Archive for August, 2011

တပ်မတော်ဘက်က စတင်မီးမွှေးသည်ဟု စွပ်စွဲခံရသော ကိစ္စ ၂ ရပ်က စစ်အာဏာသိမ်းပွဲတွင် လမ်းစထွင်ပေးပုံရှိသည်။ ပထမကိစ္စတွင် စစ်ရုံးအနီး ဆန္ဒပြလူအုပ်ကို ဂိတ်ဝမှ ဖယ်ခိုင်းရာတွင် စစ်ကားတန်းနှင့် ရင်ဆိုင်ရသည်။ ဒေါသထွက်နေသော လူအုပ်က ဓားလှံများကိုင်၍ စစ်ရုံးဝရောက်လာသည်။ ကျောင်းသားခေါင်းဆောင်များနှင့် အတိုက်အခံလူကြီးများ အခြေအနေကို ဖြေရှင်းပေးရသည်။ စက်တင်ဘာ ၁၇ တွင်လည်း ကုန်သွယ်ရေးရုံးက တပ်သားတစု ဆန္ဒပြလူအုပ်ကို ပစ်ခတ်ရာ အနာတရရကြသည်။ ဤတခါ အခြေအနေပိုဆိုးသွားပီး တမြို့လုံးက ဘတ်စ်ကားများနှင့် ဆင်းလာသောလူများ ရုံးကိုဝိုင်းကြသည်။ ရဟန်းတချို့ စစ်သားများကို လက်နက်ချဖို့ဝင်ဖျောင်းဖျပီး ခေါ်ထုတ်သွားရသည်။ လျစ်လျူမရှုနိုင်တော့သော အာဏာသိမ်းဖို့ အကြောင်းပြစရာများဟု တပ်ဘက်က ယူဆသည်။ တနင်္ဂနွေနေ့ညနေတွင် စစ်ကားများ ရန်ကုန်မြို့ထဲ တပ်စွဲကာ ရေဒီယိုမှ အာဏာသိမ်းကြောင်းကြေညာသည်။ ည ၈ နာရီမှ […]


ဒေါက်တာဆာစံစီပိုး (၁၈၇၀- ၁၉၄၆) M.D. (Albany), ဥပဒေပြုကောင်စီအမတ်၊ ဝှိုက်ကော်မတီဝင်၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ (၁၉၂၅)၊ အထက်လွှတ်တော်အမတ်၊ ဂျပန်ခေတ်အတိုင်ပင်ခံလွှတ်တော်အမတ် ဒေါက်တာဘရင် (၁၈၈၄- ၁၉၇..) M.B., Ch. B., (Edin.), ဝိုင်အမ်ဘီအေတည်ထောင်သူတဦးနှင့် ဥက္ကဋ္ဌ၊ အမျိုးသားကောလိပ်ကျောင်းအုပ်၊ ရန်ကုန်မြို့ ပထမ မြန်မာမြို့တော်ဝန်၊ ဒိုင်အာခီခေတ် ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဝန်ကြီးချုပ် ဒေါက်တာသိန်းမောင် (၁၈၉၁- ၁၉၄၆) B.A. (Cal.), M.M.F. (Bengal); မြန်မာပြည် ဆေးဘွဲ့ရများအနက် ပထမဆုံးပုဂ္ဂလိကဆရာဝန်၊ သီပေါခေတ် အမြောက်ဝန်သမက် ၊ လတ်သခင်ယောက်ဖ၊ အမျိုးသားပညာရေးနှင့်ဆေးကောင်စီဝင်၊ ဥပဒေပြုအမတ်၊ ၂၁ ဦးပါတီ ဆော်သြသူ ၊လန်ဒန်မျက်နှာစုံညီဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့ဝင်(၁၉၃၁-၃၂)၊ အိန္ဒိယဥပဒေပြုအမတ် (၁၉၃၄)၊ ရန်ကုန်မြို့တော်ဝန်၊ မြန်မာကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ် (၁၉၃၇-၃၉)၊ မြန်မာ့ဘေးနှင့်လူဝင်လူထွက်အရေး […]


