(ဘေ)မောင်တင် ပရိုဖက်ဆာရာပြည့်
ကမ္ပည်းကျောက်စာဝန်နေရာရွှေ့သွားသော ပြင်သစ်လူမျိုး ဒူရွိုင်ဇယ်၏ ရန်ကုန်ကောလိပ် ပါဠိပရိုဖက်ဆာဆရာကြီးနေရာတွင် ရန်ကုန်ဟိုက်စကူးကျောင်းဆရာကြီး ၂၄ နှစ်ရွယ်သူ မန္တလေးတောင်ခွင်သာသနာပိုင်မြေး မြန်မာခရစ်ယာန် မောင်တင် (အမ်အေ၊ ကာလကတ္တား)ကို ဟိုနှစ်တရာက ခန့်ထားသည်။ ဘားနတ်ပိဋကတ်တိုက်အုပ်၊ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် အယ်ဒီတာချုပ်၊ လန်ဒန်ပါဠိအသင်း အရှေ့တိုင်းကိုယ်စားလှယ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲစစ်အရာရှိတာဝန်များလည်းယူရသည်။
၁၉၂၀ တွင် မောင်တင်ကို အောက်စဖို့ဒ်ပို့၍ ဘီလစ် စာပေဘွဲ့ယူစေရာ အဋ္ဌသာလိနီခေါ် အဘိဓမ္မာ အဋ္ဌကထာကျမ်းနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းများကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ဘွဲ့ယူခဲ့သည်။
ထိုဘွဲ့ရဘူးသူ သူ့နောက်တွင် ဒေါ်မြစိန်၊ ဒေါက်တာထင်အောင်နှင့် မင်းသုဝဏ်တို့ဖြစ်သည်။ ဘိလပ်တွင် အင်္ဂလိပ်စာပေနှင့် မြန်မာစာပေ သဘောကို ဆင်ခြင်မိရာမှ ရှေးဟောင်းစာပေကို ပြန်လည်ဖော်ထုတ်ရန် စိတ်ကူးပေါက်သည်။ ခေတ်မီမြန်မာစာပေသစ်ကို ဖန်တီးရန်လည်း အကြံရသည်။ အောက်စဖို့ဒ် ဗော့ဒလီယန်စာကြည့်တိုက်၊ လန်ဒန် ဗြိတိသျှစာကြည့်တိုက်၊ အိန္ဒိယပြတိုက်၊ အိန္ဒိယရုံးစာကြည့်တိုက်တို့တွင်ရှိ မြန်မာပုံနှိပ်စာအုပ်များနှင့် ပေပုရပိုက်များ ရှာဖွေကာ မှတ်စုရေးသားစုဆောင်းခဲ့သည်။ Continue reading ‘(ဘေ)မောင်တင် ပရိုဖက်ဆာရာပြည့်’
Filed under: anniversaries, education, literature, nationalism | 2 Comments
ရွှေစလွယ် ငွေစလွယ်
ဖဆပလအစိုးရက အလည်အပတ်ချစ်ကြည်ရေးရောက်ရှိလာသော ပြည်ပခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ဘွဲ့ထူးများအပ်နှင်းတတ်သလို အပြန်အလှန်ချီးမြှင့်မှုများလည်းရှိသည်။
အဂ္ဂမဟာသီရိသုဓမ္မ ယူဂိုစလားဗီးယားသမ္မတ မာရှယ်တီးတိုး ၁၉၅၅ (ရန်ကုန်တက္ကသိုလ်ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့နှင်း)
။ ယိုးဒယားဝန်ကြီးချုပ် မာရှယ်ဆွန်ဂရမ် ။
။ ရေတပ်ဗိုလ်ချုပ်ကြီးမောင့်ဘက်တန်အော့ဖ်ဘားမား ၁၉၅၆
။ ယိုးဒယားဘုရင် ဖူမိဖုံ အဒူရဒတ်ခ်ျ ၁၉၆၀
အဂ္ဂမဟာမေတ္တာသီရိဓရ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း ၁၉၆၁ (တရုတ်-မြန်မာနယ်နိမိတ်စာချုပ်အထိမ်းအမှတ်)
သတိုးသီရိသုဓမ္မ ဂျေအက်စ်ဖာနီဗယ် ၁၉၅၀ Continue reading ‘ရွှေစလွယ် ငွေစလွယ်’
Filed under: history, politics | Leave a Comment
၂၀၁၂ မှတ်တရ
၂၀၀ ပြည့်
ဆီးပန်းနီဆရာတော် (မြန်မာ ၁၁၇၃-၁၂၅၀) ဇန်နဝါရီ ၉
