Archive for May, 2011

လွတ်လပ်တဲ့အာရှအသံ မင်္ဂလာပါခင်ဗျာ။ ဒီတပတ်မှာတော့ ခေတ်တခေတ်ကိုပြောင်းလဲစေချင်ရင် စာပေယဉ်ကျေးမှုတွေကနေ သိမ်းသွင်း စည်းရုံးရတဲ့အကြောင်းပြောလိုပါတယ်။ ရာဇဝင်ဝတ္ထုဆောင်းပါးတွေရဲ့သြဇာက မြန်မာစာဖတ်ပရိသတ်ပေါ် လွှမ်းမိုးပုံကို ဆွေးနွေးမှာပါ။ အင်္ဂလိပ်လက်အောက်ရောက်ပီးနောက် မြန်မာစာပေမှာ ပဒေသရာဇ်ခေတ်ကဗျာလင်္ကာစာပေကျမ်းဂန်တွေနဲ့ ခေတ်ပေါ်ပြဇာတ်တွေ၊ ခေတ်ဦးပိုင်း ကုန်စည်ကြော်ငြာသတင်းစာမျိုးတွေပဲ ဖတ်စရာရှိရာက ၂၀ ရာစုဦးမှာ ဝတ္ထုခေါ်တဲ့ အနောက်တိုင်းပုံစံစာပေအရေးအသားလွှမ်းမိုးလာပါတယ်။ ဝတ္ထုခေတ်နဲ့အတူ မကြာခင် ဆယ်နှစ်အတွင်းမှာ မဂ္ဂဇင်းဆိုတဲ့ စာစောင်တမျိုးခေတ်စားလာပါတယ်။ အစပိုင်းက မဂ္ဂဇိန်လို့ ပါဠိဆန်ဆန်ခေါ်တဲ့ စာစောင်မျိုးဟာ ၁၉၁၂ မြန်မာ့အလင်းမဂ္ဂဇင်းကစပီး ခေတ်သစ်အရေးအသား အတွေးအမြင် သိပံ္ပနဲ့ ရှိတ်စပီးယားဝတ္ထုဘာသာပြန်စတဲ့ တိုးတက်ပြောင်းလဲရေးစာတွေပါလာပါတယ်။ ၁၉၂၀ ဒဂုန်မဂ္ဂဇင်းကြီးထွက်လာတဲ့အခါမှာတော့ ရိုမန့်စ်လို့ခေါ်တဲ့ အလွမ်းအချစ်စာပေဟာ မြန်မာပြည်မှာ ခေတ်စားလာတဲ့ အမျိုးသားရေးလှုပ်ရှားမှုနဲ့တွဲပီး မျိုးချစ်ရာဇဝင်ဝတ္ထုတွေအနေနဲ့ တခေတ်ထလာပါတယ်။


မဆလလိုပဲ ဒီတခါလဲ ဒီမိုကရေစီစော်နံအောင် ဆိုင်ရာပိုင်ရာများ ကြိုးစားနေပါတယ်။ ထုံးစံအတိုင်း သာကူးနဲ့ လှေကြုံစီးများစာရင်းမှာ အရင် မဆလက ခတ်တိုင်းငန်တွေ ပြန်ပါလာတာ တွေ့ရတယ်။ အရေးအခင်းနဲ့ ပါတီထောင်တဲ့ခေတ်ကလဲ ဒီလူတွေပါပဲ။ မီဒီယာ၊ ပါတီ၊ အန်ဂျီအိုဆို ဝါးလုံးနင်းမိ ဝါးခြမ်းနင်းမိ ရှေ့ဆုံးကမောင်တွေပေါ့။ ပြည်သူ့ဘက်က အသံကောင်းဟစ်နေတဲ့ ဂျာနယ်ကြီးတစောင်ဆို ရွေးကောက်ပွဲကို ပေါ်တင်မဖားရဲတော့ စံချိန်မီ နိုင်ငံရေးသမားဆိုတာနဲ့ စဖွင့်ပါတယ်။ ပီးတော့မှ ရွေးကောက်ပွဲဂုဏ်ရည်တွေဆက်ပါတယ်။ မဆလလက်ကျန် ပါတီခေတ်ပါမီတဲ့ သတင်းအုပ်စုက ဦးစီးတာဆိုတော့ ကျီးအာသီးမှန်း ချက်ချင်းမသိဘူးပေါ့။ ခုတော့ ပြည်ပမျက်နှာဖြူများ တော်ကောက်တဲ့ ဈေးကွက်စဝင်နေပီကြားရတယ်။ ရှေ့လျှောက် ဖတ်စရာကောင်း ပေါင်မုန့်ထောပတ်သုတ်စာလေးတွေ ပိုပါအုံးမှာဘဲ။ အုတ်အရောရော ကျောက်အရောရောခေတ်မှာ ဖေ့စ်ဘွတ်၊ ဟစ်ဟော့ပ်တော်လှန်ရေးလဲဖြစ်ဖွယ်မမြင်ပါ။ ရှေ့မှာ သင်္ခန်းစာကောင်းတွေက အများကြီးရထားတော့ ဘေးဆီးရန်ကာ မင်းဘုရားများသနားတော်မူတဲ့ […]