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား၊ ယခင်အပတ်က ဒေါက်တာသန်းထွန်းရဲ့ ရာဇဝင်ဝေဖန်မှုအကြောင်းပြောခဲ့ပါတယ်။ အဲဒိ ခေတ်ဟောင်းမြန်မာရာဇဝင် စာအုပ်နိဒါန်းမှာပဲ ဒေါက်တာသန်းထွန်းက ရာဇဝင်ကိုအသုံးချပီး ဝါဒဖြန့် လူထုအမြင်ကို လွှမ်းမိုးတဲ့အလေ့အထတွေအကြောင်း ရှင်းပြပါတယ်။ ကိုလိုနီအစိုးရက မြန်မာပြည်ကို တိုက်ခိုက်သိမ်းရတဲ့အကြောင်းနဲ့ပတ်သက်ပီး အင်္ဂလိပ်ကိုလိုနီဝါဒီတွေရေးတဲ့ ရာဇဝင်စာအုပ်တွေမှာ ပေးလေ့ရှိတဲ့အကြောင်းပြချက်က မြန်မာမင်းဟာ ရက်စက်ကြမ်းကြုတ်တယ် တရားသဖြင့်အုပ်ချုပ်တဲ့ အင်္ဂလိပ်တွေကြောင့် မြန်မာတွေ ကြီးပွားတိုးတက်အေးချမ်းလာပါသတဲ့။ အင်္ဂလိပ်ခေတ်မှာလူဖြစ်တဲ့ မြန်မာကြီးများရဲ့ အပြောအဆိုတွေမှာ ဒီအမြင်မျိုးပါလာတတ်တယ်လို့ ဒေါက်တာသန်းထွန်းက သုံးသပ်ပါတယ်။ လူထုဒေါ်အမာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ရေးခဲ့တဲ့ တို့ပယောဂဆိုတဲ့ဆောင်းပါးတပုဒ်မှာ ကောလိပ်ကျောင်းသူ တဦးနှင့် မြန်မာပြည်၏ လွတ်လပ်ရေးစကားစမိကြရာ၊ ထိုမိန်းကလေးက “လွတ်လပ်ရေး ဘာလုပ်ဘို့လဲရှင့် အင်္ဂလိပ် အုပ်စိုးနေတာ အကောင်းသားဘဲ။ ကျွန်မတို့ လက်နက်လဲ ဘာမရှိ၊ ညာမရှိနဲ့ ကိုယ့်ဘာသာ အုပ်စိုးနေရင် တရုပ်တွေ ဂျပန်တွေက ဝိုင်းတိုက်ကုန်မှာပေါ့။ […]


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား။ ဖဆပလခေတ် သမိုင်းပညာရှင်တွေအကြောင်း ပြန်ဆက်ရရင် ဒီ ၁၉၅၀ ကျော်ကာလ ကိုရီးယားစစ်အတွင်း ဆန်ဈေးကောင်းခဲ့ရာက မြန်မာအစိုးရမှာ ပြည်ပငွေပိုလျှံပီး အနောက်နိုင်ငံတွေကို ပညာတော်သင်တွေ စေလွှတ်ခဲ့ပါတယ်။ စေလွှတ်ရာမှာလည်း တိုင်းပြည် ထူထောင်ရေးမှာ အသုံးကျမယ့် ဘာသာရပ်ပေါင်းစုံပါဝင်ပါတယ်။ တိုင်းပြည်တခုရဲ့ လမ်းကြောင်း အနာဂတ်ကိုပဲ့ပြင်ရာမှာ အရေးကြီးတဲ့ သမိုင်းပညာရပ်အတွက်လည်း အင်္ဂလန် အမေရိက တက္ကသိုလ်ကြီးတွေကို စေလွှတ်သင်ကြားစေခဲ့တာပါ။ အဲဒီထဲမှာ မြန်မာသမိုင်းလေ့လာရေးအတွက် အစဉ်အလာ ကြီးတဲ့ လန်ဒန်တက္ကသိုလ်နဲ့ စစ်အေးခေတ်သြဇာချဲ့ထွင်ရေးမှာ အရေးကြီးတဲ့ အရှေ့တိုင်းနိုင်ငံများ လေ့လာရေးကို စောက်ချလုပ်ကိုင်နေတဲ့ အမေရိကန်တက္ကသိုလ်တွေဆီ လွှတ်တာဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်တွေမှာ ပညာသင်ခဲ့တဲ့ မြန်မာသမိုင်းပညာရှာတွေထဲက နောင်မှာ သမိုင်းဌာနတွေကို ဦးစီးလုပ်ကိုင်ရတဲ့ ပညာရှင်ကောင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် ပြည်ပပြန်ထွက်သွားသူတွေရှိပေမယ့် မြန်မာပြည်မှာအခြေချပီး သမိုင်း သုတေသန ကိုစူးစိုက် လေ့လာ […]


