Archive for the ‘radio talk’ Category

Radio Free Asia သောတရှင်များခင်ဗျား အရင်ပတ်က တင်ဆက်ခဲ့သလိုပဲ ဒုတိယကမ္ဘာစစ်ကြီးမတိုင်ခင်က မြန်မာအမျိုးသားရေးလှုပ်ရှားမှုမှာ နိုင်ငံခြားသားဆန့်ကျင်ရေးနဲ့ တိုင်းရင်းသားချင်း နှိမ့်ချတဲ့အမြင်အတွေးတွေ ပါနေခဲ့ပါတယ်။ ရှေးပဒေသရာဇ်ခေတ်နောက်ခံ ထိုးဇာတ်တွေဖြစ်တဲ့ ချင်းဖဝေး နန်းရွှေကျင် စောမွန်လှလို ဇာတ်သီချင်း ဓာတ်ပြားတွေကလည်း မြန်မာနဲ့ တောင်ပေါ်မြေပြန့်မှာ လူကြိုက်များ ကျော်ကြားခဲ့တာပါ။ အဲဒိခေတ်ပေါ်ယဉ်ကျေးမှုတွေရဲ့ သြဇာက စစ်ပီး အနှစ် ၂၀ ၃၀ ကျော်ထိ မြန်မာလူထုရဲ့ စိတ်ယဉ်ကျေးမှုထဲမှာ ထိုးဖောက်တင်ကျန်ဆဲဖြစ်သလို တိုင်းရင်းသားတွေဘက်ကလည်း သူတို့ကို တောသူတောင်သားလူရိုးလူအတွေအဖြစ် သရုပ်ဖော်တာကို အောင့်သက်သက်နဲ့ လက်ခံနေရပါတယ်။ လမ်းစဉ်ပါတီခေတ်မှာ ဟောင်းနွမ်းခေတ်မမီတော့တဲ့ ဒီပဒေသရာဇ်တွေးတွေကို တိုက်ဖျက်ရမယ်ဆိုပီး ဝါဒဖြန့်စာပေတွေနဲ့တိုက်ဖျက်ခဲ့ပေမယ့်လည်း ခြားနားမှုတွေကို ဆွဲမစေ့နိုင်ခဲ့ပါဘူး။ အကြောင်းကတော့


Radio Free Asia သောတရှင်များခင်ဗျာ အရင်တပတ်က ပတ်ဝန်းကျင်အရှေ့တောင်အာရှမှာ အမျိုးသားနိုင်ငံသစ်တွေ စစ်ပီးခေတ်လွတ်လပ်ရေးရချိန်မှာ အလျှိုအလျှိုပေါ်လာတာကို ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ဆိုရင် ရိုးရာကျေးလက်အုပ်ချုပ်ရေးအဆင့်ကနေ စပိန်ယဉ်ကျေးမှုနဲ့ အမေရိကန်ပုံစံ သမ္မတနိုင်ငံဖြစ်လာခဲ့ပီး ခုချိန်ထိ အမေရိကန်နဲ့ ဆက်ဆံရေးနီးကပ်ဆဲဖြစ်ပါတယ်။ တရုတ်ပြည်ကြီးကကော မန်ချူးအုပ်ချုပ်ရေးပျက်တဲ့ချိန်မှာ တပြည်လုံးမှာ အစိတ်စိတ်ကွဲနေတဲ့ စစ်မင်းတွေ ဘုရင်ခံတွေက ယူနိုက်တက်စတိတ်စ်အော့ဖ်ချိုင်းနား တရုတ်ပြည်ထောင်စု ထောင်ပီး လွတ်လွတ်လပ်လပ် ဖက်ဒရယ်ပုံစံအုပ်ချုပ်ဖို့ ကြံခဲ့သေးတယ်လို့ တရုတ်သမိုင်းဆရာတယောက် ပြောသွားတာကို ကြားလိုက်ပါသေးတယ်။ နောက်ပိုင်း ချန်ကေရှိတ် ဂျာမန် ရပ်ရှားစတဲ့ နိုင်ငံကြီးတွေအကူအညီနဲ့ တိုက်ခိုက်သိမ်းသွင်းပီး သမ္မတအာဏာရှင်စနစ်ကို ထူထောင်ခဲ့တာပါ။ အိန္ဒိယကရော မဂိုအုပ်ချုပ်ရေးနောက်ပိုင်းမှာ ဗြိတိသျှပိုင် အိန္ဒိယအင်ပါယာထဲက စော်ဘွားနယ်တွေ တိုက်ရိုက်အုပ်ချုပ်ရာနယ်တွေ နောက် အင်္ဂလိပ်သိမ်းယူထားတဲ့ အာသံ မဏိပူရလိုနယ်တွေပါ ထပ်ပေါင်းပီး ပေါ်ထွန်းလာတဲ့ နိုင်ငံကြီးပါ။ စစ်ပီးမှာတော့ […]


