Archive for April, 2011

ဒီမိုကရက်တစ်တိုင်းပြည်သစ်ကျပ်ချွတ်ကြီးထဲ မြောက်ကတောင် ဝင်ရိုးစွန်း ၂ ခုကြားက ရှိသမျှ ငွေရှင်တိုင်းပြည်တွေ မဟားဒယားဝင်စည်းပွားချင်နေကြတာတွေ့တော့ တရားလဲကျမိ၊ လိမ်တယ်ဆိုတာ ဘယ်လောက်ပိရိပစေ မပေါ်မဟုတ်ပေါ်တာပဲဆိုတာတွေးမိလို့ ဒါလေးပြန်တင်လိုက်ပါတယ်။ သန့်မြင့်ဦးညှော်မိနေတဲ့ ကိုတာတို့ကတော့ တရုတ်ကိုချတယ်ဆိုပီး ကြိုက်လို့ ချင်းတွင်းမှာ ထဲ့ညွှန်းတာတွေ့တယ်။ ကောင်းကင်ကပါ။ (၁) တရုတ်ပြည်သူ့သမ္မတနိုင်ငံ တနည်း တရုတ်နီဟုလဲသိကြသော နိုင်ငံထူထောင်သည်မှာ အနှစ်၆၀ရှိပီ ဆိုသော်ငြား မြန်မာပြည်တွင်ကား ဤ ၆၀ပြည့်ပွဲကို စိတ်ဝင်တစား ဝမ်းပါးမည့်သူ အလွန်ရှားပါးပါလိမ့်မည်။ အိုဘားမားနန်းတက်ပွဲ ပရိသတ်နှင့် လားလားမှ မဆိုင်ဘဲ ဘဝချင်းမတူတော့သည့် တရုတ်ပြည်ကို စီးပွားရေးနယ်ချဲ့တမျိုးဟု မြင်သူသာ များပါ၏။ ဆွေမျိုးပေါက်ဖော်ဟု မည်သို့ပင်ဆိုစေကာမူ စင်စစ် ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေးမှာ ဝါဒချင်း ပြိုင်ရုံသာမက ကြီးနိုင်ငယ်ညှဉ်းလက္ခဏာ ဆောင်သည့်ကာလများလဲ မကင်းခဲ့။ ပမာဆောင်ရလျှင် မြို့သား လူလည်က […]


ရှေ့တန်း ဝဲမှယာ- ဒေါ်စန်းမြ (မာမီလုံး)၊ မာမီလေး၊ မာမီကြီး နောက်တန်း ဝဲမှယာ- ဦးတင့်ဆွေလတ်၊ ဒေါ်နုနုမော်၊ ဦးနေဝင်း ၊ ဦးကိုကိုလှ၊ ဦးမောင်မောင်ဝင့်၊ ဦးခင်မောင်ဝင်း၊ ဦးသံစစ် (ဆေးပညာပရိုဖက်ဆာများ) “History of Burma’s Medical Education”, a branch of my interest in the history of Burma’s education.. * * * မမမြင့်အမျိုး ချက်ပြန် ကလေးဆရာဦးတင်စိုး ကြီးကြီးရေနံမြေစုတို့အမျိုးတယောက်ဆီကတဆင့်၊ ဖုန်းနဲ့မတွေ့နိုင်လို့စာနဲ့ ချစ်သောမာမီ အင်္ဂလိပ်လိုရေးရင် မာမီပြင်နေရမှာစိုးလို့ ဗမာလိုပဲ ရေးလိုက်တယ်း) နေကောင်းလား။ သိပ် အပင်ပန်းမခံပါနဲ့။ ပူလာပီ။ ဆေးရုံက စောစောပြန်ပါ။ မာမီငယ်ဘဝ ဆရာဝန်ဘဝကို […]


