Archive for June, 2011

လွတ်လပ်တဲ့အာရှအသံ မင်္ဂလာပါခင်ဗျာ။ ဒီတပတ် ကျနော်တင်ဆက်မှာကတော့ ခေတ်သစ်သမိုင်းသုတေသနရလဒ်တွေ အထူးသဖြင့် မြန်မာအစ ကျောက်ဆည်က သမိုင်းအမြင်နဲ့ ပုဂံမင်းဆက်သမိုင်းစဉ်ပြောင်းလဲတွေ့ရှိချက်တွေအကြောင်းပါ။ တကယ်က မြန်မာပြည်သုတေသနအသင်း ဘားမားရဆာ့ခ်ျဆိုဆိုက်ယတီလို့ ၁၉၁၀ က ထူထောင်ခဲ့ချိန်မှာ ပြည်သူအများ အာရုံစိုက်မှုမရခဲ့ပါဘူး။ မြန်မာစာတတ်ပညာရှင်လောကမှာပင် လူစိတ်ဝင်စားမှုနဲတယ်ပြောရမှာပါ။ ကိုလိုနီနယ်တွေကိုရောက်ရင်း ဝါသနာအလျောက် သုတေသနအပျော်ထမ်းလုပ်တဲ့ အရာရှိတွေနဲ့ ဒေသခံပညာရှင်တွေ ရှေးဟောင်းဌာနပညာရှင်တွေပဲ သီးသန့်လိုဖြစ်နေတဲ့ အသင်းပါ။ တနည်းပြောရရင် ဘိုပညာတတ်တွေနဲ့ သူတို့ကို ဗမာစာသင်တဲ့ဆရာတွေရဲ့ကလပ်ပါ။ တူးလို့တွေ့တဲ့ရှေးဟောင်းပစ္စည်းတွေအကြောင်း၊ မြန်မာ့ရိုးရာ မိုးကြိုးပစ်သေသူကို မသာချပုံ၊ နာဂတို့ ခေါင်းဖြတ်ယစ်ပူဇော်ပုံစတာတွေကို အင်္ဂလိပ်ဘာသာနဲ့ အများဆုံးရေးသားတာမို့ လူထုကြား မရောက်ပါဘူး။


လွတ်လပ်တဲ့အာရှအသံ မင်္ဂလာပါခင်ဗျာ။ ဒီတပတ်မှာတော့ ရာဇဝင်သုတတွေကလက်ဆင့်ကမ်းတဲ့ အမျိုးသားစိတ်အမွေအကြောင်း ပြောပါ့မယ်။ မြန်မာပြည်မှာ ၁၉ ရာစုနှောင်းကစလို့ ပေပုရပိုက်တွေက ရှေးဟောင်းကျမ်းဂန်တွေကို စက်တင်ရိုက်နှိပ်တဲ့ဓလေ့ ခေတ်စားလာသလိုပဲ ၂၀ ရာစု စာနယ်ဇင်းတွေမှာ ရှေးခေတ်ဟောင်းသုတတွေ ဝေငှတဲ့ ပညာရှိတွေရဲ့စာတွေလဲ ထဲ့သွင်းလာကြပါတယ်။ ဒါဟာ ပဒေသရာဇ်အမြင်အောက်က မထွက်နိုင်တဲ့ စပ်ကူးမတ်ကူးကာလစာဖတ်ပရိသတ်တောင်းဆိုချက်အရဖြစ်သလို တဟုန်ထိုးပြောင်းနေတဲ့ အရင်းရှင်ကိုလိုနီယဉ်ကျေးမှုအောက်မှာ တရုတ် အိန္ဒိယ ဗြိတိသျှတွေရဲ့သြဇာလွှမ်းလာတာကိုလဲ ခုခံတဲ့သဘောပါပါတယ်။ ကျနော် အဓိကပြောမှာက မြန်မာဘာသာနဲ့ ထုတ်တဲ့ စာစောင်တွေက အရေးအသားတွေပါ။ ဒီဇာတိမာန်ရာဇဝင်စာတွေရဲ့ ဘိုးအေကြီးအဖြစ် မစ္စတာမောင်မှိုင်းခေါ် ဦးလွန်းရဲ့ ဋီကာတွေကို မှတ်မိကြမှာပါ။ ၁၉၁၁ ဗိုလ်ဋီကာကနေ ဖဆပလခေတ် ကမ္ဘာ့ငြိမ်းချမ်းရေးဘွဲ့လေးချိုးတွေထိ ဆရာကြီးဦးလွန်းဟာ မြန်မာလူမျိုးတွေကို အတိတ်နဲ့နွှယ်ပီး မျိုးချစ်စိတ်ကို ဗဟုသုတနဲ့ လှုံ့ဆော်သွားတာပါ။ ဆရာကြီးရေးတဲ့စာတွေက အတိတ်ကို အလွန်အကျူးဂုဏ်တင်ပီး […]


စကော့ပြည်သွား မှတ်တမ်း “ ဂရံပိယာသို့ မရောက်မီ၊ စာသင်ကျောင်းအနီး လမ်းက တောင်မျက်နှာ လက်ယာဘက်သို့ မျှော်တင်း ကြည့်ရှုလိုက်လျှင် အက်ဒင်ဗာရမြို့သစ်၊ ၄င်းမြို့ဟောင်း ခံမြို့နေရာ၊ အက္ခဏီက ဓာတ်တိုက်၊ ပရင်စစ် အာသာစိတောင်များကို ခင်းကျင်း၍ပြသကဲ့သို့ မြင်ရသည်။ အလွန်လှပတင့်တယ်ရှိသည်။ သိုးဆောင်းနိုင်ငံတွင် မြို့ကြီးလှမှာ ပါရစ်မြို့၊ မြို့ငယ်လှမှာ အက်ဒင်ဗာရမြို့ လှပတင့်တယ်ရှိကြောင်းများကို မှတ်သားပြောဆိုကြကြောင်း ကြားသိရသည်။…” (ကင်းဝန်မင်းကြီး လန်ဒန်မြို့သွားနေ့စဉ်မှတ်စာတမ်းမှ) ပြီးခဲ့သောရက်များအတွင်း အခွင့်ခံ၍ အထက်ပြည်မြို့ရွာများကို လှည့်ပတ်ကြည့်ရှုရာ စကော့သူဟောင်းတို့ အမွေတိုက်တာရေမြေကို နှောင်းလူတို့ အသိကြီးကြီးနှင့် မပျက်ယွင်းအောင် ထိန်းပုံကို အားကျခဲ့သည့်အပြင် ဤသို့ ဝေးလံခေါင်သီ ဥတုပြင်းထန်သည့် တောင်ပေါ်ပြည်မှ ကမ္ဘာချဉ်းအောင် ပညာ ဓနနှင့် သတ္တိဗျတ္တိစွမ်းများပြခဲ့ပုံကိုလည်း ဆင်ခြင်မိပါသည်။ တနည်း ဗြိတိန်၏ ပြည်ထောင်စု ယဉ်ကျေးမှုကို […]