ပုံ http://historicalleys.blogspot.com/ Radio Free Asia သောတရှင်များခင်ဗျား ပဒေသရာဇ်ခေတ်တွေမှာ လူလုံးလူရင်းက စစ်တိုက် လယ်စိုက်ဖို့ကိစ္စမှာ အရေးကြီးတဲ့အတွက် နယ်ချဲ့ပီး အင်အားနည်းတဲ့ဒေသတွေဆီက လူသူစုဆောင်းရတဲ့အကြောင်း အရင်ပတ်က တင်ဆက်ခဲ့ပါတယ်။ ဒီတပတ်မှာတော့ အဲဒိလူအင်အားကို ကျွန်ဈေးကွက်အဖြစ် အသုံးချစီးပွားရှာတဲ့အကြောင်း ဆက်ပြောပါ့မယ်။


My Burma 2

24Nov11

သောတရှင်များခင်ဗျား အရင်ပတ်က စခဲ့တဲ့ တိုင်းရင်းသားနဲ့ နိုင်ငံအရေးကိစ္စကို ဆက်ပြောပါ့မယ်။ မြန်မာမင်းနိုင်ငံက လက်ရှိမြန်မာပြည်ထောင်စုရဲ့အမြုတေဆိုတော့ အဲဒိဘုရင်နိုင်ငံကရော အခုခေတ် နိုင်ငံစံနှုန်းတွေနဲ့ကြည့်ရင် ဘာကွာခြားပါလဲ။ တည်ငြိမ်တဲ့ နယ်နိမိတ်နဲ့ ပြည်သူ အခွန်ကောက်ခံပုံ စာသင်ကျောင်းသင်ရိုး စတဲ့ တပြေးညီအုပ်ချုပ်ရေးစနစ်တွေ ရှိပီလားဆိုရင် မရှိသေးဘူးပြောရပါမယ်။ ဒုတိယနောက်ဆုံးဘုရင် မင်းတုန်းမင်းခေတ်ကစတဲ့ အခွန်ကောက်ခံပုံစနစ်သစ်က အရင် မြို့စားရွာစားစနစ်ကိုပျက်ပြားစေပီး အခြေမခိုင်သေးတာမို့ အခွန်လစ်ဟင်းမှုတွေရှိခဲ့တဲ့အတွက် မအောင်မြင်ဘူးလို့ ပြောရပါမယ်။ တနည်း မြန်မာမင်းနိုင်ငံသားတွေဟာ အစိုးရနဲ့ အမြဲတိုက်ရိုက်ထိတွေ့လိုတဲ့ဆန္ဒမရှိဘူး၊ မြို့ရွာအကြီးအကဲထက်ပိုပီး သူတို့စိတ်ထဲမှာ မြင်မထားနိုင်သေးဘူးလို့ ဆိုပရစေ။