ဆရာပါရေးတဲ့အထဲမှာ ဦးသိန်းဖေမြင့်ဟာ အရေးခံပုဂ္ဂိုလ်ကို အားလုံးကောင်းပါသည်ခင်ဗျားလို့ ဘယ်တော့မှ မရေးခဲ့ဘူးတဲ့။ နောက် လူထုဒေါ်အမာနဲ့ပတ်သက်ပီး ဒေါက်တာသန်းထွန်းမှတ်ချက်ချရာမှာ သူမကြိုက်ရင်သူမရေး ရေးသင့်တယ်ထင်မှရေးတယ်ဆိုတာပါတယ်။ ဒေါ်အမာ ဘာကြောင့် ဗိုလ်အောင်ဆန်းအကြောင်း ရေးမသွားလဲတော့ ခုထိမတွေ့မိဘူး။ အသတ်ခံရခါစက ဆရာကြီးရာဇတ်အကြောင်းရေးတာပဲတွေ့မိတယ်။ သူငယ်ချင်းချင်းမို့ အထင်မကြီးတာလား၊ နိုင်ငံရေးမကြိုက်လို့ပဲလားမသိပါ။ ဒေါက်တာသန်းထွန်းကလဲ သခင်ကိုယ်တော်မှိုင်းနဲ့ပတ်သက်ပီး အထူးတလည်ရေးသားတာပဲတွေ့မိတယ်။ သေချာတာက ဗိုလ်အောင်ဆန်း နောက်ဆုံးပေါင်းသင်းသွားတဲ့ နိုင်ငံရေးအုပ်စုလက်ချက်နဲ့ တိုင်းပြည်ပျက်တာ ခုချိန်ထိ လက်တွေ့ခံစားနေရတာပဲ။ ဒီအုပ်စုက သူတို့ကိုယ်ကျိုးအတွက် ပေါ့ပေါ့လျော့လျော့နေလို့ သေတဲ့ ဗိုလ်အောင်ဆန်းတို့တသိုက်ကို အာဇာနည်ဖြစ်အောင် မြှောက်ပီး ညာစားနေကြတာပဲ။ နောက်မှ သမီးက သူတို့ကို ကဏ္ဋကောစလုပ်ခါမှပဲ။ အခုလဲ သမီးထမီစခိုနေတဲ့ အတိုက်အခံနဲ့ မီဒီယာဆိုတာတွေက ဒလိုင်လားမားလက်သစ်မွေးနေတာ အနှစ် ၂၀ ကျော်ပါပီ။ ချော်ပီးရင်းချော်နေကြတုန်း။ ပြောချင်တာက သိပ်အထင်ကြီးစရာမရှိတဲ့လူတွေအကြောင်းရေးရတာ တယ်မလွယ်တာပဲ။ […]