ဒီနေ့ရေးတာကတော့ အညွန့်ခူးစားပီး လူဘုန်းကြီးလုပ်တာချင်းအတူတူ တချို့က ဟန်ကောင်းတယ်၊ လူချစ်အောင် လုပ်ပြတတ်ရုံမက ရောင်းတောင်စားတတ်သေးတယ်ဆိုတာပါ။ ဒီခေတ် ဒီတိုင်းသူ ဒီပြည်သားတွေကတော့ စစ်ပီးစလောက်ကလို ဘုရင်ရောဂါသိပ်မကျန်တော့ဘူးထင်ပါတယ်။ အထူးအဆန်းပွဲကြည့်ပရိသတ်၊ မင်္ဂလာဆောင်ဝါသနာရှင်တွေကို မျိုးချစ်စိတ်နဲ့ နိုင်ငံရေးအမြတ်ယူမယ့် တိုရီအာဏာရများ၊ ဈေးသည်ဟိုတယ်ထမင်းသည်များ၊ ခေတ်ကျပ်မှာ အခွန်အတုပ်လျော့မှာကြောင့်ကြနေရတဲ့ အငြိမ့်စားလူတန်းစား ၃ ဌာန အကျိုးတူ ဖက်ရှင်ရှိုးလို့သာ မှတ်ကြပါ။ မီဒီယာများ အတွက်တော့ နောက်ထပ်ရွှေမင်းသားမင်းသမီးမျိုးဆက်တဆက် ထွက်လာပြန်ပေါ့။ ဘယ်တော့ ဘာကြားရမယ်သာမသိပါ။ ဆရာတက်တိုးရေးဘူးတဲ့ ကြီးကြီးကျယ်ကျယ် ဆောင်တဲ့သူတွေ မြန်မြန်ကွဲတတ်တယ်ဆိုတာလေးပဲ မှတ်မိနေပါတယ်။ ဝက်မစွတ်ဝန်ထောက်ကြီးကတော့ သူ့နေ့စဉ်မှတ်တွေမှာ ဘယ်ဝန်ထောက်သမီး လီးတို့ပွဲသွားသည်လို့ ကွက်ကွက်ကွင်းကွင်းရေးသွားတာသာ မြင်ကြည့်ပါတော့။ မြန်မာတွေမှာလဲ ခုထိ ဇာတိမာန်တက်စရာက ဒေါ်စုနဲ့ ဦးသန့်သာရှိသေးတာဆိုတော့ အစဉ်အဆက် ပညာရေး နိုင်ငံရေး စီးပွားရေး ယဉ်ကျေးမှုတွေမှာ မော်ကြည့်လာရတဲ့ […]


လွတ်လပ်တဲ့အာရှအသံ ဒီတပတ်တော့ သမိုင်းသုတေသနတွေ့ရှိချက်တွေနဲ့ သမိုင်းအမြင် ပြောင်းလဲ မှု တွေ က လူထုအပေါ် သြဇာသက်ရောက်ပုံကို ဆွေးနွေးချင်ပါတယ်။ ခေတ်အဆက်ဆက်မြန်မာသမိုင်းအမြင်အရေးတွေ ပြောင်းလဲလာတာနဲ့အမျှ လူထုအကြား သဘော ထား ထင်မြင်ချက်တွေ ဘယ်လိုပြောင်းတတ်ပါသလဲ။ တကယ်တော့ သမိုင်းဆိုတာ အနိုင်ရသူကရေးလေ့ရှိတယ်ဆိုတဲ့စကားအတိုင်းပဲ သမိုင်းကို ရေးခွင့် သာသူတွေဟာ တိုင်းပြည်ကို တနည်းနည်းနဲ့ ချုပ်ကိုင်လွှမ်းမိုးနိုင်သူတွေ ဖြစ်လေ့ရှိပါတယ်။ သူတို့ ပုံဖော်ဖန်တီးထားတဲ့ သမိုင်းအာဘော်ကို အုပ်ချုပ်ခံပြည်သူတွေအကြား ပြန့်နှံ့ စိမ့်ဝင်ဖို့၊ လူထု ထောက်ခံမှုရဘို့က သူတို့ရဲ့ သမိုင်းရေးတဲ့ရည်ရွယ်ရင်းဖြစ်ပါတယ်။ လူထု ထောက်ခံယုံကြည် မှုရတဲ့ အုပ်စိုးသူလူတန်းစားက အာဏာကို ပိုပြီး ကြီးထွားခိုင်မာအောင် တည်ဆောက်နိုင်တာမဟုတ်လား။


