Archive for February, 2013

အန်ကယ် ဆုံးပီဆိုတော့ ပြန်တွေ့ရဖို့အခွင့်က ဆုံးပီလို့ စိတ်ထဲပေါ်လာပါတယ်။ အရင်ကထဲက ကျန်းမာရေးကြောင့် ဘိလပ်မလာနိုင်တော့ဘဲ စင်္ကာပူတင် ကျန်းမာရေးစစ်နေရတာလဲ သိရဲ့။ ဗမာပြည်က လူကြီးတွေလဲ တဖြုတ်ဖြုတ်နဲ့ အမှည့်ကြွေကြွေကုန်ကြတာလဲ တွေ့ရပါတယ်။ သူနဲ့မရှေးမနှောင်းမှာ သမ္မတစိန်တို့ ဆရာ သမိုင်းအဖွဲ့က ဗိုလ်မှူးကြီးလှရှိန် (အမေရိကန်ပြန် သမိုင်းမဟာဝိဇ္ဇာ)လဲ ဆုံးတယ်။ တပြုံးပြုံးနဲ့ အင်မတန်သဘောကောင်းတဲ့ အန်ကယ်ဦးလှရှိန် မေမြို့စစ်ကျောင်းမှာ ဌာနမှူးဘဝက အိမ်လာလည်ရင်း အိမ်မှာ လူကြီးတွေနဲ့ ရိုက်ထားတဲ့ပုံကို မျက်စိထဲ ပြန်ဖော်ကြည့်တယ်။ ဒီလိုပါပဲ ဟိုဆယ်နှစ်က ဆုံးသွားတဲ့ ဆရာတိုက်စိုး၊ နောက်ဆက်ပီး ကွယ်လွန်ကြလေပီဖြစ်တဲ့ ဒေါက်တာသန်းထွန်း၊ ဆရာမောင်ထင် စတဲ့ကော်မရှင် လူကြီးများကိုလဲ အခုလို သမိုင်း ရာဇဝင် နိုင်ငံရေးဆိုတဲ့ စကားတွေ ပွင့်ထွက်လာချိန်မှာ အင်မတန် အောက်မေ့မိပါတယ်။ ဆရာတိုးလှ ၊ […]