လွတ်လပ်တဲ့အာရှအသံ မင်္ဂလာပါခင်ဗျာ။ ပါတော်မူချိန်က မြန်မာနန်းတွင်းမှတ်တမ်းတွေ နယ်ချဲ့တပ်တွေရဲ့ ဖျက်ဆီးခံရတာကို အရင်အပတ်က ပြောခဲ့ပါပြီ။ ဒီလိုဖျက်ဆီးခံခဲ့ရပေမယ့်လဲ မြန်မာမျိုးချစ်တွေက မာန်မလျှော့ခဲ့ကြ ပါဘူး။ ဝန်ထောက်ဦးမောင်မောင်တင်၊ ကန္နီစစ်ကဲတော်မင်း စတဲ့ မြန်မာပဒေသရာဇ် အဆက်အနွယ် တွေက သူတို့လက်လှမ်းမီရာ အထောက်အထားတွေကိုသုံးစွဲပြီး မြန်မာရာဇဝင်တွေ ဆက်လက် ပြုစု ခဲ့ကြပါတယ်။ ဦးမောင်မောင်တင်ရဲ့ ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီးဟာ မင်းတုန်းမင်း လက်ထက် က ထပ်မံ ဖြည့်စွက်ခဲ့တဲ့ မှန်နန်းရာဇဝင် ၂ တွဲကို ပါတော်မူချိန်ထိ နန်းတွင်းမှတ်စုတွေနဲ့ ဆက်ရေး ထားတာပါ။ ရာဇဝင်ဟောင်းတွေကို ပြုပြင်ရေးသားတာတွေများပြီး အချက်အလက်အသစ် ၊ ရှုဒေါင့်အသစ် မပါလှ ပါဘူး။ ဒါပေမဲ့လဲ မြန်မာရှေးရိုးရာဇဝင်ဆရာတွေဟာ အုပ်စိုးသူလူမျိုးခြားတွေ အလိုကျ မြန်မာတွေနဲ့ မြန်မာဘုရင်တွေကို နှိမ်ချရေးတဲ့ ရာဇဝင်သစ်တွေကို တန်ပြန်ထိုးစစ်ဆင်ရာမှာ တာဝန်ကျေခဲ့တယ်လို့ […]


(၁) ဟိုတနေ့က အသားတုချက်စားကြပါသည်။ မစားရတာ အနှစ်ဆယ်နှင့်ချီနေပြီဖြစ်၍ တော်တော်ကောင်းပါသည်။ သို့သော် အသားတုမှာ အသားစစ်မဟုတ်သလို အာဟာရဓာတ်ပြည့်ဝသည်ဆိုစေကာမူ လတ်ဆတ်သော ခဲဘွယ်ကားမဟုတ်၊ ဓာတုဗေဒဖြင့် ပြုစီရင်ထား၍ စွဲမြဲသုံးဆောင်ရန်လည်းသင့်သည်ဟု မထင်။ သို့သော် ပဲတွေ ဟင်းရွက်ဟင်းသီးတွေ စားနေကျက အသားတု သက်သက်လွတ်ကို စားရသည့်အခါ ရသာပြောင်းဟု တပ်မက်မိကြမည်ပင်။ အတုတွေ အန္တရာယ်ကို တလောက လူထုဦးစိန်ဝင်း အလဲဗင်းဂျာနယ်တွင် သတိပေးသွားသည်ကို ဖတ်လိုက်ရသည်။ ဟုတ်ပ၊ မြန်မာပြည်တွင် ဆင်တူရိုးမှားအတုအပများက ခုထိ ဒုက္ခပေးလှသည်။ အတုမိသူတွေမှာလည်း အတုမှန်းမသိသည့်မောဟ၊ သိသည့်တိုင် အလိမ်မျက်နှာကြီးကိုကြောက်၍ ငြိမ်ကာ အချင်ယောင်ဆောင်ရသည့် ဘယာဘေးများက ကြီးသည်မဟုတ်လား။ ကျနော့စိတ်ထဲ အာဏာရ စစ်အာဏာပိုင်များသည် လူထုကို ရေထိုး၍ နွားနို့ရောင်းသလို အဖိုးတန်သမျှ ပေါချောင်ညံ့ဖြစ်အောင် လုပ်ရာ၌ အင်မတန် […]