စလေဦးပုည (မြန်မာ ၁၁၇၄၊ ၁၁၇၅၊ ၁၁၇၈ – ၁၂၂၉) ၁၉၆၃ က ၁၅၀ ပြည့်ကျင်းပ
ရာပြည့်
ဂျာနယ်ကျော်ဦးချစ်မောင် (၁၉၁၂-၁၉၄၆) ဇန်နဝါရီ ၁
ရွှေကိုင်းသား (၁၉၁၂-၁၉၈၇) ဇန်နဝါရီ ၅
မဟာသီရိသုဓမ္မဒေါ်ခင်ကြည် (၁၉၁၂-၁၉၈၈) ဧပြီ ၁၆
ပန်းချီဦးဘကြည် (၁၉၁၂-၂၀၀၀) ဇူလိုင် ၁၆ Continue reading ‘၂၀၁၂ မှတ်တရ’
Filed under: anniversaries, history, literature, politics | 8 Comments
D.G.E. Hall Scholarship
Deadline: 31 January 2012
There is one D.G.E Hall Scholarship for applicants who are proposing to register full-time for taught Masters programmes at SOAS in the academic session 2012/13.
The scholarship is shared with International Student House (ISH). The minimum value of the scholarship provided by SOAS will be £12,000 but the total value will be confirmed once the level of the School’s funding for 2012/13 is confirmed. In addition, ISH provides free accommodation together with a small contribution in food vouchers to be spent in the ISH restaurant.
Eligible Programme
Any full-time Masters programme
Part-time programmes are not eligible
Candidate Criteria
Applicants must possess a good honours degree from a U.K. university or equivalent recognized by the School. Candidates in their final year of study for a first degree are invited to apply.
Open only to those holding a Burma/Myanmar passport. Continue reading ‘D.G.E. Hall Scholarship Deadline: 31 January 2012’
Filed under: education, news | Leave a Comment
ရာထူးအကြီးဆုံးကဗျာဆရာ
Illustration by Aung Soe
မြန်မာရိုးရာတေးများ မြန်မာဆိုရိုးစကားစသည်တို့ကို အောက်စဖို့ဒ် စင်္ကာပူတို့မှ ရိုက်နှိပ်ထုတ်ဝေခဲ့သော စာရေးဆရာမောင်မြင့်သိန်းရှိသေးလျှင် ၁၁၁ နှစ်ပြည့်ခဲ့လေပီ။
စာပေနှင့် မနုဿဗေဒ ပညာရှင် ဒေါက်တာထင်အောင်နှင့် မြန်မာ အင်္ဂလိပ်စာပေဌာနများက မူ ညီအမများ၏အကိုလေး ဦးမြင့်သိန်း (၁၉၀၀-၁၉၉၄)မှာ အင်္ဂလိပ်ခေတ်
ATM, OBE နှင့် ဒိန်းမတ်အစိုးရပေးသော ဘွဲ့များ၊ မြန်မာအစိုးရဝန်ထမ်းများအတွက် အမြင့်ဆုံး အဂ္ဂမဟာသရေစည်သူနှင့် ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ခံ နောက်ဆုံးလွှတ်တော်ချုပ်