My Burma 1

18Nov11

လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား ဒီတပတ်ကစပီး ရာဇဝင်သမိုင်းကြောင်းနဲ့စပ်လျဉ်းပီး စိတ်ဝင်စားစရာ ခေတ်နဲ့လျော်ညီတာတွေကို ထုတ်နုတ်တင်ဆက်သွားမှာပါ။ ပထမဆုံးအနေနဲ့ နိုင်ငံ နိုင်ငံသား တိုင်းရင်းသားဆိုတဲ့ သတ်မှတ်ချက်တွေ ခေတ်စနစ်အလိုက် ဘယ်လိုပြောင်းလာတယ်ဆိုတာကို ပြောပါမယ်။ ကျနော်တို့ ခုခေတ်လက်ခံနေကြတဲ့ မြန်မာနိုင်ငံဆိုတဲ့ အာဏာပိုင်နိုင်ငံအဖွဲ့အစည်းသဘောတရားဟာ အရင် အနှစ် ၁၅၀ ကျော် အောက်မြန်မာနိုင်ငံ အင်္ဂလိပ်ကျချိန်လောက်မှ အခြေကျပေါ်ထွက်လာတာပါ။ အခုကျနော်တို့ သိမှတ်လက်ခံထားကြတဲ့ နိုင်ငံနယ်နိမိတ်ဆိုတာတွေကလည်း ပီးခဲ့တဲ့ အနှစ်တရာလောက်ကမှ သတ်မှတ်ရေးဆွဲနိုင်ခဲ့တာပါ။ တရုတ်-မြန်မာ နယ်နိမိတ်စာချုပ်ချုပ်တာက ၁၉၆၁ ကမှပါ။ အနှစ် တရာကျော် ကိုလိုနီကာလတလျှောက်လုံးမှာလည်း လူဝင်လူထွက်အပြောင်းအရွှေ့တွေက ကိုလိုနီစီးပွားရေးယန္တရားပေါ်တည်ပီး အပြောင်းအလဲကြီးခဲ့ပါတယ်။ ဒီတော့ နိုင်ငံ နိုင်ငံသားဆိုတာတွေတာနဲ့ ပတ်သက်ပီး ကျနော်တို့ခေါင်းထဲစွဲမြဲခံယူထားတာတွေက ဘယ်မှာ မြစ်ဖျားခံပါသလဲ။


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား မြန်မာရာဇဝင်စာအုပ်တွေရဲ့ စာဖတ်ပရိသတ်လူထုအပေါ် သြဇာကြီးပုံနဲ့ပတ်သက်လို့ တင်ဆက်လာရာမှာ အခုတပတ်မှာတော့ မြန်မာသမိုင်းကော်မရှင်ထုတ် စာအုပ်တွေအကြောင်း တင်ဆက်လိုပါတယ်။ ၁၉၆၀ ၇၀ ၈၀ ကျော်တွေကနေ အခုချိန်ထိ သမိုင်းကော်မရှင်က စာအုပ်စာတမ်းအချို့ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခဲ့ရာမှာ လူဖတ်များ စိတ်ဝင်စားခံရတဲ့စာအုပ်တွေရှိသလို သုတေသီနဲ့ တက္ကသိုလ်လက်သုံးပဲဖြစ်ခဲ့တာတွေလည်းရှိပါတယ်။ ဒီထဲက ထင်ရှားတဲ့တချို့ကို ကောက်နုတ်ပြရရင် ဒေါ်ကြန်ရဲ့ မြန်မာနိုင်ငံအခြေအနေ (၁၈၈၅)၊ ပဒေသရာဇ်မြန်မာနိုင်ငံဇာတ်သိမ်း၊ နောက် အဖွဲ့နဲ့ရေးတဲ့ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးစနစ်ပြောင်းကာလ (၁၉၆၂-၁၉၇၄) ၊ မြဟန်ရဲ့ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ၊ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်၊ ကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ်စတာတွေပါ။ ၁၉၇၀ကျော် နှစ်လယ်ပိုင်းတွေကထွက်တဲ့ ဒေါက်တာရီရီရဲ့ မြန်မာနိုင်ငံအခြေအနေ (၁၇၁၄-၁၇၅၂)ဟာ ညောင်ရမ်းခေတ်ကုန် မြန်မာနိုင်ငံသမိုင်း အင်းဝ-ဟံသာဝတီဆက်ဆံရေးကို အသေးစိတ်လေ့လာပြုစုတဲ့ကျမ်းပါ။