ပုံ sonata-cantata.blogspot.com မှ ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံခြားမုန်းတီးရေးစိတ်အခံဆိုရှယ်လစ်ဝါဒကို ဖန်စီရင်ခြင်း ၁၉၅၀ကျော်က မြန်မာ့တပ်မတော် ဝါဒဖြန့်မဂ္ဂဇင်းတစောင်ကို ပြန်ဖတ်ခြင်း (အဆက်) ဒုတိယကမ္ဘာစစ်အပီး မြန်မာစာစောင် မဂ္ဂဇင်း ဒါဇင်နှင့်ချီ၍ အသစ်ထွက်လာသည်များအနက် အများစုမှာ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ပါတီစွဲမရှိစသည့် ဝါဒပေါင်းစုံ အဖွဲ့ပေါင်းစုံ၏ ဝါဒဖြန့်များဖြစ်လာကြသည်။ မြန်မာနိုင်ငံရေးကို နဂါးနီစာအုပ်များဖြင့် လူဖြစ်လာသော လက်ဝဲသခင်လူငယ်များက အုပ်စီးထားကြ၏။ မျိုးချစ်လက်ဟောင်းစာရေးဆရာကြီးများ၏စာမှာ အင်္ဂလိပ် ဂျပန်ကို တော်လှန်လာသော လူငယ်များ၏ ဝတ္ထုများလောက် လူငယ်ထုတွင်း ခေတ်မစားတော့။ စစ်ပီးစ မြန်မာစာပေနိုင်ငံရေး၏ သရုပ်သကန်မှာ အစွန်းရောက်အုံကြွနေသည့်အသွင်ရှိသည်။


အရင်းရှင်ယဉ်ကျေးမှုခေတ်ဦးစာပေပုံစံ (၁) မာယာအတွက် စာမူစဉ်းစားတော့ မာယာဟာ စာဟောင်းစာကောင်းတွေကို ခေတ်သစ်နဲ့ ပေါင်းကူးပေးနေသူဖြစ်တယ်။ သို့တွက် ခေတ်ဟောင်းစာနဲ့ ပတ်သက်တာက ဆီလျော်မယ်အောက်မေ့တယ်။ ယနေ့ လန်ဒန် အရှေ့တိုင်းနဲ့ အာဖရိကပညာသင်ကျောင်းမှာ “မောင်ရင်မောင် မမယ်မ ဝတ္ထု ” (၁၉၀၄) ထုတ်ထဲက ဓာတ်ပုံရိုက်လာတာကို မာယာပရိသတ်အတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။ စစ်မဖြစ်ခင် အရှေ့တိုင်းပညာသင်ကျောင်း ခေတ်ကထဲက ဒီမှာရောက်နေတဲ့စာအုပ်ပါ။ မြန်မာဝတ္ထုဝေဘန်ချက်တွေ သုတေသနအသင်းဂျာနယ်မှာ ရေးသွားတဲ့ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခဂျေအေစတီးဝပ် (ရန်ကုန်တက္ကသိုလ်သမိုင်းကထိက ဒေါက်တာဘာဘရာစတီးဝပ်အဖေ) လှူထားတာဖြစ်နိုင်တယ်။ မူလစာအုပ်မှာ ၁၂ပုံရှိတယ်လို့ လူထုဒေါ်အမာက ၁၉၅၉ ဒုတိယနှိပ်ခြင်းအမှာမှာ ရေးဘူးပေမယ့် ဒီစာအုပ်မှာတော့ ၁၁ ပုံပဲတွေ့ပါတယ်။ ဝတ္ထုမှာ ပန်းချီပုံထဲ့တာ၊ ဝတ္ထုခန်းဖွင့်တွေမှာ ပန်းစာလုံးနဲ့ အလှဆင်တာက အဲဒိခေတ်အင်္ဂလိပ်စာအုပ်တွေရဲ့ အဆင်အပြင်ပါ။ ဓာတ်ပုံထဲ့တာတော့ ခေတ်ပြိုင်လွှမ်းမိုးမှုရှိသလားမသိပါ။