တရားဝန်ကြီးချုပ်လည်းဖြစ်သည်။ ကိုမင်တန်အရေး ကုလသမဂ္ဂတွင်အရေးဆိုခဲ့သော မြန်မာကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် သူ့ကိုပိုမှတ်မိကြမည်။ သူ့နောက် ကိန်းဘရစ်ခ်ျမှ မဟာဝိဇ္ဇာဘွဲ့ယူသော ရှမ်းအစိုးရဝန်ကြီးချုပ်နှင့် ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချိုနှင့်ရင်းနှီးမှုကိုအကြောင်းပြု၍ ၁၉၆၂ အာဏာသိမ်းချိန်တွင် ၅ နှစ်မျှအထိန်းသိမ်းခံခဲ့ရသည်။ ထောင်ကျစဉ် ငယ်ပေါင်းဇနီးသည် ဝတ်လုံဒေါ်ဖွားမှီမမာ၍ ဆုံးသည်ထိ ထွက်ပြုစုခွင့်ရလိုက်သည်။ ထောင်ထဲတွင် မှတ်မိသလောက်ပြန်ဆိုထားသောကျေးလက်ကဗျာများကို ဘိလပ်တွင်ရိုက်နှိပ်သည်။ လက်မွန်မဆွ ၁၉၅၀ကျော်ထဲက တရားဝန်ကြီး ဦးမြင့်သိန်း၏ကဗျာများကို ဒေါက်တာမောင်မောင်ထုတ်ဝေသော ဂါးဒီးယန်းအင်္ဂလိပ်မဂ္ဂဇင်းတွင် တွေ့နေရသည်။ Continue reading ‘ရာထူးအကြီးဆုံးကဗျာဆရာ’
Filed under: literature, politics | 2 Comments
ငှက်ငယ်ပမာ ငါလျှင်လှည့်ပတ်
စာတကာ့စာ ဘယ်စာကြိုက်ဆုံးမေးလာလျှင် ခရီးသွားနှင့် ပြဇာတ်ဟုဖြေရမည်။ ဤ ၂ မျိုးမှာ အချီအချနှင့် ရွှင်ရွှင်သွက်သွက်နိုင်ခြင်း၊ ခြေဦးတည့်ရာလည်ပတ်ဂျပိုးထိုးနိုင်ခြင်းဟူသော ဂုဏ်သတ္တိများနှင့်ပြည့်စုံသည်ဟု ယူဆသည်။ သို့သော် ယနေ့ခေတ်တွင် ရှေးကထက် သွားရေးလာရေးလွယ်လာသော်လည်း လူတွေ ခြေချုပ်ပိုများလာသည် ထင်ပါသည်။ အင်တာနက်က လူတွေကို မသိစိတ်က ချုပ်ကိုင်ထားသလို စီစဉ်တကျခရီးစဉ်များနှင့် အချိန်အနှောင်အတုပ်များက ရှေးကလို အညာဘုရားဖူး ၂ ပတ် ဆိုတာမျိုး ပေတရာထိပ်ကျိန်းလုပ်ဖို့ အခြေအနေမပေးတော့ပါ။ Continue reading ‘ငှက်ငယ်ပမာ ငါလျှင်လှည့်ပတ်’
Filed under: media, travel | 1 Comment
ရန်ကုန်စည်သူကျော်ထင်
ဂျပန်ခေတ်အဓိပတိကြီး၏စာဆိုတော်ဘွဲ့ရ ရွှေတိုင်ညွန့်သမီး အဆိုတော်ထားအပါအဝင် ဂီတသဘင်ရုပ်ရှင်စာပေသမားပညာရှင်များကို အစိုးရသစ်က စည်သူဘွဲ့နှင်းသဖြင့် ယခင်က အလားတူရခဲ့ဘူးသူများစာရင်းကို ကူးယူဖော်ပြပါသည်။
အလင်္ကာကျော်စွာ
ဦးလွန်း (သခင်ကိုယ်တော်မှိုင်း) ၁၉၅၀
ဦးဟန်ပ (ဆိုင်း) ၁၉၅၃
စောင်းဆရာငြိမ်း
ပတ္တလားဆရာဘကလေး (မန္တလေး)
ဒေါ်စောမြအေးကြည်
ပန်းချီဦးငွေကိုင်
ရွှေမန်းတင်မောင် Continue reading ‘ရန်ကုန်စည်သူကျော်ထင်’
Filed under: arts and culture, history, literature, media, note, politics | 3 Comments
Monk historians in Mandalay
On the 5th of January, 2012, Burmese writers, researchers and reporters gather near Mandalay to commemorate birth anniversaries of the local monk historians (hsayadaws).
Ko Pannya from Amarapoora who hosted literary events and memorial stones in his monastery near Taungthaman Lake, resisting the junta’s pressure for years.
