Archive for December, 2014

ဆရာ ဆရာမအပေါင်းတို့ ခင်ဗျား မကြာမီက ကျနော့ ဘွားအေကြီး၏ မွေးနေ့ အမှတ်တရ စာပေအခမ်းအနားများကို ရန်ကုန် မန္တလေးမြို့များတွင် သိုက်သိုက်ဝန်းဝန်း တင့်တင့်တယ်တယ် ဆောင်ရွက်ပေးကြသဖြင့် ဆရာ ဆရာမတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ ထိုထက် နောက်နှစ် ရာပြည့်ပွဲ ကျင်းပမည် ဆိုသည်နှင့်အတူ ကျွန်ုပ်တို့ စာပေတွင် ဘာဆက်လုပ်ကြမည်နည်း ဆိုသည့် ကိစ္စတရပ်ကို ပြောပြ လိုပါသည်။ ယခုအခါ ဗမာပြည်ကြီးလည်း ပွင့်လင်းလာပီဟု ဆိုကြပါသည်။ တိုင်းပြည် တံခါးပွင့်လျှင် ကျွန်ုပ်တို့ စိတ်တံခါး အသိဥာဏ်တံခါးများလည်း ပွင့်လင်းလာကြဖို့ သင့်ပါသည်။ လူထုလူအများစုကို စာပေနှင့် တင်ဆက် ထင်ဟပ်ရသည့် စာလုပ်သားများသည် ခံစားချက်ကို လိုက်၍ ရေးသား စီကုံးသည် ဆိုသော်ငြား လူထုကို ကိုယ့်စာကြောင့် အသိခံယူချက် ချွတ်ယွင်းတိမ်းပါးမှု […]