ကိုအားမာန်က ဝေငှသည်။ အမှာ ရွှေဥဒေါင်းက ၄၉ ခု မန္တလေးနှင့်ပတ်သက်၍ ရွှေမန်းဖြစ်ထွေဟု မရှေးမနှောင်းပင် ရှုမဝတွင်ရေးရာ မန္တလေးမြို့တွင်း ပြေးလွှား ပုန်းရှောင်ခဲ့ရပုံ၊ မိတ်ဆွေများက လက်မခံရဲပုံပါရှိသည်။ လူထုတိုက် ဗုံးခွဲသည့်ကိစ္စတွင် လက်နက်ကိုင်တစုဟုသာ သုံးနှုန်းသည်ဟု မှတ်မိသည်။ နောက် အခြေအနေတည်ငြိမ်ပီး ၁၉၆၁ တွင်မှ “ဗုံးခွဲပီးနောက် ဝင်းလိုက်ရုံထဲ ပုန်းနေသော ဦးလှကို ခေါ်ခိုင်းပုံ၊ မအမာနှင့်ညီမများက သူတို့မိဘကို ထည့်ဘို့သတိမရပဲ သူ့ကို နန်းတွင်းထဲလိုက်သွားခိုင်းပုံ (အမှန်တော့ ခြေလွန်လက်လွန်ဖြစ်မည်စိုး၍ စာရေးဆရာဝါကြီး လူကြီးသူမအနေနှင့် အားကိုးခြင်းဖြစ်သည်)၊ ခင်ဗျားတို့ရေးတာလွန်တယ်ဟု စစ်ဗိုလ်လေးတယောက်က ကြိမ်းပုံ၊ ဗိုလ်မှူးကြင်နှင့်တွေ့ပုံ”တို့ တသက်တာမှတ်တမ်းတွင် ထည့်ရေးသည်။ ဇေယျကျော်ထင် ဗိုလ်မှူးကြင်မှာ အင်္ဂလိပ် တပ်က ပါလာသူဖြစ်ပီး ဆိုရှယ်လစ်ပါတီဝင် စစ်ဗိုလ်မဟုတ်ပါ။ ကရင်ဝင်စဉ်က လူထုမိသားစုလည်း အခြားမန္တလေးမြို့ခံများနှင့်အတူ […]


လွတ်လပ်တဲ့အာရှအသံ မင်္ဂလာပါခင်ဗျာ။ ဒီတပတ်တော့ လူမှုမီဒီယာသစ်တွေမှာ သမိုင်း သုတေသနအတွက် အထောက်အထားရှာပုံကို ပြောပါရစေ။ ဒီကနေ့မှာ Facebook ၊ Twitter တို့စတဲ့ မီဒီယာသစ်ကို လူကြီးလူငယ် မရွေး အသုံးများ ရုံမက သတင်းဌာန တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အထိပါ အသုံးချ လာကြတာ တွေ့ရပါတယ်။ မြန်မာတွေကြားမှာတော့ Facebook ဟာ ပြီးခဲ့တဲ့ ( ၂ )နှစ်အတွင်း အတော်လေးလူသိများလာပါတယ်။ ပီးခဲ့တဲ့ ရွေးကောက်ပွဲကို ဝင်သင်မဝင်သင့် ငြင်းခုံချိန်ကစပြီး နိုင်ငံရေးလှုံ့ဆော်စရာမီဒီယာအနေနဲ့ ဘက်ပေါင်းစုံက အသုံးချခဲ့ကြပါတယ်။ အခုတော့ အန်ဂျီအိုတွေ၊ တက်ကြွလှုပ်ရှားသူတွေ နဲ့ အနုပညာသမားတွေ အတွက် ပွဲခင်းကြီးလဲ ဖြစ်နေပါပြီ။ အရင်က အကွဲကွဲအပြားပြား နဲ့ တွေ့ဆုံဘို့ခဲယဉ်းတဲ့ လူမှုအလွှာစုံကလူတွေကို ဒီနေရာမှာ […]