Shwegaitha (1912-1987) of Sagaing Hill
from Nyo Gyi Facebook
The monks with magnanimous knowledge on Burmese arts and archaeology and served as local pundits for foreign researchers since 1950s, contributing their research articles in Burmese press. Long live the trend of Burmese traditional scholars who passed treasures from the old feudal courts and monasteries to the public and academia!
Filed under: arts and culture, literature | Leave a Comment
နှစ်ပေါင်း ၅၀
ဗမာပြည်နိုင်ငံရေးရာဇဝင်တွင် ဗြိတိသျှအုပ်စိုးမှုနောက် အကြာဆုံးကာလရှည်ကြီးဟု ဆိုလောက်သော စစ်အုပ်စိုးမှုခေတ် (၁၉၆၂ စ)နှင့်ပတ်သက်ပီး အမြင်မျိုးစုံကွဲပြားနိုင်သော်လည်း နိုင်ငံရေးလွတ်လပ်ခွင့်နည်းခြင်းနှင့်ပတ်သက်ရွေ့ကား မည်သူမျှ ငြင်းချက်မထုတ်နိုင်။ အဘယ်ကြောင့်ထိုမျှ စစ်တပ်ခေတ်ရှည်ကြာရသနည်းမေးလာရလျှင် လက်နက်နှင့်ဖိစိုးမှုအပြင် အခြားစဉ်းစားစရာအချက်များရှိသေးသည်ကို မမေ့သင့်။ လူမျိုးစုကွဲပြားမှုပြဿနာကို လက်ညှိုးထိုးသည်ကမဆန်း၊ အာဏာပိုင်များကိုယ်နှိုက်သုံးနေကျအကြောင်းပြဖြစ်သည်။ (လူမျိုး ၁၃၅ မျိုးလုံးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းလာနိုင်သည်ဟု စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်စောမောင်က မိန့်ခွန်းပေးဘူးသည်)။ မြန်မာ့နိုင်ငံရေးအလေ့၏ ပဒေသရာဇ်ဆန်မှု၊ ခေါင်းဆောင်ပေါ်မှီခိုမှု ဤအချက်များကလည်း ပြောရိုးပြောစဉ် ဖြစ်နေလေပီ။ ဗုဒ္ဓဘာသာသြဇာ၊ လူမျိုးခြားမုန်းတီးမှု၊ ကွန်မြူနစ်ဝါဒသြဇာ၊ ပညာရေးနှင့်အခြေခံယန္တရားများချို့ငဲ့မှု၊ လက်ညှိုးထိုးစရာများက ပေါလွန်းလှသည်။ ကျွနု်ပ်တို့ စဉ်းစားရန်မေ့နေတတ်သည်က တချက်ရှိသည်ဟု ထင်သည်။ ယင်းကား မီဒီယာခေါ် လူထုဆက်သွယ်ရေးနည်းလမ်းများမှ နိုင်ငံရေးကိုကြိုးကိုင်လိုသည့် အင်အားစုများကြားလွန်ပွဲဖြစ်သည်။ တနည်း စစ်အာဏာသိမ်းမှုမတိုင်မီက တိုင်းပြည်အနေအထားကို ရှုထောင့်စုံအောင် မစဉ်းစားပဲ ဦးနု၏ပြည်တော်သာခေတ်ကြီးကို စစ်ဓားပြတိုက်မှုဟု သုံးသပ်ခြင်း၊ တိုင်းပြည်ပြိုကွဲမည့်ဘေးမှကယ်တင်လိုက်ရခြင်းစသည့် ဘက်ပါသည့်အမြင်များက အများမီဒီယာတွင် ကြီးစိုးနေခြင်းဖြစ်ပါသည်။ Continue reading ‘နှစ်ပေါင်း ၅၀’
Filed under: anniversaries, history, politics | Leave a Comment
Recent Entries
Categories
- anniversaries (33)
- arts and culture (16)
- book review (1)
- Burmese women (5)
- education (29)
- family (19)
- guest column (7)
- history (99)
- interview (2)
- letter (1)
- literature (36)
- media (23)
- nationalism (36)
- news (9)
- note (8)
- obituary (8)
- opinion (2)
- photograph (1)
- politics (75)
- radio talk (39)
- recycled (37)
- State and Religion in Burma (2)
- talk (1)
- travel (3)










