ကိုကွန်း […]


အေးစက်ဝင်းလက်သည့် ဗာဂျင်းနီးယားနွေဦးတွင် ကျနော် မြို့ကလေး ကို ရောက်ခဲ့သည်။ ဇာတိ နေပြည်တော်ဟောင်းက မိတ်ဆွေက နီးနားဝန်းကျင်က အမေရိကန်မွေနှစ်တို့ကို လိုက်ပြသည်။ အိမ့်ရှင်မှာ မူလကပင် သမိုင်းဗေဒလိုက်စားသူဖြစ်၍ အမေရိကန်ခေတ်ဦးက သမ္မတဟောင်းတို့ အမွေသရီရတို့ ကြွယ်ဝရာ ဤနယ်မြေနှင့် အကျွမ်းတဝင်ဖြစ်နေသည်။ ကမ္ဘာသစ်က ဥရောပလက်နက်နိုင်ငံတို့ လက်အောက်ခံ တိုင်းပြည်များ လွတ်လပ်ရေးယူပီး ကိုယ့်မင်းကိုယ့်ချင်းလမ်းကို နင်းခဲ့ကြရာတွင် အဘယ့်ကြောင့် အမေရိကန်တို့က အဦးဆုံးနှင့် အအောင်မြင်ဆုံး ဖြစ်ရသနည်းဆိုသည့် အမေးက ခေါင်းထဲပေါ်လာချိန်တွင် အမေရိက ထူထောင်စသမိုင်းကို လျှပ်တပြက် ပြန်ကြည့်ခွင့် ရခဲ့သည်ဟု ဆိုရပါမည်။


ပန်းများမပွင့်သေးသော အမေရိကနွေဦး တမနက် ချီကာဂိုတောပိုင်းတက္ကသိုလ်တခု ပိဋကတ်တိုက်မှ ရှေးဗမာ လက်ဝဲစာတအုပ် နောက်ကျောဖုံးတွင် မအုန်း ပြန်ဆိုသော ဆိုဗီယက် အမျိုးသမီးလောက စာအုပ်ကြော်ငြာကို မြင်မိသည်။ အမ်အေမအုန်းပါလားဟု ဗီဇသိက ဖျတ်ခနဲ ပေါ်လာသည်။ မအုန်းသည် အဘယ်ကြောင့် လက်ဝဲစာအုပ်တိုက်မှ စာအုပ် လက်ရွေးစင် တွေထဲ ဝင်ရေးရသနည်း။ မေးစရာ မလိုပေ။ မအုန်းသည် တက္ကသိုလ် ဆရာမကြီး ဖြစ်သော်လည်း နိုင်ငံရေးကျောင်းသူမှ လာသူဖြစ်သည်။ အစ်မကြီးတို့ တိုင်းပြည် ထူထောင်ရေးအတွက် လုပ်ကြရအုံးမယ် ခဏရှောင်နေကြပါအုံးဟု ဂျပန်တော်လှန်ခါနီး အာရှလူငယ်တွေ လူစုခွဲချိန်တွင် ဗိုလ်အောင်ကြီးက ဒေါ်ရီကြိန်၊ ဒေါ်သင်းကြည်၊ ဒေါ်အုန်း စသည့် မိန်းမတသိုက်ကို အဘယ်ကြောင့် မှာလိုက်သနည်း။ အဆက်အစပ်တို့က ပေါ်လာသည်။