(ဓာတ်ပုံ-ဦးသန်းဝင်း) သင်္ကြန်ထက် ဒီချိန်ပေါ်တဲ့ မန္တလေးသရက်ကို ပိုလွမ်းလို့ မန္တလေးဆရာဝန်အကြောင်း တင်လိုက်တာပဲ။ မန္တလေးစာပေ (ရွှေဥဒေါင်း)၊ မန္တလေးသတင်းစာ (ဦးလှ-ဒေါ်အမာ၊ ဦးစိန်ဝင်း)၊ မန္တလေးဆရာ(ဒေါက်တာသန်းထွန်း၊ဒေါက်တာဖေသိန်း)၊ မန္တလေးသင်္ကြန် (ဒေါ်ဦး)တွေလဲရေးပီပီ။ မန္တလေးဂီတ (လေဘာတီ၊ မြို့မငြိမ်း၊ မေရှင်၊ ကိုအံ့ကြီး)၊ မန္တလေးရုပ်ရှင် (ဝင်းလိုက်၊ ဘဝသံသရာမှ ဒဏ္ဍာရီ) ၊ မန္တလေးအစား(ထိုင်း၊တရုတ်၊ကသည်း၊အိန္ဒိယနဲ့ နန်းတွင်းပေါင်းစပ်)၊ မန္တလေးပညာတတ်(ဒေါ်အုန်း၊ ဒေါ်တင်လှ၊ ဒေါက်တာခင်မောင်ညွန့်)၊ မန္တလေးပဒေသရာဇ်(ပျဉ်းမနား၊မက္ခရာ၊ မောင်မောင်ကျော်)၊ မန္တလေးဘုန်းကြီး (မစိုးရိမ်၊ ရွှေကျင်၊ ရဟန်းပျို)၊ မန္တလေးနိုင်ငံရေး (ကင်းဝန်မင်းကြီး၊ စီပီခင်မောင်၊ ဗိုလ်ခင်မောင်ကလေး၊ ကိုမှိုင်း)၊ မန္တလေးယဉ်ကျေးမှုထိန်းပုံ(စကား၊ ခေတ်နောက်ကျသောအဝတ်၊ ဘာသာရေး၊ သာရေးနာရေး) ၊ မန္တလေးသူဌေး(လေဘာတီမောင်ကလေးနဲ့ ဘုရားထူးခံ ဘုရားအမများ၊ အရီးတောင်း၊ ဗြဟ္မစိုရ်) စသဖြင့် ရွှေမန်းစာဆိုစရာတွေ ရှိသေးတယ်။ မန္တလေးအားကစား […]


မဇ္ဈိမှာ လူထုဟာ သန္ဓေတားဆေး၊ မြင်းပွဲ၊ လောင်းကစားဝိုင်းပါတဲ့ ဘုရားပွဲ၊ အရက်၊ ဆေးလိပ်စတဲ့ စာရိတ္တထိခိုက်တဲ့ကြော်ငြာမျိုး လက်မခံဘူး၊ နိုင်ငံရေးမပြောနဲ့ ဘောလုံးပွဲမှာတောင် တိုင်းနဲ့ပြည်နယ် ဘက်လိုက်သလိုသက်ရောက်အောင် မရေးရဘူး၊ အခုခေတ် ဂျာနယ်လစ်ဇင်အော်နေတဲ့ ဂျာနယ်တချို့မှာထဲ့တဲ့ မှုခင်းသတင်းဆိုတဲ့ မတရားကျင့်မှု၊ လူသတ်မှု၊ ဓားပြမှုဆိုတာတွေကို သတင်းတန်ဘိုးမရှိဘဲ တခုတ်တရမထဲ့ဘူး အဲဒါတွေ ကျန်သွားတယ်။ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်တဲ့။ လူထုလို့ ဖြစ်လာတာ ဦးလှ ကြီးပွားရေးမဂ္ဂဇင်းထုတ်ရင်း သူရိယမှာ ဦးပုကလေး၊ ဘကြီးဘဘေတို့ဆီ ဝင်ပီး ပညာသင်ခဲ့တဲ့အကျိုးဆက်ကြောင့်ပဲ။ “ကြောက်ချေးပါသည်ဆိုသော စကားလုံးမျိုးတွေ ရှောင်ကြစမ်းပါ။ မန်းဆန်ဆန် ယဉ်ယဉ်လေးနှင့် ဆွေ့ဆွေ့ ခုန်အောင် ရေးနိုင်ပါတယ်” (လူထုဦးလှသို့ ဘီဘီစီ ဦးတက်ထွဋ် ပေးစာများမှ၊ ၁၉၆ဝခန့်) (၁) လူထုသတင်းစာ အနှစ် ၅ဝ ပြည့်အတွက် […]