လွတ်လပ်တဲ့အာရှအသံ အရင်ပတ်က တင်ဆက်ခဲ့တဲ့ ပဒေသရာဇ်နွယ်ဝင်တွေရေးတဲ့ မှတ်တမ်းတွေအကြောင်း ဆက်ရရင် ရှမ်းပဒေသရာဇ်တွေအကြောင်း ဗြိတိသျှစာရေးဆရာတဦးရေးခဲ့တဲ့ နာမည်ကျော်စာအုပ်တအုပ်ကို သတိရမိပါတယ်။ သူကတော့ ယိုးဒယားဝှိုက်၊ စန္ဒမာလာ၊ မိဘုရားစော၊ ရခိုင်ဘုရားကြီးစတဲ့ ဝတ္ထုမှတ်တမ်းတွေ ရေးသွားတဲ့ မောရစ်ကောလစ်ပါ။ ရွှေဥဒေါင်း၊ လူထုဒေါ်အမာ၊ အမျိုးသားဦးလှဒင်စသူတွေ ဘာသာပြန်မှီငြမ်းရေးသားခဲ့လို့ သူ့လက်ရာတွေကို မြန်မာစာဖတ်ပရိသတ်က ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထဲက သိကြပါတယ်။ စန္ဒမာလာဝတ္ထုမှာ မြိတ်ရောက် ကနောင်မင်းသားအဆက်အနွယ်တွေအကြောင်း အရိပ်အငွေ့ယူရေးထားပီး မိဘုရားစောမှာတော့ ဘုရင့်အတိုင်ပင်ခံ တရုတ်အမတ်ကြီးနဲ့ မိဘုရားကြိုက်နေသယောင် ထိုးဇာတ်တွေပါနေပါတယ်။ သူကိုယ်တိုင် ရှမ်းပြည်တက်လေ့လာပီးရေးတဲ့ နေဝင်ဘုရင်များစာအုပ်ကတော့ မြန်မာပြည် ခရီးသွားမှတ်တမ်းနဲ့ ဒေသလေ့လာရေးစာအုပ်ကောင်းတအုပ်အဖြစ် ထင်ရှားကျန်ရစ်ပါတယ်။ မြန်မာလို ကွယ်လွန်သူ ဆရာကျော်အောင် ဘာသာပြန်ခဲ့ပီး ဘာသာပြန်အမျိုးသားစာပေဆု ရခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးဖြစ်ခါနီး တရုတ်-ဗမာလမ်းမကြီးဖောက်နေချိန် ဗြိတိသျှအင်ပါယာရဲ့ ချောင်ထဲမှာ အိပ်မောကျနေတဲ့ ရှမ်းပြည်ဟာ စစ်ရိပ်စစ်ငွေ့တွေကြောင့် […]


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား၊ မြန်မာ ရှမ်းပဒေသရာဇ်အနွယ်တွေရဲ့ မှတ်တမ်းသမိုင်းတွေကို ဆက်တင်ပြပါအုံးမယ်။ ဒါတွေက ပြည်ပမှာ အင်္ဂလိပ်လိုရေးသားဖြန့်ချိတာတွေပါ။ လေဆိပ်စာအုပ်ဆိုင်တွေမှာ အရောင်းသွက်စာရင်းထဲပါတဲ့ ခရီးသည်ဖတ်စာအုပ်မျိုးတွေပါပဲ။ ဒီဘက်ခေတ်မှာ ပထမဆုံး စပီးထင်ရှားလာတာက ၁၉၆၂ အာဏာသိမ်းချိန်မှာ ပျောက်ဆုံးသွားတဲ့ သီပေါစော်ဘွားရဲ့ ကျန်ရစ်သူ သြစတြီးယားသူ မဟာဒေဝီရေးတဲ့ My Life as a Shan Princess ပါပဲ။ အရင်က မြန်မာနဲ့ပတ်သက်ပီး လေ့လာစရာ အများပရိသတ်ဖတ်ဖို့ ရွှေရိုးခေါ် ဆာဂျော့စကော့ရဲ့ မြန်မာ (The Burman) ၊ ဒေါက်တာထင်အောင်ရဲ့ မြန်မာ့ရိုးရာပုံပြင်များ၊ သူ့အကို မောင်မြင့်သိန်းရဲ့ မြန်မာ့ရိုးရာသီချင်းများ စတာတွေအပြင် ဘာတီးလစ်တနာ အင်ဒရူးမာရှယ်စတဲ့ အနောက်တိုင်းသားသတင်းစာဆရာတွေရဲ့ တောင်တန်းဒေသ တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်း မှတ်တမ်း ခရီးသွားစာအုပ်တွေပဲ တွေ့ရတတ်ပါတယ်။ ဝင်ဒီလောရုံရဲ့ ဧရာဝတီတန်ဂို […]