လွတ်လပ်တဲ့အာရှအသံ သောတရှင်များခင်ဗျား။ ဒီတပတ်ဆက်ပြောမှာက လွတ်လပ်ပီးခေတ် မြန်မာအစိုးရက မြန်မာသမိုင်းပြန်လည်ပြုစုရေးမှာ ပါဝင်ခဲ့တဲ့ သမိုင်းပညာရှင် အရာရှိကြီးများအကြောင်းနဲ့ မြန်မာသမိုင်းကော်မရှင်အကြောင်းဖြစ်ပါတယ်။ ဗိုလ်မှူးဘရှင်ဆိုတဲ့ ဗြိတိန်စစ်သံမှူးဟောင်း သမိုင်းပညာရှင် ဒေါက်တာလုစ်ရဲ့ တပည့်ရင်းပုဂ္ဂိုလ်ကြီးကို သောတရှင်များကြားဘူး ဖတ်ဖူးကြမယ်ထင်ပါတယ်။ ကွယ်လွန်တာကြာခဲ့ပေမယ့် သူ့လက်ရာတွေက ကျန်ရစ်ထင်ရှားဆဲပါ။ သူက စစ်မဖြစ်ခင် ကောလိပ်ကျောင်းမှာတုန်းက ကျေးလက်ပြုပြင်ရေးလုပ်ငန်းတွေမှာ တက်ကြွခဲ့သူပါ။ စစ်တွင်း အာရှလူငယ်အစည်းအရုံး ဥာဏဗလတာဝန်ခံ၊ ဗမာ့ကာကွယ်ရေးတပ်မတော် ပညာရေးဌာန သမိုင်းဆရာလုပ်ခဲ့ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမိုင်းဆိုတဲ့စာအုပ်ကို နန်းရင်းဝန်သခင်နု ဗမာ့တပ်မတော်က ဗိုလ်မှူးကြီးကျော်ဇောတို့အမှာတွေနဲ့ လွတ်လပ်ရေးရတဲ့နေ့မှာ ထုတ်ခဲ့ပီး ရာဇဝင်မင်းဆက်တွေအကြောင်းထက် နိုင်ငံနဲ့ လူတွေအကြောင်း ပြောင်းလဲပုံကို ရေးမယ်ဆိုပီး သမိုင်းစကားလုံးကို လူသုံးများအောင် နှိုးဆော်ခဲ့သူပါ။ သူက တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးကထုတ်တဲ့ မြဝတီမဂ္ဂဇင်းနဲ့ တချိန်ထဲလို စာပေဗိမာန်ထုတ် စွယ်စုံကျမ်းအတွဲတွေမှာ တိုင်းရင်းသားလူမျိုးတွေအကြောင်း၊ မြန်မာနဲ့ အရှေ့တောင်အာရှခေတ်ဟောင်းသမိုင်းတွေ အကြောင်း […]