ကနေ့ လူထု ၆၅၊ မြန်မာပြည် ကုလသမဂ္ဂဝင်တာ ၆၃ ပြည့်တဲ့နေ့မှာ လူထုစိန်ဝင်း (ရွှေဥဒေါင်းတူ)အကြောင်း သူ ၇၀ ပြည့်ချိန်မနှစ်က မဇ္ဈိမမှာရေးခဲ့တာ ပြန်တင်ပေးလိုက်ပါတယ်။ လူတွေက လူထုစိန်ဝင်းနဲ့ အမျိုးတော်လားမေးရင် သူ့မန်ကျည်းတုံက တူနဲ့ ဝင်းမော်ဦးစာပေက ကျနော့အမဝမ်းကွဲ (ရန်ကုန်လူထုတိုက်ခွဲမန်နေဂျာ ညောင်လေးပင် ပမညတအမတ် ဦးတင်မောင်သမီး)ရတယ်လို့ ရှင်းပြရတယ်။ လူထုထွက်တွေထဲမှာတော့ တိုက်အပေါ် အကြည့်ဆုံး အားကိုးအားထားအပြုရဆုံးပါပဲ။ ခေတ်ပျက်ကြီးထဲမှာ စာနယ်ဇင်းလောက နိုင်ငံရေးလောကနဲ့ တိုင်းပြည်အပေါ် ပြောနိုင်သရွေ့ပြောဆိုနေတာပဲ ကျေးဇူးတင်ရပါတယ်။ ဦးစိန်ဝင်းရေးတာတွေ ထပ်နေပီ၊ ဘာမှမယ်မယ်ရရမရှိဘူး၊ အတိတ်ကိုတမ်းတနေတာပဲ ပြောတဲ့အုပ်စုတွေ ဂျာနယ်ခေါင်းကြီး ဆောင်းပါးတွေနဲ့ ထိုးနှက်တဲ့သူတွေလဲ ရွေးကောက်ပွဲအပီးမှာပဲ သရုပ်မှန်တွေ ပေါ်သွားပါပီ။ မီဒီယာအသုံးချ အန်ဂျီအိုထောင် ပရောဂျက်ရှာ လူများလက်ကိုင်တုတ်လုပ်ပီး တိုင်းပြည်ကိုချောက်တွန်းတဲ့သူများဇာတ်သိမ်းဟာ ဂဠုန်စော၊ ဘကြီးဘဘေ၊ သိန်းဖေမြင့်တို့ဇာတ်သိမ်းနဲ့ […]


လူထု ၆၅ အမှတ်တရ ကနေ့တော့ အယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းအကြောင်း ဧရာဝတီမှာ ပါဘူးတာ ပြန်ထဲ့ပေးလိုက်တယ်။ ပိတောက်ပွင့်သစ်မှာလဲ မနှစ် ဒီဇင်ဘာက ပြန်ပါဘူးတယ်။ ရွှေဥဒေါင်း၏ အနှစ် ၉၀ ကျော် ခေတ်စားနိုင်သောနည်း တာနဲ့ တချို့က ကျနော့ကို ဗမာလူမျိုးကြီးတွေအကြောင်းပဲရေးတယ်ပြောတယ်။ ဟုတ်ပ ကရင်လူမျိုးကြီး ရှမ်းလူမျိုးကြီး ရခိုင်အမျိုးကြီးတွေအကြောင်း ကျနော်မှ သေချာမသိတာ။ ရေးချင်တာပ။ အထူးသဖြင့် အမျိုးချင်းပြန်ယူတဲ့ စိုက်တွေက သူဌေးတွေဘဝ။ ကျုပ်တို့မြို့မှာ တိုင်းရင်းသားကြီးကြီးမားမားက ယူနန်တရုတ်ရှိတာ။ နော့ပီး သူတော်ကောင်းတွေလို ခိုစရာတောကလဲကုန်ပီဆိုတော့ နိုင်ငံရေးဖြတ်သန်းမှုလဲမရှိ၊ ထောင်ကျလဲမခံရဲ နိုင်ငံရေးရဲ့ မက္ကာ ထိုင်းလင်းကိုတောင် ၃ ရက်လား ရောက်ဖူးတာဆိုတော့ တော်လှန်စာပေတွေ ရေးဘို့ ဒီဘဝတော့ ပါရမီပါမလာဘူး။ ဒီတော့ ဗမာလူမျိုးထဲမှာ အကြီးဆုံး တာတေကြီးတို့ […]