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား၊ နဝတခေတ်မှာ အမျိုးသားရေးစိတ်ကို လှုံ့ဆော်မီးထိုးတဲ့ သမိုင်းစာအုပ်တွေအကြောင်း အရင်ပတ်က ပြောခဲ့ပါတယ်။ အဲဒီစာမျိုးကို ရေးသားတဲ့ထဲမှာ စစ်အစိုးရဝန်ထမ်း အစိုးရနဲ့မကင်းတဲ့ ပညာရှင် စာသမားတွေသာမက အတိုက်အခံနိုင်ငံရေးသမားတွေပါ ပါလာပါတယ်။ အထင်ရှားဆုံးတယောက်ကတော့ နောက်ဆုံးမြန်မာဘုရင် သီပေါမင်းရဲ့မြေးတော် တော်ဘုရားကလေးပါပဲ။ တော်ဘုရားကလေးဟာ နဝတခေတ်ထိ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အရေးယူထောင်ချခံရလေ့ရှိတဲ့ လက်ဝဲနိုင်ငံရေးသမားတယောက်ပါ။ ဒါပေမဲ့ သူ့မျိုးရိုးနောက်ခံအရ ဘိုးတော်ကိုနန်းချ တိုင်းပြည်သိမ်းသွားတဲ့ အင်္ဂလိပ်နယ်ချဲ့ကျူးကျော်မှုကို အင်မတန်ဆန့်ကျင်စိတ်များပါတယ်။ ဒါကြောင့် သူရေးတဲ့ သမိုင်းအတွေအကြုံဆောင်းပါးတွေဟာ နယ်ချဲ့လက်သစ်ဆန့်ကျင်ရေးဆိုပီး မြန်မာအတိုက်အခံလှုပ်ရှားမှုကို ထောက်ခံနေတဲ့ အနောက်အုပ်စုနိုင်ငံတွေကို တန်ပြန်ဝါဒဖြန့်ထိုးစစ်ဆင်နေတဲ့ စစ်အစိုးရအာဘော်သတင်းစာဆောင်းပါးတွေနဲ့ လေယူလေသိမ်းဆင်နေတတ်ပါတယ်။


လွတ်လပ်တဲ့အာရှအသံ အရင်အပတ်က စစ်ဗိုလ်ချုပ်ကြီးများရဲ့ ကိုယ်ရေးမှတ်တမ်းတွေကပြောတဲ့ စစ်ဝါဒအကြောင်း ပြောခဲ့ပါပီ။ ဒီတပတ်ဆက်ပြောမှာက အဲဒိဝါဒကို အမှီသဟဲပြုဖို့ မီးထိုးပေးရတဲ့ အမျိုးသားရေးဝါဒသမိုင်းတွေ ဖြစ်ပါတယ်။ တနည်းဆိုရရင် မြန်မာပြည်မှာ ၁၃၀၀ ပြည့်အရေးတော်ပုံခေတ်ကနေ အနှစ် ၅၀ နီးပါး လွှမ်းမိုးခဲ့တဲ့ လက်ဝဲဆိုရှယ်လစ်လမ်းကြောင်းကနေ လက်ယာယိမ်းအမျိုးသားရေးသွေးထိုး နိုင်ငံရေးလမ်းကြောင်းဘက် လူထုတိမ်းညွတ်မှုပြောင်းလာအောင် အာဏာသိမ်းစစ်အစိုးရ ကြိုးစားမှုပါပဲ။ ၈၈ အလွန် မြန်မာစာပေရေစီးကို ပြန်ကြည့်တော့ ဒီသမိုင်းလမ်းကြောင်းသစ်ဖောက်တဲ့ထဲမှာ အစိုးရအလိုတော်ရိပညာရှင်စာရေးဆရာဆိုသူတွေသာမက အစိုးရအတိုက်အခံဆိုသူများပါ မသိစိတ်နဲ့ ပူးပေါင်းမိခဲ့ကြတာကိုလည်း သတိထားမိပါတယ်။ အမျိုးသားရေး ဘာသာရေးစိတ်ဓာတ် မျိုးချစ်ဝါဒဆိုတာ ဝါဒဖြန့်ရအလွယ်ဆုံး လူထုသည်းခြေကြိုက်တွေဖြစ်လို့ပါပဲ။