အနီးသမိုင်းဟု ထင်ခဲ့စေကာမူ ၂၀ အောက်တန်း လူငယ်များအတွက်ကား ၈၈ အရေးအခင်းမှာ ယုံတမ်းသဖွယ်ဖြစ်နေလေပီ။ ကျနော်တို့ရွယ် ၃၀ တန်းများလောက်သာ အရေးအခင်းတုန်းက ဟူသော အသံကြားတိုင်း လတ်ဆတ်သော မကျေမချမ်းမှုများ ပေါ်လာစမြဲ။ လမ်းမပေါ်မှ ပျောက်ကွယ်သွားသော လူစုလူဝေးကြီး၏အသံများကို ပြန်ကြားဆဲ။ မကြုံဘူးသူများမှာကား ဘုန်းကြီးဆန္ဒပြပွဲ ကျမှ နိုင်ငံရေးမူလတန်းကို အောင်စာရင်းထွက်ခဲ့ကြသည်မဟုတ်ပါလား။ သို့မဟုတ်က နှစ်ပေါင်းကြာညောင်းအောင် လူတွေထောင်ကျ တောခို ထွက်ပြေး ရေဒီယိုမှ စကားပြောနေကြတာ ဘာကြောင့်ဆိုတာ နားမလည်နိုင် သီချင်းတပုဒ် ဂိမ်းတခုလောက်မှ စိတ်မဝင်စားနိုင်သူတွေသာ များလာလိမ့်မည်။ ခေတ်မတူ ဘဝမတူ၍ ခံစားချက်ချင်းကား တူပေမည်မဟုတ်။ သို့သော် ဤတိုင်းပြည်တွင် နေထိုင်သူတိုင်း ဆင်းရဲမွဲတေမှု၊ ဖိနှိပ်အကျင့်ပျက်မှု၊ ခေတ်နောက်ပြန်ဆွဲမှု အဆိုးကျော့သံသရာကြီးကို မသိနိုးနားလုပ်ထား၍ မရစကောင်း။ ထို့ကြောင့် လူတိုင်း နိုင်ငံရေးနားမလည်သော်လည်း […]


မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီး တော်တော်များများ နဲ့ ပြည်နယ် မြို့တော် အများအပြားမှာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေကို တည်ဆောက်ထားသလို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင် တက္ကသိုလ်တွေ တည်ဆောက်ထားတာက မရေမတွက်နိုင်အောင်လောက်ကို များပြားလှပါတယ်။ အဲဒီလို တက္ကသိုလ်တွေကို ဒေသအများအပြားမှာ တည်ဆောက်တယ်ဆိုတာက ပတ်ဝန်းကျင်မြို့ရွာမှာ နေတဲ့ကျောင်းသူကျောင်းသားတွေ လွယ်လင့်တကူ ပညာသင်နိုင်ရေးနဲ့ အဲဒီဒေသတွေ ဖွံ့ဖြိုးရေးအတွက် ဖြစ်တဲ့အကြောင်း အာဏာပိုင်တွေက ပြောကြပါတယ်။ တကယ်ဘဲ အဲဒီတက္ကသိုလ်တွေရဲ့ ပတ်ဝန်းကျင်မြို့ရွာတွေ ကနေ ကျောင်းလာတက်တဲ့ ကျောင်းသူကျောင်းသားတွေ အဆင်ပြေပြေနဲ့ ပညာသင်ကြားနိုင်ကြပီလားလို့ မေးလာရင်…။ အဲဒီတက္ကသိုလ်ရဲ့ ဘေးပတ်ဝန်းကျင် အရပ်ဒေသက လာတက်တဲ့ ကျောင်းသူကျောင်းသားတွေ နေနိုင်တဲ့ လူနေဆောင်တွေ မဆောက်ပေးတော့ ကျောင်းသူကျောင်းသားတွေရဲ့ နေရေးထိုင်ရေးမှာ အတော့်ကို ကသိကအောင့် […]